(Unicode)

ဇီးကုန်းမြို့ တွင် မိုးကြိုးပစ် ခံရမှုကြောင့် ၁၀ တ ကျာင်း သား ၁ ဦး သေ ဆုံး

ပဲ ခူးတိုင်း ဇီးကုန်းမြို့မှာ ဇွန် ၆ ရက်နေ့ ညနေ ၃ နာရီခွဲကျော်လောက်က မိုးကြိုးပစ်ခံရလို့ ၁၀ တန်းစာမေးပွဲဖြေဆိုထားတဲ့ လူငယ်တယောက် သေဆုံးခဲ့ပါတယ်။ဇီးကုန်းမြို့နယ် ကံကလေးကျေးရွာနေမှာနေထိုင်တဲ့ ၁၀ တန်းကျောင်းသား ကိုနိုင်လင်းထက်ဟာ လယ်ကွ င်းထဲအသွားမှာ မိုးကြိုးထိမှန်ပြီး သေဆုံးသွားတာပါ။



ဇီးကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်က “သူတို့က ညီအစ်ကို ၂ ယောက်။ အဖေနဲ့အတူ လယ်ထဲကို မြတ် သတ်ဆေးဖျန်းဖို့ စက်ဘီးတွေနဲ့ ရေပုံးတွေသွားထားကြတာ။ အပြန်မှာ အဖေကရှေ့က စက်ဘီးနဲ့ သွားနှင့်ပြီ။ နောက်မှာ ညီအစ်ကို ၂ ယောက်က မလှမ်းမကမ်းက ပြန်လာကြတာ မိုးကလည်းရွာနေတာ အစ်ကိုက နောက်က ပေ ၃၀ ကျော်လောက်မှာ၊ အဲဒီမှာ ညီဖြစ်သူကို မိုးကြိုးက ထိသွားတာ ထင်တယ်။ အခုတော့ အလောင်းကို သယ်ယူလာခဲ့ပါပြီ။ သေမှုသေခင်းဖွင့်ရမှာ” လို့ DVB ကို ပြောပါတယ်၊ဇွန် ၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ဇီးကုန်းမြို့မှာ အချိန် ၁ နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခဲ့တာတွေ ရှိခဲ့ပါ တယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ မေလကုန်အထိ မိုးကြိုးဘေး ၃၄ ကြိမ် ဖြစ်ပွားပြီး ၃၆ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

(Zawgyi)

ဇီးကုန္းၿမိဳ႕ တြင္ မိုးႀကိဳးပစ္ ခံရမႈေၾကာင့္ ၁၀ တ က်ာင္း သား ၁ ဦး ေသ ဆုံး

ပဲ ခူးတိုင္း ဇီးကုန္းၿမိဳ႕မွာ ဇြန္ ၆ ရက္ေန႔ ညေန ၃ နာရီခြဲေက်ာ္ေလာက္က မိုးႀကိဳးပစ္ခံရလို႔ ၁၀ တန္းစာေမးပြဲေျဖဆိုထားတဲ့ လူငယ္တေယာက္ ေသဆုံးခဲ့ပါတယ္။ဇီးကုန္းၿမိဳ႕နယ္ ကံကေလးေက်းရြာေနမွာေနထိုင္တဲ့ ၁၀ တန္းေက်ာင္းသား ကိုနိုင္လင္းထက္ဟာ လယ္ကြ င္းထဲအသြားမွာ မိုးႀကိဳးထိမွန္ၿပီး ေသဆုံးသြားတာပါ။



ဇီးကုန္းၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေက်ာ္ေက်ာ္က “သူတို႔က ညီအစ္ကို ၂ ေယာက္။ အေဖနဲ႔အတူ လယ္ထဲကို ျမတ္ သတ္ေဆးဖ်န္းဖို႔ စက္ဘီးေတြနဲ႔ ေရပုံးေတြသြားထားၾကတာ။ အျပန္မွာ အေဖကေရွ႕က စက္ဘီးနဲ႔ သြားႏွင့္ၿပီ။ ေနာက္မွာ ညီအစ္ကို ၂ ေယာက္က မလွမ္းမကမ္းက ျပန္လာၾကတာ မိုးကလည္းရြာေနတာ အစ္ကိုက ေနာက္က ေပ ၃၀ ေက်ာ္ေလာက္မွာ၊ အဲဒီမွာ ညီျဖစ္သူကို မိုးႀကိဳးက ထိသြားတာ ထင္တယ္။ အခုေတာ့ အေလာင္းကို သယ္ယူလာခဲ့ပါၿပီ။ ေသမႈေသခင္းဖြင့္ရမွာ” လို႔ DVB ကို ေျပာပါတယ္၊ဇြန္ ၆ ရက္ေန႔ ညေန ၃ နာရီခြဲေလာက္က ဇီးကုန္းၿမိဳ႕မွာ အခ်ိန္ ၁ နာရီၾကာ မိုးသည္းထန္စြာ ရြာသြန္းခဲ့ၿပီး မိုးႀကိဳးပစ္ခဲ့တာေတြ ရွိခဲ့ပါ တယ္။

ျမန္မာနိုင္ငံမွာ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလကေန ေမလကုန္အထိ မိုးႀကိဳးေဘး ၃၄ ႀကိမ္ ျဖစ္ပြားၿပီး ၃၆ ဦးေသဆုံး၊ ၈ ဦး ဒဏ္ရာရရွိခဲ့ တယ္လို႔ သိရပါတယ္။

Post a Comment

Previous Post Next Post