(Unicode)

ခိုး ဝင်သူတွေ ရှိ ရင်အသိပေးခြင်းဖြင့် အပြစ်မဲ့ပြည်သူရောဂါချော က်ထဲမကျအော င်ကာကွယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

အ စိုးရအနေနဲ့ ပြန်လာသူတွေထဲကနေ ရောဂါမပျံ့ပွားစေဖို့ အထူးဂရုစိုက်ပြင်ဆင်ထားရတယ်လို့ ဆိုပါတယ်။ တရားမဝင် ဝင်လာသူတွေ၊ ဝင်လာတာကိုသိလျက်နဲ့ လက်ခံထားသူတွေ၊ ဖုံးကွယ်ထားသူတွေကို ဥပဒေအရ တင်းကျပ်စွာ အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ညနေပိုင်းမှာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားလိုက်ပါတယ်။




ဒီလို အများအတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ်မျိုးအကြောင်း သိရှိပါက ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အမြန်ဆုံးအသိပေးဖို့၊ ဒီလိုအသိပေးတာကလည်း တစ်ပါးသူကို ချောက်တွန်းရာမရောက်ဘဲ အပြစ်မဲ့တဲ့ ပြည်သူတွေ ရောဂါချောက်ထဲမကျအောင် ကာကွယ်ပေးခြင်းသာဖြစ်တယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။

“ ဒီလိုအခြေအနေမျိုးမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ အန္တရာယ်ကို အားလုံးဝိုင်းပြီး ကာကွယ် တားဆီးပေးဖို့ လိုပါတယ်။ တိတ်တခိုးဝင်လာသူတွေက quarantine မဝင်ကြဘူး။ ရောဂါပိုးရှိနေရင် အခြားသူများစွာကို ကူးစက်သွားနိုင်ပါတယ်။ Contact tracing၊ ထိတွေ့မှုကြောင့် ရောဂါကူးသွားနိုင်ဖွယ်ရှိသူများကို စုံစမ်းရှာဖွေပြီး quarantine သွင်းရတဲ့အလုပ်ဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ မဖြစ်မနေ ထမ်းရတဲ့ဝန်ပါ” လို့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။



ဒါ့အပြင်ကို ပြည်တော်ပြန်တွေကလည်း နယ်စပ်ကတစ်မျိုး၊ လေယာဉ်ပျံနဲ့ တစ်ဖုံ နေ့စဉ်နဲ့ အမျှဝင်လာနေကြပြီး အခုလို အခက်အခဲကြုံတွေ့ရချိန်မှာ ပြည်သူတွေက နိုင်ငံတော်ကို ယုံကြည့်အားကိုးကြတယ်ဆိုတာက ဂုဏ်ယူစရာဖြစ်တယ်လို့ အတိုင်ပင်ခံက ပြောခဲ့ပါတယ်။ အစိုးရရဲ့ ဆောင်ရွက်ချက်တစ်ရပ်အနေနဲ့ ပြည်ပရောက်နေတဲ့ ပြည်သူတွေ ပြန်လာနိုင်ရေးဖြစ်ပြီး ပြည်ပနိုင်ငံအချို့မှာလည်း ရောဂါပျံပွားမှုနှုန်းမြင့်မားနေတာကြောင့် ပြန်လာသူတွေထဲကနေ ရောဂါမပျံ့ပွားစေဖို့ အတွက် အထူးဂရုစိုက်ပြင်ဆင်ထားရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလာဒေးရှ့်နိုင်ငံကနေ ရခိုင်ပြည်နယ်ယ်စပ်ဂိတ်တွေကတဆင့် မြန်မာနိုင်ငံတွင်းကို တရားမဝင်ခိုးဝင်လာသူတစ်ချို့မှာ ရောဂါကူးစက်ခံရမှုတွေဖြစ်နေတာကြောင့် ဒီလိုခိုးဝင်သူတွေ၊ လက်ခံသူတွေကို အရေးယူသွားမယ်လို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ဇွန်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။



