(Unicode)

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ကျပ်သိန်းပေါင်း (၂၅,၀၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သတင်းပေးဟု ယူဆသူကို ဖမ်းဆီး ခံရသည့် မူးယစ်ဆေးဝါးများနှင့် ဆက်နွယ်သူများမှ လုပ်ကြံခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇွန်လ ၇ ရက် ညနေ ၅ နာရီခန့်တွင် ဝမ်မိုင်ကျေးရွာအနီးရှိ ကျိုင်းတုံမြို့ရှောင်လမ်း၌ စစ်ဆေး ဆောင်ရွက်စဉ် ဗွီဂိုးအမျိုးအစား မော်တော်ယာဉ် ၃ စီးနှင့်အတူ ယာဉ် မောင်းများ၊ ယာဉ်နောက်လိုက်များအား ဗဗဗ တံဆိပ်ပါအိုက်စ် ၇ဝဝ ကီလို ဂရမ်၊တံဆိပ်မပါအိုက်စ် ၁၃ဝဝ ကီလို ဂရမ်၊ (စုစုပေါင်းခန့်မှန်းတန်ဖိုး ၂၅ ဘီလီယံ)၊ ဘိန်းဖြူ ၃ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၄၈ဝ)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါမော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိသူများအားသက်ဆိုင်ရာသို့ စနစ် တကျလွဲပြောင်းအပ်နှံခဲ့ပြီး ဖမ်းဆီး ရမိသူများအား စစ်ဆေးမေးမြန်းချက် များအရ ၎င်းတို့သည် မူးယစ်ဆေးဝါး များအားမိုင်းပေါက်မှ မိုင်းညှင်း၊ မိုင်းညှင်းမှ ဟွေပုံအောက်ကျေးရွာ- ကတ်ထိုက်ကျေးရွာ- ကတ်တောင်ကျေးရွာ- ယန်းကျိန်ကျေးရွာ- ကတ်ဖကျေးရွာ- ဝမ်မိုင်ကျေးရွာတို့မှတစ်ဆင့် ပြည်ထောင်စု ကားလမ်းမကြီးအတိုင်း မိုင်းဖြတ်-တာချီလိတ်သို့ ပို့ဆောင် ရန် ဇွန်လ ၇ ရက် ညနေပိုင်းတွင် ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။



မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့်အချိန်နှင့် တစ်ချိန်တည်းတွင် ၎င်းတို့ မူးယစ်ဆေးဝါးသယ် ဆောင်ရာလမ်းကြောင်းပေါ်ရှိ ဟွေပုံ အောက်ကျေးရွာ မှ ဦးလီးဘို(ဘ) ဦးကျဖူး၊ လားဟူလူမျိုးအား မူးယစ် ဆေးဝါးများနှင့် ပတ်သက်ဆက်နွယ်သူများက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးလီးဘိုသည် ဇနီးဖြစ်သူ မနားဟယ်၊ သမီးဖြစ်သူ မဒီစီညီး တို့နှင့်အတူ ကျိုင်းတုံမှ ဟွေပုံသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဝမ်လပ် ရှမ်းရွာသို့အရောက်၌ အနောက်မှ ဆိုင်ကယ်တစ်စီးလိုက်ပါလာသည်ကို တွေ့ရှိသဖြင့် လမ်းယာဘက်သို့ ကပ်ပေးစဉ် နောက်မှလိုက်ပါလာသော ဆိုင်ကယ်သည် ဦးလီးဘို၏ ဆိုင်ကယ်ဘေးမှကပ်၍ ဦးလီးဘိုအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ရာ ဝဲဘက်နားနှင့် နဖူးတို့တွင် ကျည် ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေပြင်သတင်းစုံစမ်းချက်များအရ ဦးလီးဘိုအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူများမှာ ဝမ်မိုင် ကျေးရွာအနီး ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက် နွယ်သူများဖြစ်ကြောင်း၊ ဝမ်မိုင် ကျေးရွာအနီး ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ သယ်ဆောင်မှုကို သတင်းပေးသည်ဟု ထင်မြင်ယူဆ၍ လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ဆက် နွယ်သူများအားဖော်ထုတ်၍ လုပ်ထုံး လုပ်နည်းအရ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


(Zawgyi)

