(Unicode)


အောင်လအန်ဆန်က ဖေ့ဘွတ်ခ်စာမျက်နှာကတဆင် အသိပေးခဲ့တာပါ။မြန်မာပြည်တွင်းမှာလည်း Food Delivery လုပ်ငန်းတွေ တိုးပွားလာခဲ့ပြီး Food Panda ကလည်း တစ်ခုအပါအဝင်ဖြစ်ကာ အခုအခါမှာတော့ နာမည်ကျော်တိုက်ခိုက်ရေးသမားအောင်လအန်ဆန်နဲ့ပါ လက်တွဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ONE Championship ရဲ့ နာမည်ကျော် MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်က သူဟာ Food Panda ရဲ့ Brand Ambassador တစ်ဦးအဖြစ် ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ Facebook စာမျက်နှာကတဆင့် ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။ Food Panda ကတော့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုကို ဆောင်ရွက်နေတာဖြစ်ပါတယ်။


အောင်လအန်ဆန်ရဲ့ ပြောဆိုခဲ့မှုမှာတော့ မြန်မာပြည်ကို လွမ်းဆွတ်နေကြောင်းနဲ့ ပရိသတ်တွေအားလုံးလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ချီးကျူးစကားဆိုသွားခဲ့ပါတယ်။




“အားလုံးပဲ မင်္ဂလာပါ၊ အားလုံးကျန်းမာမယ်လို့ မျှော်လင့်ပါတယ်၊ အခု မြန်မာပြည်ကိုလည်း ကျွန်တော်လွမ်းနေပါတယ်၊ ဒါပေမယ့် COVID-19 ကြောင့် ကျွန်တော် ရန်ကုန်ကိုပြန်လို့မရသေးပါဘူး၊ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားတဲ့အတိုင်း လက်ကိုမကြာခဏဆေးပေးပြီး အိမ်မှာပဲ နေနိုင်သလောက် နေပေးပါ၊ အခြေအနေတွေက ခက်ခဲနေပေမယ့် အားလုံးအတူတကွလက်တွဲပြီး ကျော်ဖြတ်ကြရအောင်”



“အထူးကျေးဇူးတင်ချင်တာကတော့ ရှေ့တန်းမှာရပ်တည်ပေးနေတဲ့ ဆရာဝန်၊ ဆရာမတွေ၊ ဆေးဆိုင်တွေ၊ အရမ်းလိုအပ်ချက်မြင့်မားတဲ့ အစားအသောက်၊ ဆေးဝါးတွေကို ပို့ဆောင်ပေးနေရတဲ့ ပို့ဆောင်ရေးဝန်ထမ်းတွေပါ၊ ဒီနေ့မှာ သတင်းကောင်းတစ်ခုပြောချင်တာကတော့ ကျွန်တော် Food Panda ရဲ့ Brand Ambassador အဖြစ် လက်တွဲပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်၊ ဒီအတွက် ဂုဏ်ယူပါတယ်၊ အားလုံးပဲစောင့်ကြည့်ပေးကြပါ၊ အခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ အောင်လအန်ဆန်က ပြောဆိုခဲ့ပါတယ်။



Food Delivery လုပ်ငန်းတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာလည်း Food Delivery လုပ်ငန်းတွေ တိုးပွားလာခဲ့ပြီး Food Panda ကလည်း တစ်ခုအပါအဝင်ဖြစ်ကာ အခုအခါမှာတော့ နာမည်ကျော်တိုက်ခိုက်ရေးသမားအောင်လအန်ဆန်နဲ့ပါ လက်တွဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဓူဝံ

(Zawgyi)

