(Unicode)

လူတစ်ယောက်ရဲ့ အသိညဏ်မဲ့ မိုက်မဲမှုကြောင့် ဆုံးရှုံးသွားတဲ့ အသက်နှစ်ချောင်း YBS မောင်းခွင့်မရှိဘဲ တက်မောင်းတဲ့ ကားသမားရော ပေးမောင်းတဲ့ ကားပိုင်ကိုပါ ထိရောက်စွာအရေးယူပေးပါ။ ယာဉ်မောင်းတစ်ဦးရဲ့မဆင်မခြင် မောင်းနှင်မှုကြောင့် ကြွေလွင့်သွားရတဲ့ ဘဝတွေ။ ကောင်းရာသုဂတိ‌ ရောက်ကြပါစေ။



လူ ၃ ဦးသေဆုံးခဲ့သည့် YBS (၄၀)ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယင်း YBS (၄၀)၏ ယာဉ်မောင်းသည် YRTA တွင် ယာဉ်မောင်းအဖြစ် မှတ်ပုံတင်ထားခြင်းမရှိဘဲ ယာဉ်ပိုင်ရှင်က တက်ရောက်မောင်းနှင်ခိုင်းခြင်းဖြစ်ကြောင်းပါတဲ့။

သတင်းအပြည်အစုံမှာ…

ကမာရွတ်မြို့နယ်၊ ဆင်မလိုက်အနီး လူ (၃) ဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုတွင် လမ်းပြောင်းပြန်မောင်းနှင်သည့် YBS (၄၀) ယာဉ်မောင်းသည် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင် စမတ်ကတ် မရှိသူဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဆင်မလိုက်လမ်းဆုံ၊ ဘုရင့်နောင်လမ်းမပေါ်တွင် YBS ၄၀ နှင့် အငှားယာဉ် (Taxi) တို့မျက်နှာချင်းဆိုင်တိုက်မိပြီး အငှားယာဉ်မောင်းအပါအဝင် လူ (၃)ဦး သေဆုံးခဲ့သည်။



YBS (၄၀) ယာဉ်မောင်းသည် YRTA က ယာဉ်မောင်းဖြစ်ကြောင်း စမတ်ကတ်မရှိသည့်အပြင် ဂိတ်ရင်းသို့ ဝင်ရောက်မှုမရှိဘဲ ပြေးဆွဲသည့် ယာဉ်ဖြစ်ကြောင်းကို အကြမ်းမျဉ်း စုံစမ်းရရှိကြောင်း ဦးလှအောင်က ပြောကြားသည်။

ထို့ပြင် ယာဉ်တိုက်မှုကျူးလွန်သည့် YBS (၄၀) သည် YUPT အများပိုင်ကုမ္ပဏီတွင် ပုဂ္ဂလိကပိုင် တစ်ဦးချင်း ထည့်ဝင်ထားသည့် ဘတ်စ်ကားဖြစ်ကြောင်း YRTA ထံမှ သိရှိရသည်။

လူသေဆုံးသည့် ဖြစ်စဉ်အတွက် ရာဇဝတ်ကြောင်းအရ ဥပဒေနှင့်အညီ အရေးယူမည့်အပြင် ယာဉ်ပိုင်ရှင်၊ စမတ်ကတ်မရှိသည့် ယာဉ်မောင်းကို မောင်းနှင်စေခိုင်းသူများကိုပါ YRTA က အရေးယူရန် စီစဉ်နေကြောင်း ဦးလှအောင်က ဆိုသည်။



YBS ဘတ်စ်ကားမောင်းနှင်သည့် ယာဉ်မောင်းများ၏ စည်းကမ်းဖောက်ဖျက်မှုများကို ထိန်းချုပ်ရန်အတွက် YRTA က နည်းပညာအသုံးပြု စမတ်ကတ်များ ထုတ်ပေးပြီး လက်ရှိ ယာဉ်မောင်း ၄၈၀၀ ဦးကျော်ကို စမတ်ကတ် ထုတ်ပေးထားကြောင်း YRTA ထံမှ သိရှိရသည်။ အဆိုပါ စမတ်ကတ်တွင် ယာဉ်မောင်း၏ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းထားပြီး စမတ်ကတ်ရှိသည့် ယာဉ်မောင်းများကိုသာ မောင်းနှင်ခွင့်ပြုထားခြင်းဖြစ်သည်။

(Zawgyi)

လူတစ္ေယာက္ရဲ႕ အသိညဏ္မဲ့ မိုက္မဲမႈေၾကာင့္ ဆုံးရႈံးသြားတဲ့ အသက္ႏွစ္ေခ်ာင္း YBS ေမာင္းခြင့္မရွိဘဲ တက္ေမာင္းတဲ့ ကားသမားေရာ ေပးေမာင္းတဲ့ ကားပိုင္ကိုပါ ထိေရာက္စြာအေရးယူေပးပါ။ ယာဥ္ေမာင္းတစ္ဦးရဲ႕မဆင္မျခင္ ေမာင္းႏွင္မႈေၾကာင့္ ေႂကြလြင့္သြားရတဲ့ ဘဝေတြ။ ေကာင္းရာသုဂတိ‌ ေရာက္ၾကပါေစ။



