(Unicode)

မကြာပါဘူး ဇွန်လ အလယ်လောက်ကြရင် ပြည်တွင်းကူးစက်မှုတွေ ပြန်တွေ့တော့မယ်ဆိုတာ သေချာသလောက်ပါပဲ။ အစိုးရက ဖြေလျော့လိုက်တာနဲ့ ဇောင်းထဲက လွှတ်တဲ့ မြင်းတွေလိုပဲ ချက်ချင်း ဗရမ်းဗတာတွေဖြစ်လိုက်ကြတာဆိုတာ.. အဖြစ်မနေ ဝမ်းရေးအတွက် အလုပ်သွားနေရတဲ့ သူတွေကိုတော့ မပြောလိုပါဘူး…


တခြားနိုင်ငံတွေကို သင်ခန်းစာယူရကောင်းမှန်းလည်းမသိကြ.. နေ့စဉ်ဘဝမှာ ဒါတွေကို နောက် တစ်လ နှစ်လ ဆက်သည်းခံရတာ ဘာများဖြစ်သွားကြမှာမို့လဲ၊ ဆိုင်ပြန်ဖွင့်တာနဲ့ တစ်ပြိုင်နက် အလုအယက်တိုးဝှေ့ သွားစားကြရတယ်လို့ တစ်သက်လုံးက ဆိုင်ထိုင်မစားဖူးတဲ့ဟာတွေလိုပဲ။



အကယ်၍ တစ်ယောက်ယောက်သာ Silent Carrier ဖြစ်ကြည့် အကုန် မျိုးကန်းကြမှာ သူများမြို့တွေမှာတော့မသိဘူး မနေ့က လားရှိုးက အကင်ဆိုင်တစ်ခုမှာ စားသောက် ရောင်းချ နေတဲ့ပုံတွေကြည့်ပြီး စိတ်အတော် မသက်သာဘူးရယ်။


စားသောက်ဆိုင်စစ်တဲ့သူတွေ ဘယ်လို သတ်မှတ်ချက်တွေနဲ့ ပေးဖွင့်ခဲ့တာလည်းကို မသိတာ သေချာတာ တစ်ခုက မူဆယ်မှာ မနေ့က ဘယ်ကကူးမှန်းမသိတဲ့ ကိုဗစ်လူနာသစ်တစ်ယောက်တွေ့တယ်… အဲ့မှာ တွေ့ခဲ့တဲ့ပိုးက လားရှိုးကို ရောက်မနေပါဘူးလို့ လုံးဝ လုံးဝ အာမ မခံပါဘူးနော်… (ချစ်တဲ့ လင်းနု)

(Zawgyi)











Post a Comment

Previous Post Next Post