(Unicode)

မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ MRTV 4 ရုပ်သံလိုင်းက ထုတ်လွှင့်တင်ဆက်တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲမှာ မေပျိုဖြူအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဆေးစက်ကျရာ အရုပ်ထင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်တာကြောင့် ပရိတ်သတ် အားပေးမှုကို ရရှိထားသူပါ။



ဇာတ်လမ်းတွဲကတော့ မကြာခင်မှာပဲ ဇာတ်သိမ်းခန်းကို ရောက်ရှိတော့မှာ ဖြစ်ပြီး အခုချိန်ကတော့ ဇာတ်လမ်းရဲ့ ကောင်းခန်းကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဖြူစင်သူ မေပျိုဖြူနေရာကနေ သရုပ်ဆောင်ကာ သူမကို လိမ်လည်နေတဲ့သူတွေကို အရမ်းကို နာကျည်းနေတဲ့ ကောင်မလေးဖြစ်ပြီး အခုချိန်မှာ အကုန်လုံးကို စိတ်နာနေခဲ့တာပါ။


နာကျည်းချက်ကြောင့် မင်းသား ကျော်ထက်ဇော်ကို ပါးရိုက်ရတဲ့ ဇာတ်ဝင်ခန်း သရုပ်ဆောင်တဲ့ အခါ တကယ် ရိုက်ရတာ ဖြစ်တဲ့အတွက်ကြောင့် မင်းသားကို အားနာမိကာ ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။ သူမရဲ့ လက်သံက ပြောင်တဲ့အတွက်ကြောင့် တကယ်ရိုက်ရတဲ့အခါ မင်းသား အနေနဲ့ အရမ်းကို နာမှာလို့လည်း ဆိုပါတယ်။



အဆိုပါ ဇာတ်ဝင်ခန်းနဲ့ ပက်သက်ပြီး သူမရဲ့ အကောင့်မှာ အခုလို ရေးသားခဲ့ပါတယ်။ ” ကိုကျော် Kyaw Htet Zaw တကယ်လေးစားတယ်.. ကိုယ်ကလေ.. အရမ်းလက်သံပြောင်တယ်ကိုယ်စနောက်ပြီးရိုက်တာတောင် တော်ရုံမခံနိုင်ဘူး ဒါကြောင့်နောက်ပိုင်းသူများတွေတောင်မစဘူး ပါးရိုက်တဲ့ scene တွေဆို သံသာကတကယ်မရိုက်ဘူး..


ဒါရိုက်တာကလည်းတကယ်အစစ်ပဲလိုချင်တယ်ဆိုတော့ ကိုကျော်ထက်စိတ်ညစ်တာကိုယ်ပါ.. ကိုယ့်လက်သံနဲ့ဆိုသူတစ်ရက်ကတော်တော်အီမာကို.. ဘယ်လိုမှလျှော့ရိုက်လို့မရဘူး အခါခါများလာတော့ လက်လျှော့တောင်းပန်ပီး တကယ်ရိုက်ရတော့တာပဲ.. ကိုကျော်လည်းတကယ်ကိုအနာခံပြီးသရုပ်ဆောင်တာပါ.. ကိုကျော်ရေအနာခံပေးလို့ကျေးဇူးပါ 😢😢” ဆိုကာ ရေးသားခဲ့တာ ဖြစ်ပါတယ်။



ပရိတ်သတ်ကြီးလည်း အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲရဲ့ မေပျိုဖြူလေးကို ချစ်ကြလားဆိုတာ ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။



(Zawgyi)


မင္းသမီးေခ်ာေလး သံသာမိုးသိမ့္ကေတာ့ MRTV 4 ႐ုပ္သံလိုင္းက ထုတ္လႊင့္တင္ဆက္တဲ့ အခ်စ္ဖြဲ႕ေလညင္း ဇာတ္လမ္းတြဲမွာ ေမပ်ိဳျဖဴအျဖစ္ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ သဘာ၀က်တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ ေဆးစက္က်ရာ အ႐ုပ္ထင္တဲ့ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ ျဖစ္တာေၾကာင့္ ပရိတ္သတ္ အားေပးမႈကို ရရွိထားသူပါ။


