(Unicode)

သုတေသနပြုချက်တွေအရ ပိုးကူးစက်ခံ ရပြီးရင် ချက်ချင်း ပိုးမတွေ့ဘူးလို့ သိရတယ်။ အနည်းဆုံး ငါးရက်ကနေ ခုနှစ်ရက်လောက်မှာမှ ပိုးတွေ့နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ မေလ ၃၀ ရက်က အိန္ဒိယပြန် ၁၇ ယောက်မှာ ပိုးတွေ့တယ်ဆိုတော့ ဒီတပ်မတော်သားတွေက လည်း လေယာဉ်တစ်စီး တည်းစီးလာတာတော့ Positive ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီး ထပ်စစ်တော့ တပ်မတော်သား ၄ ယောက်မှာ Positive တွေ့လာတာပါ။

လေယာဉ်ပေါ်မှာကူးတာလို့တော့ အကြမ်းဖျင်းတော့ ယူဆရပါတယ် ” လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီ က ပြော ပါတယ်။ဒါ့အပြင် အဆိုပါ ပိုးတွေ့ လူနာ တပ်မတော် သား ၄ ဦးနဲ့ အတူ ထိတွေ့ခဲ့သူ ကျန်ရှိ တဲ့ တပ်မတော် သား ၁၄ ဦးကိုလည်း နောက်ထက် ၃ ရက် သို့မဟုတ် ၅ ရက်ကြာရင် ထပ်မံပြီး ရောဂါပိုးရှိမရှိစစ်ဆေးသွားဖို့လည်း ရှိနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုပါတယ်။

လက်ရှိအချိန်အထိ တပ်မတော်သား ငါးဦးအထိ ရောဂါပိုးတွေ့ရှိထားပြီး ပထမဆုံး ပိုးတွေ့လူနာ တပ်မတော်သားကတော့ လူနာအမှတ် ၁၅၆ ဖြစ်ကာ ကုသမှုခံယူပြီး ပိုးကင်းစင်သွားပြီလည်းဖြစ်ပါတယ်။ ယခုပိုးတွေ့လူနာ တပ်မတော်သား ၄ ဦးကိုတော့ တပ်မတော် အသည်းရောဂါကု အထူးကုဆေးရုံကြီးမှာ ကုသမှုပးမယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံမှာတော့ ဇွန်လ ၁ ရက်နေ့အထိ ပြည်ပက ပြန်လာသူ ၄၆ ဦးမှာ ရောဂါပိုးတွေ့ထားတာ ဖြစ်ပါတယ်။

အိန္ဒိယကပြန်လာသူ ၂၅ ဥိး၊ မလေးရှားပြန် ၁၂ ဦး၊ ယူအေအီးပြန် ၈ ဦးနဲ့ အီတလပြန် ၁ ဦးတို့ဖြစ် ပါတယ်။အိန္ဒိယက ပြန်လာသူ တပ်မ တော် သား ၁၈ ဦးအနက် ၄ ဦးမှာ ပိုးတွေ့ခဲ့တာပါ။ဒီနေ့ ဇွန်လ ၁ ရက်မနက်က တွေ့ရှိခဲ့တဲ့ အိန္ဒိယပြန်ပိုးတွေ့လူနာ ၄ ဦးမှာ တပ်မတော် သားတွေဖြစ်ပြီး ပထမအကြိမ် ဓာတ်ခွဲနမူနာရယူတုန်းက ရောဂါပိုးမတွေ့ရှိခဲ့ဘဲ အခု ဒုတိယအကြိမ် စစ်ဆေးတော့မှ ရောဂါပိုးတွေ့ ရှိခဲ့ရ တာလို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ တပ်မတော်သား ၁၈ ဦးဟာ မေလ ၂၄ ရက်က အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင် ငံကို ပြန်ရောက်လာကြပြီး အဲဒီနေ့မှာပဲ ပထမအကြိမ်စစ်ဆေး ခဲ့ရာ ရောဂါပိုးမတွေ့ရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါတပ်မတော်သားတွေနဲ့ လေယာဉ်တစ်စီးတည်း စီးလာသူ အိန္ဒိယပြန် ၁၇ ဦးမှာ ရောဂါပိုးတွေ့ရှိတယ်လို့ မေလ ၃၀ ရက်က ထုတ်ပြန် ခဲ့တဲ့နောက် ယင်းတပ်မတော် သား ၁၈ ဦးကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၄ ဦးမှာ ရောဂါပိုးတွေ့ရှိတာ ဖြစ်ပါတယ်။

Credit: Duwun

(Zawgyi)

သုေတသနျပဳခ်က္ေတြအရ ပိုးကူးစက္ခံ ရၿပီးရင္ ခ်က္ခ်င္း ပိုးမေတြ႕ဘူးလို႔ သိရတယ္။ အနည္းဆုံး ငါးရက္ကေန ခုႏွစ္ရက္ေလာက္မွာမွ ပိုးေတြ႕ႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္တယ္။ ေမလ ၃၀ ရက္က အိႏၵိယျပန္ ၁၇ ေယာက္မွာ ပိုးေတြ႕တယ္ဆိုေတာ့ ဒီတပ္မေတာ္သားေတြက လည္း ေလယာဥ္တစ္စီး တည္းစီးလာတာေတာ့ Positive ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ဆိုၿပီး ထပ္စစ္ေတာ့ တပ္မေတာ္သား ၄ ေယာက္မွာ Positive ေတြ႕လာတာပါ။