“ ကျွန်တော်တို့ ၄ လပိုင်းလောက်ကတည်းက ပြန်လာတဲ့သူတွေရှိရင် သတင်းပေးဖို့ အတွက် ကျွန်တော်တို့ မောင်တောခရိုင်ထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုပြောတယ်။ရွာထဲမှာလည်း လိုက်ဆော်သြတယ်။ အခုဗဟိုကနေ စာထွက်တော့ လက်ခံတဲ့သူတွေပါရှိရင် အရေးယူမယ်ဆိုပြီး ထပ်ပြီးကြေညာထားတယ်။ အခုခိုးဝင်လာသူတွေက ၂၀၁၇ ထဲကထွက်သွားပြီး ပြန်ဝင်လာကြတဲ့သူတွေဆိုတော့ တစ်ချို့ မိသားစုတွေက မိသားစုချင်းပြန်တွေ့ကြတာဆိုတော့ သတင်းမပို့ချင်ကြပါဘူး။ အဲဒီလို အခက်အခဲလေးတွေ ရှိပါတယ်။” လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ရခိုင်ပြည်နယ်ထဲကို မေလ ၃၁ ရက်ကနေ ဇွန်လ ၁၃ ရက်နေ့အထိ တရားမဝင်ခိုးဝင်လာသူ ၁၇ ဦး ရှိတဲ့အနက် ၅ ဦးမှာတော့ ရောဂါပိုးတွေ့ရှိထားပြီး အသွားအလာကန့်သတ်စောင့်ကြည့်ထားပြီးသားသူတွေ ဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ဓူဝံ

(Zawgyi)


ခိုး ဝင္သူေတြ ရွိ ရင္အသိေပးျခင္းျဖင့္ အျပစ္မဲ့ျပည္သူေရာဂါေခ်ာ က္ထဲမက်ေအာ င္ကာကြယ္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္တိုက္တြန္း

အ စိုးရအေနနဲ႔ ျပန္လာသူေတြထဲကေန ေရာဂါမပ်ံ႕ပြားေစဖို႔ အထူးဂ႐ုစိုက္ျပင္ဆင္ထားရတယ္လို႔ ဆိုပါတယ္။ တရားမဝင္ ဝင္လာသူေတြ၊ ဝင္လာတာကိုသိလ်က္နဲ႔ လက္ခံထားသူေတြ၊ ဖုံးကြယ္ထားသူေတြကို ဥပေဒအရ တင္းက်ပ္စြာ အေရးယူမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ ညေနပိုင္းမွာ သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကတစ္ဆင့္ အသိေပးေျပာၾကားလိုက္ပါတယ္။



ဒီလို အမ်ားအတြက္ အႏၲရာယ္ရွိတဲ့ လုပ္ရပ္မ်ိဳးအေၾကာင္း သိရွိပါက ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးကို အျမန္ဆုံးအသိေပးဖို႔၊ ဒီလိုအသိေပးတာကလည္း တစ္ပါးသူကို ေခ်ာက္တြန္းရာမေရာက္ဘဲ အျပစ္မဲ့တဲ့ ျပည္သူေတြ ေရာဂါေခ်ာက္ထဲမက်ေအာင္ ကာကြယ္ေပးျခင္းသာျဖစ္တယ္လို႔ အတိုင္ပင္ခံက ဆိုပါတယ္။

“ ဒီလိုအေျခအေနမ်ိဳးမွာ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္တဲ့ အႏၲရာယ္ကို အားလုံးဝိုင္းၿပီး ကာကြယ္ တားဆီးေပးဖို႔ လိုပါတယ္။ တိတ္တခိုးဝင္လာသူေတြက quarantine မဝင္ၾကဘူး။ ေရာဂါပိုးရွိေနရင္ အျခားသူမ်ားစြာကို ကူးစက္သြားႏိုင္ပါတယ္။ Contact tracing၊ ထိေတြ႕မႈေၾကာင့္ ေရာဂါကူးသြားႏိုင္ဖြယ္ရွိသူမ်ားကို စုံစမ္းရွာေဖြၿပီး quarantine သြင္းရတဲ့အလုပ္ဟာ ႏိုင္ငံအတြက္ ႀကီးမားတဲ့ ဝန္ထုပ္ဝန္ပိုးျဖစ္ပါတယ္။ ျပည္သူေတြ အႏၲရာယ္ကင္းေစဖို႔ မျဖစ္မေန ထမ္းရတဲ့ဝန္ပါ” လို႔ အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္က ေရးသားထားပါတယ္။