ဇာတ္လမ္းတြဲကေတာ့ မၾကာခင္မွာပဲ ဇာတ္သိမ္းခန္းကို ေရာက္ရွိေတာ့မွာ ျဖစ္ၿပီး အခုခ်ိန္ကေတာ့ ဇာတ္လမ္းရဲ႕ ေကာင္းခန္းကို ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။ ျဖဴစင္သူ ေမပ်ိဳျဖဴေနရာကေန သ႐ုပ္ေဆာင္ကာ သူမကို လိမ္လည္ေနတဲ့သူေတြကို အရမ္းကို နာက်ည္းေနတဲ့ ေကာင္မေလးျဖစ္ၿပီး အခုခ်ိန္မွာ အကုန္လုံးကို စိတ္နာေနခဲ့တာပါ။


နာက်ည္းခ်က္ေၾကာင့္ မင္းသား ေက်ာ္ထက္ေဇာ္ကို ပါး႐ိုက္ရတဲ့ ဇာတ္ဝင္ခန္း သ႐ုပ္ေဆာင္တဲ့ အခါ တကယ္ ႐ိုက္ရတာ ျဖစ္တဲ့အတြက္ေၾကာင့္ မင္းသားကို အားနာမိကာ ေက်းဇူးတင္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ သူမရဲ႕ လက္သံက ေျပာင္တဲ့အတြက္ေၾကာင့္ တကယ္႐ိုက္ရတဲ့အခါ မင္းသား အေနနဲ႔ အရမ္းကို နာမွာလို႔လည္း ဆိုပါတယ္။


အဆိုပါ ဇာတ္ဝင္ခန္းနဲ႔ ပက္သက္ၿပီး သူမရဲ႕ အေကာင့္မွာ အခုလို ေရးသားခဲ့ပါတယ္။ ” ကိုေက်ာ္ Kyaw Htet Zaw တကယ္ေလးစားတယ္.. ကိုယ္ကေလ.. အရမ္းလက္သံေျပာင္တယ္ကိုယ္စေနာက္ၿပီး႐ိုက္တာေတာင္ ေတာ္႐ုံမခံႏိုင္ဘူး ဒါေၾကာင့္ေနာက္ပိုင္းသူမ်ားေတြေတာင္မစဘူး ပါး႐ိုက္တဲ့ scene ေတြဆို သံသာကတကယ္မ႐ိုက္ဘူး..


ဒါ႐ိုက္တာကလည္းတကယ္အစစ္ပဲလိုခ်င္တယ္ဆိုေတာ့ ကိုေက်ာ္ထက္စိတ္ညစ္တာကိုယ္ပါ.. ကိုယ့္လက္သံနဲ႔ဆိုသူတစ္ရက္ကေတာ္ေတာ္အီမာကို.. ဘယ္လိုမွေလွ်ာ့႐ိုက္လို႔မရဘူး အခါခါမ်ားလာေတာ့ လက္ေလွ်ာ့ေတာင္းပန္ပီး တကယ္႐ိုက္ရေတာ့တာပဲ.. ကိုေက်ာ္လည္းတကယ္ကိုအနာခံၿပီးသ႐ုပ္ေဆာင္တာပါ.. ကိုေက်ာ္ေရအနာခံေပးလို႔ေက်းဇူးပါ 😢😢” ဆိုကာ ေရးသားခဲ့တာ ျဖစ္ပါတယ္။


ပရိတ္သတ္ႀကီးလည္း အခ်စ္ဖြဲ႕ေလညင္း ဇာတ္လမ္းတြဲရဲ႕ ေမပ်ိဳျဖဴေလးကို ခ်စ္ၾကလားဆိုတာ ေျပာခဲ့ပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။


Credit Original



Post a Comment

Previous Post Next Post