ေလယာဥ္ေပၚမွာကူးတာလို႔ေတာ့ အၾကမ္းဖ်င္းေတာ့ ယူဆရပါတယ္ ” လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီ က ေျပာ ပါတယ္။ဒါ့အျပင္ အဆိုပါ ပိုးေတြ႕ လူနာ တပ္မေတာ္ သား ၄ ဦးနဲ႔ အတူ ထိေတြ႕ခဲ့သူ က်န္ရွိ တဲ့ တပ္မေတာ္ သား ၁၄ ဦးကိုလည္း ေနာက္ထက္ ၃ ရက္ သို႔မဟုတ္ ၅ ရက္ၾကာရင္ ထပ္မံၿပီး ေရာဂါပိုးရွိမရွိစစ္ေဆးသြားဖို႔လည္း ရွိေနတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကား ေရးအဖြဲ႕ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ဆိုပါတယ္။

လက္ရွိအခ်ိန္အထိ တပ္မေတာ္သား ငါးဦးအထိ ေရာဂါပိုးေတြ႕ရွိထားၿပီး ပထမဆုံး ပိုးေတြ႕လူနာ တပ္မေတာ္သားကေတာ့ လူနာအမွတ္ ၁၅၆ ျဖစ္ကာ ကုသမႈခံယူၿပီး ပိုးကင္းစင္သြားၿပီလည္းျဖစ္ပါတယ္။ ယခုပိုးေတြ႕လူနာ တပ္မေတာ္သား ၄ ဦးကိုေတာ့ တပ္မေတာ္ အသည္းေရာဂါကု အထူးကုေဆး႐ုံႀကီးမွာ ကုသမႈပးမယ္လို႔လည္းသိရပါတယ္။ျမန္မာႏိုင္ငံမွာေတာ့ ဇြန္လ ၁ ရက္ေန႔အထိ ျပည္ပက ျပန္လာသူ ၄၆ ဦးမွာ ေရာဂါပိုးေတြ႕ထားတာ ျဖစ္ပါတယ္။

အိႏၵိယကျပန္လာသူ ၂၅ ဥိး၊ မေလးရွားျပန္ ၁၂ ဦး၊ ယူေအအီးျပန္ ၈ ဦးနဲ႔ အီတလျပန္ ၁ ဦးတို႔ျဖစ္ ပါတယ္။အိႏၵိယက ျပန္လာသူ တပ္မ ေတာ္ သား ၁၈ ဦးအနက္ ၄ ဦးမွာ ပိုးေတြ႕ခဲ့တာပါ။ဒီေန႔ ဇြန္လ ၁ ရက္မနက္က ေတြ႕ရွိခဲ့တဲ့ အိႏၵိယျပန္ပိုးေတြ႕လူနာ ၄ ဦးမွာ တပ္မေတာ္ သားေတြျဖစ္ၿပီး ပထမအႀကိမ္ ဓာတ္ခြဲနမူနာရယူတုန္းက ေရာဂါပိုးမေတြ႕ရွိခဲ့ဘဲ အခု ဒုတိယအႀကိမ္ စစ္ေဆးေတာ့မွ ေရာဂါပိုးေတြ႕ ရွိခဲ့ရ တာလို႔ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

အိႏၵိယႏိုင္ငံမွာ သင္တန္းတက္ေရာက္ေနတဲ့ တပ္မေတာ္သား ၁၈ ဦးဟာ ေမလ ၂၄ ရက္က အစိုးရရဲ႕ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျမန္မာႏိုင္ ငံကို ျပန္ေရာက္လာၾကၿပီး အဲဒီေန႔မွာပဲ ပထမအႀကိမ္စစ္ေဆး ခဲ့ရာ ေရာဂါပိုးမေတြ႕ရွိခဲ့ဘူးလို႔သိရပါတယ္။အဆိုပါတပ္မေတာ္သားေတြနဲ႔ ေလယာဥ္တစ္စီးတည္း စီးလာသူ အိႏၵိယျပန္ ၁၇ ဦးမွာ ေရာဂါပိုးေတြ႕ရွိတယ္လို႔ ေမလ ၃၀ ရက္က ထုတ္ျပန္ ခဲ့တဲ့ေနာက္ ယင္းတပ္မေတာ္ သား ၁၈ ဦးကို ဒုတိယအႀကိမ္ ဓာတ္ခြဲစစ္ေဆးခဲ့ရာ ၄ ဦးမွာ ေရာဂါပိုးေတြ႕ရွိတာ ျဖစ္ပါတယ္။

Credit: Duwun

Post a Comment

Previous Post Next Post