ဒါ့အျပင္ကို ျပည္ေတာ္ျပန္ေတြကလည္း နယ္စပ္ကတစ္မ်ိဳး၊ ေလယာဥ္ပ်ံနဲ႔ တစ္ဖုံ ေန႔စဥ္နဲ႔ အမွ်ဝင္လာေနၾကၿပီး အခုလို အခက္အခဲႀကဳံေတြ႕ရခ်ိန္မွာ ျပည္သူေတြက ႏိုင္ငံေတာ္ကို ယုံၾကည့္အားကိုးၾကတယ္ဆိုတာက ဂုဏ္ယူစရာျဖစ္တယ္လို႔ အတိုင္ပင္ခံက ေျပာခဲ့ပါတယ္။ အစိုးရရဲ႕ ေဆာင္႐ြက္ခ်က္တစ္ရပ္အေနနဲ႔ ျပည္ပေရာက္ေနတဲ့ ျပည္သူေတြ ျပန္လာႏိုင္ေရးျဖစ္ၿပီး ျပည္ပႏိုင္ငံအခ်ိဳ႕မွာလည္း ေရာဂါပ်ံပြားမႈႏႈန္းျမင့္မားေနတာေၾကာင့္ ျပန္လာသူေတြထဲကေန ေရာဂါမပ်ံ႕ပြားေစဖို႔ အတြက္ အထူးဂ႐ုစိုက္ျပင္ဆင္ထားရတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ ဘဂၤလာေဒးရွ႕္ႏိုင္ငံကေန ရခိုင္ျပည္နယ္ယ္စပ္ဂိတ္ေတြကတဆင့္ ျမန္မာႏိုင္ငံတြင္းကို တရားမဝင္ခိုးဝင္လာသူတစ္ခ်ိဳ႕မွာ ေရာဂါကူးစက္ခံရမႈေတြျဖစ္ေနတာေၾကာင့္ ဒီလိုခိုးဝင္သူေတြ၊ လက္ခံသူေတြကို အေရးယူသြားမယ္လို႔ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး ဗဟိုေကာ္မတီက ဇြန္လ ၁၀ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာထားခဲ့ပါတယ္။



“ ကြၽန္ေတာ္တို႔ ၄ လပိုင္းေလာက္ကတည္းက ျပန္လာတဲ့သူေတြရွိရင္ သတင္းေပးဖို႔ အတြက္ ကြၽန္ေတာ္တို႔ ေမာင္ေတာခ႐ိုင္ထဲမွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကိုေျပာတယ္။႐ြာထဲမွာလည္း လိုက္ေဆာ္ၾသတယ္။ အခုဗဟိုကေန စာထြက္ေတာ့ လက္ခံတဲ့သူေတြပါရွိရင္ အေရးယူမယ္ဆိုၿပီး ထပ္ၿပီးေၾကညာထားတယ္။ အခုခိုးဝင္လာသူေတြက ၂၀၁၇ ထဲကထြက္သြားၿပီး ျပန္ဝင္လာၾကတဲ့သူေတြဆိုေတာ့ တစ္ခ်ိဳ႕ မိသားစုေတြက မိသားစုခ်င္းျပန္ေတြ႕ၾကတာဆိုေတာ့ သတင္းမပို႔ခ်င္ၾကပါဘူး။ အဲဒီလို အခက္အခဲေလးေတြ ရွိပါတယ္။” လို႔ ေမာင္ေတာခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

လက္ရွိမွာ ဘဂၤလားေဒရွ႕္ႏိုင္ငံကေန ရခိုင္ျပည္နယ္ထဲကို ေမလ ၃၁ ရက္ကေန ဇြန္လ ၁၃ ရက္ေန႔အထိ တရားမဝင္ခိုးဝင္လာသူ ၁၇ ဦး ရွိတဲ့အနက္ ၅ ဦးမွာေတာ့ ေရာဂါပိုးေတြ႕ရွိထားၿပီး အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားၿပီးသားသူေတြ ျဖစ္တယ္လို႔လည္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။

ဓူဝံ

Post a Comment

Previous Post Next Post