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္တြင္ က်ပ္သိန္းေပါင္း (၂၅,၀၀၀) တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးခံရမႈႏွင့္ပတ္သက္ၿပီး သတင္းေပးဟု ယူဆသူကို ဖမ္းဆီး ခံရသည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္ႏြယ္သူမ်ားမွ လုပ္ႀကံခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕နယ္အတြင္း လုံၿခဳံေရး ေဆာင္႐ြက္လ်က္ရွိေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ဇြန္လ ၇ ရက္ ညေန ၅ နာရီခန္႔တြင္ ဝမ္မိုင္ေက်း႐ြာအနီးရွိ က်ိဳင္းတုံၿမိဳ႕ေရွာင္လမ္း၌ စစ္ေဆး ေဆာင္႐ြက္စဥ္ ဗြီဂိုးအမ်ိဳးအစား ေမာ္ေတာ္ယာဥ္ ၃ စီးႏွင့္အတူ ယာဥ္ ေမာင္းမ်ား၊ ယာဥ္ေနာက္လိုက္မ်ားအား ဗဗဗ တံဆိပ္ပါအိုက္စ္ ၇ဝဝ ကီလို ဂရမ္၊တံဆိပ္မပါအိုက္စ္ ၁၃ဝဝ ကီလို ဂရမ္၊ (စုစုေပါင္းခန္႔မွန္းတန္ဖိုး ၂၅ ဘီလီယံ)၊ ဘိန္းျဖဴ ၃ ကီလိုဂရမ္ (ခန္႔မွန္းတန္ဖိုးေငြက်ပ္ သိန္း ၄၈ဝ)၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါသည္။

အဆိုပါေမာ္ေတာ္ယာဥ္မ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီး ရမိသူမ်ားအားသက္ဆိုင္ရာသို႔ စနစ္ တက်လြဲေျပာင္းအပ္ႏွံခဲ့ၿပီး ဖမ္းဆီး ရမိသူမ်ားအား စစ္ေဆးေမးျမန္းခ်က္ မ်ားအရ ၎တို႔သည္ မူးယစ္ေဆးဝါး မ်ားအားမိုင္းေပါက္မွ မိုင္းညႇင္း၊ မိုင္းညႇင္းမွ ေဟြပုံေအာက္ေက်း႐ြာ- ကတ္ထိုက္ေက်း႐ြာ- ကတ္ေတာင္ေက်း႐ြာ- ယန္းက်ိန္ေက်း႐ြာ- ကတ္ဖေက်း႐ြာ- ဝမ္မိုင္ေက်း႐ြာတို႔မွတစ္ဆင့္ ျပည္ေထာင္စု ကားလမ္းမႀကီးအတိုင္း မိုင္းျဖတ္-တာခ်ီလိတ္သို႔ ပို႔ေဆာင္ ရန္ ဇြန္လ ၇ ရက္ ညေနပိုင္းတြင္ ထြက္ခြာလာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။



မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိသည့္အခ်ိန္ႏွင့္ တစ္ခ်ိန္တည္းတြင္ ၎တို႔ မူးယစ္ေဆးဝါးသယ္ ေဆာင္ရာလမ္းေၾကာင္းေပၚရွိ ေဟြပုံ ေအာက္ေက်း႐ြာ မွ ဦးလီးဘို(ဘ) ဦးက်ဖူး၊ လားဟူလူမ်ိဳးအား မူးယစ္ ေဆးဝါးမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္သူမ်ားက ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဦးလီးဘိုသည္ ဇနီးျဖစ္သူ မနားဟယ္၊ သမီးျဖစ္သူ မဒီစီညီး တို႔ႏွင့္အတူ က်ိဳင္းတုံမွ ေဟြပုံသို႔ ဆိုင္ကယ္ျဖင့္ ျပန္လာစဥ္ ဝမ္လပ္ ရွမ္း႐ြာသို႔အေရာက္၌ အေနာက္မွ ဆိုင္ကယ္တစ္စီးလိုက္ပါလာသည္ကို ေတြ႕ရွိသျဖင့္ လမ္းယာဘက္သို႔ ကပ္ေပးစဥ္ ေနာက္မွလိုက္ပါလာေသာ ဆိုင္ကယ္သည္ ဦးလီးဘို၏ ဆိုင္ကယ္ေဘးမွကပ္၍ ဦးလီးဘိုအား ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္ခဲ့ရာ ဝဲဘက္နားႏွင့္ နဖူးတို႔တြင္ က်ည္ ေဖာက္ဝင္ဒဏ္ရာမ်ားျဖင့္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမျပင္သတင္းစုံစမ္းခ်က္မ်ားအရ ဦးလီးဘိုအား ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခဲ့သူမ်ားမွာ ဝမ္မိုင္ ေက်း႐ြာအနီး ဖမ္းဆီးရမိေသာ မူးယစ္ေဆးဝါးမ်ားႏွင့္ ပတ္သက္ဆက္ ႏြယ္သူမ်ားျဖစ္ေၾကာင္း၊ ဝမ္မိုင္ ေက်း႐ြာအနီး ဖမ္းဆီးရမိေသာ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္မႈကို သတင္းေပးသည္ဟု ထင္ျမင္ယူဆ၍ လုပ္ႀကံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္ဆက္ ႏြယ္သူမ်ားအားေဖာ္ထုတ္၍ လုပ္ထုံး လုပ္နည္းအရ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Credit Blacker

Post a Comment

Previous Post Next Post