လူ ၃ ဦးေသဆုံးခဲ့သည့္ YBS (၄၀)ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ယင္း YBS (၄၀)၏ ယာဥ္ေမာင္းသည္ YRTA တြင္ ယာဥ္ေမာင္းအျဖစ္ မွတ္ပုံတင္ထားျခင္းမရွိဘဲ ယာဥ္ပိုင္ရွင္က တက္ေရာက္ေမာင္းႏွင္ခိုင္းျခင္းျဖစ္ေၾကာင္းပါတဲ့။

သတင္းအျပည္အစံုမွာ…

ကမာ႐ြတ္ၿမိဳ႕နယ္၊ ဆင္မလိုက္အနီး လူ (၃) ဦးေသဆုံးခဲ့သည့္ ယာဥ္တိုက္မႈတြင္ လမ္းေျပာင္းျပန္ေမာင္းႏွင္သည့္ YBS (၄၀) ယာဥ္ေမာင္းသည္ ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) က ထုတ္ေပးထားသည့္ ယာဥ္ေမာင္းလိုင္စင္ စမတ္ကတ္ မရွိသူျဖစ္ေၾကာင္း YRTA တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာၾကားသည္။

ဇြန္လ ၂ ရက္ေန႔ နံနက္ ၆ နာရီခန္႔တြင္ ဆင္မလိုက္လမ္းဆုံ၊ ဘုရင့္ေနာင္လမ္းမေပၚတြင္ YBS ၄၀ ႏွင့္ အငွားယာဥ္ (Taxi) တို႔မ်က္ႏွာခ်င္းဆိုင္တိုက္မိၿပီး အငွားယာဥ္ေမာင္းအပါအဝင္ လူ (၃)ဦး ေသဆုံးခဲ့သည္။



YBS (၄၀) ယာဥ္ေမာင္းသည္ YRTA က ယာဥ္ေမာင္းျဖစ္ေၾကာင္း စမတ္ကတ္မရွိသည့္အျပင္ ဂိတ္ရင္းသို႔ ဝင္ေရာက္မႈမရွိဘဲ ေျပးဆြဲသည့္ ယာဥ္ျဖစ္ေၾကာင္းကို အၾကမ္းမ်ဥ္း စုံစမ္းရရွိေၾကာင္း ဦးလွေအာင္က ေျပာၾကားသည္။

ထို႔ျပင္ ယာဥ္တိုက္မႈက်ဴးလြန္သည့္ YBS (၄၀) သည္ YUPT အမ်ားပိုင္ကုမၸဏီတြင္ ပုဂၢလိကပိုင္ တစ္ဦးခ်င္း ထည့္ဝင္ထားသည့္ ဘတ္စ္ကားျဖစ္ေၾကာင္း YRTA ထံမွ သိရွိရသည္။

လူေသဆုံးသည့္ ျဖစ္စဥ္အတြက္ ရာဇဝတ္ေၾကာင္းအရ ဥပေဒႏွင့္အညီ အေရးယူမည့္အျပင္ ယာဥ္ပိုင္ရွင္၊ စမတ္ကတ္မရွိသည့္ ယာဥ္ေမာင္းကို ေမာင္းႏွင္ေစခိုင္းသူမ်ားကိုပါ YRTA က အေရးယူရန္ စီစဥ္ေနေၾကာင္း ဦးလွေအာင္က ဆိုသည္။



YBS ဘတ္စ္ကားေမာင္းႏွင္သည့္ ယာဥ္ေမာင္းမ်ား၏ စည္းကမ္းေဖာက္ဖ်က္မႈမ်ားကို ထိန္းခ်ဳပ္ရန္အတြက္ YRTA က နည္းပညာအသုံးျပဳ စမတ္ကတ္မ်ား ထုတ္ေပးၿပီး လက္ရွိ ယာဥ္ေမာင္း ၄၈၀၀ ဦးေက်ာ္ကို စမတ္ကတ္ ထုတ္ေပးထားေၾကာင္း YRTA ထံမွ သိရွိရသည္။ အဆိုပါ စမတ္ကတ္တြင္ ယာဥ္ေမာင္း၏ ကိုယ္ေရးအခ်က္အလက္မ်ား ထည့္သြင္းထားၿပီး စမတ္ကတ္ရွိသည့္ ယာဥ္ေမာင္းမ်ားကိုသာ ေမာင္းႏွင္ခြင့္ျပဳထားျခင္းျဖစ္သည္။

Credit Original

Post a Comment

Previous Post Next Post