ေအာင္လအန္ဆန္က ေဖ့ဘြတ္ခ္စာမ်က္ႏွာကတဆင္ အသိေပးခဲ့တာပါ။ျမန္မာျပည္တြင္းမွာလည္း Food Delivery လုပ္ငန္းေတြ တိုးပြားလာခဲ့ၿပီး Food Panda ကလည္း တစ္ခုအပါအဝင္ျဖစ္ကာ အခုအခါမွာေတာ့ နာမည္ေက်ာ္တိုက္ခိုက္ေရးသမားေအာင္လအန္ဆန္နဲ႔ပါ လက္တြဲႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ONE Championship ရဲ႕ နာမည္ေက်ာ္ MMA ဖိုက္တာတစ္ဦးျဖစ္တဲ့ ေအာင္လအန္ဆန္က သူဟာ Food Panda ရဲ႕ Brand Ambassador တစ္ဦးအျဖစ္ ေဆာင္႐ြက္သြားမယ္လို႔ သူ႔ရဲ႕ Facebook စာမ်က္ႏွာကတဆင့္ ပရိသတ္ေတြကို အသိေပးသြားခဲ့ပါတယ္။ Food Panda ကေတာ့ ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံမွာ အစားအေသာက္ပို႔ေဆာင္ေရးဝန္ေဆာင္မႈကို ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။


ေအာင္လအန္ဆန္ရဲ႕ ေျပာဆိုခဲ့မႈမွာေတာ့ ျမန္မာျပည္ကို လြမ္းဆြတ္ေနေၾကာင္းနဲ႔ ပရိသတ္ေတြအားလုံးလည္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ကို လိုက္နာဖို႔တိုက္တြန္းခဲ့ပါတယ္။ ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးမွာ ေရွ႕တန္းကေန ပါဝင္ေဆာင္႐ြက္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကိုလည္း ခ်ီးက်ဴးစကားဆိုသြားခဲ့ပါတယ္။



“အားလုံးပဲ မဂၤလာပါ၊ အားလုံးက်န္းမာမယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ အခု ျမန္မာျပည္ကိုလည္း ကြၽန္ေတာ္လြမ္းေနပါတယ္၊ ဒါေပမယ့္ COVID-19 ေၾကာင့္ ကြၽန္ေတာ္ ရန္ကုန္ကိုျပန္လို႔မရေသးပါဘူး၊ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားတဲ့အတိုင္း လက္ကိုမၾကာခဏေဆးေပးၿပီး အိမ္မွာပဲ ေနႏိုင္သေလာက္ ေနေပးပါ၊ အေျခအေနေတြက ခက္ခဲေနေပမယ့္ အားလုံးအတူတကြလက္တြဲၿပီး ေက်ာ္ျဖတ္ၾကရေအာင္”



“အထူးေက်းဇူးတင္ခ်င္တာကေတာ့ ေရွ႕တန္းမွာရပ္တည္ေပးေနတဲ့ ဆရာဝန္၊ ဆရာမေတြ၊ ေဆးဆိုင္ေတြ၊ အရမ္းလိုအပ္ခ်က္ျမင့္မားတဲ့ အစားအေသာက္၊ ေဆးဝါးေတြကို ပို႔ေဆာင္ေပးေနရတဲ့ ပို႔ေဆာင္ေရးဝန္ထမ္းေတြပါ၊ ဒီေန႔မွာ သတင္းေကာင္းတစ္ခုေျပာခ်င္တာကေတာ့ ကြၽန္ေတာ္ Food Panda ရဲ႕ Brand Ambassador အျဖစ္ လက္တြဲၿပီး လုပ္ေဆာင္သြားဖို႔ရွိပါတယ္၊ ဒီအတြက္ ဂုဏ္ယူပါတယ္၊ အားလုံးပဲေစာင့္ၾကည့္ေပးၾကပါ၊ အခက္အခဲအားလုံးကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္” လို႔ ေအာင္လအန္ဆန္က ေျပာဆိုခဲ့ပါတယ္။



Food Delivery လုပ္ငန္းေတြကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားေနတဲ့ ကာလအတြင္းမွာ အရွိန္အဟုန္နဲ႔ ႀကီးထြားလာခဲ့တာလည္းျဖစ္ပါတယ္။ ျမန္မာျပည္တြင္းမွာလည္း Food Delivery လုပ္ငန္းေတြ တိုးပြားလာခဲ့ၿပီး Food Panda ကလည္း တစ္ခုအပါအဝင္ျဖစ္ကာ အခုအခါမွာေတာ့ နာမည္ေက်ာ္တိုက္ခိုက္ေရးသမားေအာင္လအန္ဆန္နဲ႔ပါ လက္တြဲႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post