(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က COVID-19 အတည်ပြုလူနာဖြစ်တဲ့ လူနာအမှတ်စဥ် (၂၃၁)ဟာ ပထမအကြိမ် ရောဂါစစ်ဆေးမှု Negative ထွက်​ကြောင်း သိရပါတယ်။

မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဟန်နိုင်စိုးက “လူနာက Negative ပြတာ ဟုတ်ပါတယ်။ ကျန်းမာရေး အခြေအနေကလည်း ကောင်းနေပါတယ်” ဆိုပြီး ရွှေဖီမြေကို ဒီနေ့မှာ အတည်ပြု ပြောဆိုပါတယ်။

အသက် ၃ဝ နှစ်အရွယ်ဖြစ်တဲ့ မူဆယ်က အမျိုးသမီးမှာ ပိုးတွေ့ရှိကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၂ ရက် ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုန်ပြန်ထားပါတယ်။

မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဌဖြစ်သူ ဦးသောင်းထွန်းက “သွားသယ်တဲ့အချိန်က ကျန်းမာရေး ကောင်းနေတာ။ ဖျားနာတဲ့ လက္ခဏာ မတွေ့ရဘူး။ ပိုးရှိတာ တစ်ခုပဲ” လို့ ပြောပါတယ်။

မူဆယ်မှာ ပထမအကြိမ် ပိုးရှိသူတစ်ဦး စတင်တွေ့ရှိတုန်းကလည်း လူမှုကွန်ရက်မှာ လူနာနဲ့ပတ်သက်တဲ့ ကောလဟာလသတင်းတွေ ပျံ့နှံ့ခဲ့ပြီး လက်ရှိလူနာနဲ့ ပတ်သက်တဲ့ ကောလဟာလသတင်းတစ်ချို့လည်း ပျံ့နှံ့ခဲ့တာကြောင့် လက်တွေ့လုပ်ဆောင်နေရသူတွေကို အခက်တွေ့စေတယ်လို့ ၎င်းက ဆိုပါတယ်။



ကောလဟာလသတင်းတွေနဲ့ ပတ်သက်ပြီး ဦးသောင်းထွန်းက “မမှန်တဲ့သတင်းတွေကြောင့် ကျနော်တို့လို လုပ်နေရတဲ့သူတွေ အခက်အခဲဖြစ်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့ကလည်း ပျော်လို့လုပ်နေတာ မဟုတ်ဘူး။ ကြောက်ကြောက်နဲ့ လုပ်နေရတယ်။ ပထမလူနာတုန်းကလည်း သေပြီိဆိုပြီး သတင်းတင်တဲ့သူတွေနဲ့လေ တော်တော် အနှောင့်ယှက်ဖြစ်တယ်။ လူတွေလည်း ထိတ်လန့်ကြတယ် ပြဿနာဖြစ်ကြတယ်။ မမှန်သတင်းတွေကို မယုံစေချင်ဘူး” လို့ ပြောပါတယ်။

“တစ်ချို့က ကျနော်တို့အနား မကပ်ချင်ကြတော့ဘူး။ ကိုယ်ကတော့ တတ်နိုင်သမျှ ရှောင်တယ်။ သံသယလူနာ သယ်တာတွေလည်း ဝတ်စုံအပြည့်နဲ့ သွားခေါ်တာဆိုတော့ ကိုယ့်ဟာနဲ့ကိုယ်တော့ ယုံကြည်မှုရှိတယ်” ဆိုပြီး ဦးသောင်းထွန်းက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ်မှာ COVID-19 အတည်ပြုလူနာ ဒီနေ့ ဇွန်လ ၁၃ ရက်အထိ ရှမ်းတောင်မှာ ၂ ဦး၊ ရှမ်းအရှေ့မှာ ၁ ဦးနဲ့ ရှမ်းမြောက်မှာ ၁ ဦး ရှိနေပါတယ်။

(Zawgyi)


ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္က COVID-19 အတည္ျပဳလူနာျဖစ္တဲ့ လူနာအမွတ္စဥ္ (၂၃၁)ဟာ ပထမအႀကိမ္ ေရာဂါစစ္ေဆးမႈ Negative ထြက္​ေၾကာင္း သိရပါတယ္။

မူဆယ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံအုပ္ ေဒါက္တာဟန္ႏိုင္စိုးက “လူနာက Negative ျပတာ ဟုတ္ပါတယ္။ က်န္းမာေရး အေျခအေနကလည္း ေကာင္းေနပါတယ္” ဆိုၿပီး ေ႐ႊဖီေျမကို ဒီေန႔မွာ အတည္ျပဳ ေျပာဆိုပါတယ္။

အသက္ ၃ဝ ႏွစ္အ႐ြယ္ျဖစ္တဲ့ မူဆယ္က အမ်ိဳးသမီးမွာ ပိုးေတြ႕ရွိေၾကာင္း ၿပီးခဲ့တဲ့ ဇြန္လ ၂ ရက္ ည ၈ နာရီမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုန္ျပန္ထားပါတယ္။

မူဆယ္ၿမိဳ႕ ဂ႐ုဏာလူမႈကူညီေရးအသင္း ဥကၠဌျဖစ္သူ ဦးေသာင္းထြန္းက “သြားသယ္တဲ့အခ်ိန္က က်န္းမာေရး ေကာင္းေနတာ။ ဖ်ားနာတဲ့ လကၡဏာ မေတြ႕ရဘူး။ ပိုးရွိတာ တစ္ခုပဲ” လို႔ ေျပာပါတယ္။

မူဆယ္မွာ ပထမအႀကိမ္ ပိုးရွိသူတစ္ဦး စတင္ေတြ႕ရွိတုန္းကလည္း လူမႈကြန္ရက္မွာ လူနာနဲ႔ပတ္သက္တဲ့ ေကာလဟာလသတင္းေတြ ပ်ံ႕ႏွံ႔ခဲ့ၿပီး လက္ရွိလူနာနဲ႔ ပတ္သက္တဲ့ ေကာလဟာလသတင္းတစ္ခ်ိဳ႕လည္း ပ်ံ႕ႏွံ႔ခဲ့တာေၾကာင့္ လက္ေတြ႕လုပ္ေဆာင္ေနရသူေတြကို အခက္ေတြ႕ေစတယ္လို႔ ၎က ဆိုပါတယ္။

ေကာလဟာလသတင္းေတြနဲ႔ ပတ္သက္ၿပီး ဦးေသာင္းထြန္းက “မမွန္တဲ့သတင္းေတြေၾကာင့္ က်ေနာ္တို႔လို လုပ္ေနရတဲ့သူေတြ အခက္အခဲျဖစ္တယ္ဗ်။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ကလည္း ေပ်ာ္လို႔လုပ္ေနတာ မဟုတ္ဘူး။ ေၾကာက္ေၾကာက္နဲ႔ လုပ္ေနရတယ္။ ပထမလူနာတုန္းကလည္း ေသၿပီိဆိုၿပီး သတင္းတင္တဲ့သူေတြနဲ႔ေလ ေတာ္ေတာ္ အေႏွာင့္ယွက္ျဖစ္တယ္။ လူေတြလည္း ထိတ္လန္႔ၾကတယ္ ျပႆနာျဖစ္ၾကတယ္။ မမွန္သတင္းေတြကို မယုံေစခ်င္ဘူး” လို႔ ေျပာပါတယ္။

“တစ္ခ်ိဳ႕က က်ေနာ္တို႔အနား မကပ္ခ်င္ၾကေတာ့ဘူး။ ကိုယ္ကေတာ့ တတ္ႏိုင္သမွ် ေရွာင္တယ္။ သံသယလူနာ သယ္တာေတြလည္း ဝတ္စုံအျပည့္နဲ႔ သြားေခၚတာဆိုေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ေတာ့ ယုံၾကည္မႈရွိတယ္” ဆိုၿပီး ဦးေသာင္းထြန္းက ဆက္ေျပာပါတယ္။

ရွမ္းျပည္နယ္မွာ COVID-19 အတည္ျပဳလူနာ ဒီေန႔ ဇြန္လ ၁၃ ရက္အထိ ရွမ္းေတာင္မွာ ၂ ဦး၊ ရွမ္းအေရွ႕မွာ ၁ ဦးနဲ႔ ရွမ္းေျမာက္မွာ ၁ ဦး ရွိေနပါတယ္။


Credit Shwe Phee Myay News Agency

Post a Comment

Previous Post Next Post