(Unicode)

ဒီအမှုမှာ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ချီးကျူးပါတယ်၊ လူ ၃ ယောက် သေဆုံးသွားတဲ့အမှုမှာ ရဲက သူနဲ့မဆိုင်ဘူးဆိုပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ထွက်ပြေးသွားတဲ့ တရားခံကို ဖမ်းခိုင်းတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ကြိုးစားမှုကြောင့် တရားခံပြေးကို ၄ ရက်အကြာမှာ ဖမ်းမိလိုက်ပါပြီ။ လေးစားချီးကျူးပါတယ် မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့… (ဇာနည်အောင်လင်း)

ထွက်ပြေးတိမ်းရှောင်နေသည့် YBS 40 ယာဉ်မောင်းအား ဘားအံမြို့တွင် ယနေ့ ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီက ဖမ်းမိခဲ့ကြောင်း သိရှိရသည်။



အခင်းဖြစ်ပြီး လေးရက်အကြာ သတင်းရရှိချက်အရ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဘားအံမြို့၊ နာရီစင်အနီးမှာ စောင့်ဆိုင်းစဉ် YBS (40) ယာဉ်မောင်း ဇော်ထက် (ခေါ်) ဇော်မျိုးထက်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ယာဉ်ထိန်းရဲမှူးမျိုးအောင်မြင့်က ဆိုပါတယ်။

ဖမ်းမိတဲ့ ယာဉ်မောင်း ဇော်မျိုးထက်ကို ရန်ကုန်သို့ ခေါ်ဆောင်လာနေပြီ ဖြစ်တယ်လို့လည်း ရဲမှူးမျိုးအောင်မြင့်က ပြောပါတယ်။



အခုအမှုဖြစ်စဉ်ဟာ ဇွန် (၂) ရက်၊ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၄) ရပ်ကွက်၊ ဆင်မလိုက် သဘော်ကျင်းမှတ်တိုင်အနီး ဘုရင့်နောင်လမ်းပေါ်မှာ YBS (40) ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကွန်ကရစ်တုံးကို ကျော်လွန်ပြီး တစ်ဖက်ယာဉ်ကြောရောက်ရှိကာ အဌားကားကို ဝင်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။



အဲ့ဒီ ယာဉ်တိုက်မှုကြောင့် အသက် (၃၅) နှစ်ခန့်အရွယ် အဌားကားမောင်းသူ နဲ့ အသက် (၃၀) ခန့်အရွယ် ခရီးသည် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း (၃) ဦး သေဆုံးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်ပြီး ကမာရွတ်မြို့မရဲစခန်းမှာ ယာဉ်မောင်းကို ပေါ့လျော့မှုကြောင့် လူသေမှု၊ မဆင်မခြင်မောင်းနှင်မှု၊ သတင်းပေးရန် ပျက်ကွက်မှုစတဲ့ ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားပါတယ်။

(Zawgyi)

ဒီအမႈမွာ ျမန္မာႏိုင္ငံ ယာဥ္ထိန္းရဲတပ္ဖြဲ႕ကို ခ်ီးက်ဴးပါတယ္၊ လူ ၃ ေယာက္ ေသဆုံးသြားတဲ့အမႈမွာ ရဲက သူနဲ႔မဆိုင္ဘူးဆိုၿပီး ယာဥ္ထိန္းရဲတပ္ဖြဲ႕ကို ထြက္ေျပးသြားတဲ့ တရားခံကို ဖမ္းခိုင္းတယ္။ ယာဥ္ထိန္းရဲတပ္ဖြဲ႕ရဲ႕ ႀကိဳးစားမႈေၾကာင့္ တရားခံေျပးကို ၄ ရက္အၾကာမွာ ဖမ္းမိလိုက္ပါၿပီ။ ေလးစားခ်ီးက်ဴးပါတယ္ ျမန္မာႏိုင္ငံ ယာဥ္ထိန္းရဲတပ္ဖြဲ႕… (ဇာနည္ေအာင္လင္း)

ထြက္ေျပးတိမ္းေရွာင္ေနသည့္ YBS 40 ယာဥ္ေမာင္းအား ဘားအံၿမိဳ႕တြင္ ယေန႔ ဇြန္လ ၆ ရက္ေန႔ ညေန ၃ နာရီက ဖမ္းမိခဲ့ေၾကာင္း သိရွိရသည္။



အခင္းျဖစ္ၿပီး ေလးရက္အၾကာ သတင္းရရွိခ်က္အရ ယာဥ္ထိန္းရဲတပ္ဖြဲ႕က ဘားအံၿမိဳ႕၊ နာရီစင္အနီးမွာ ေစာင့္ဆိုင္းစဥ္ YBS (40) ယာဥ္ေမာင္း ေဇာ္ထက္ (ေခၚ) ေဇာ္မ်ိဳးထက္ကို ဖမ္းဆီးရမိခဲ့တာ ျဖစ္တယ္လို႔ ယာဥ္ထိန္းရဲမႉးမ်ိဳးေအာင္ျမင့္က ဆိုပါတယ္။

ဖမ္းမိတဲ့ ယာဥ္ေမာင္း ေဇာ္မ်ိဳးထက္ကို ရန္ကုန္သို႔ ေခၚေဆာင္လာေနၿပီ ျဖစ္တယ္လို႔လည္း ရဲမႉးမ်ိဳးေအာင္ျမင့္က ေျပာပါတယ္။



အခုအမႈျဖစ္စဥ္ဟာ ဇြန္ (၂) ရက္၊ မနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ (၄) ရပ္ကြက္၊ ဆင္မလိုက္ သေဘာ္က်င္းမွတ္တိုင္အနီး ဘုရင့္ေနာင္လမ္းေပၚမွာ YBS (40) ယာဥ္က အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြန္ကရစ္တုံးကို ေက်ာ္လြန္ၿပီး တစ္ဖက္ယာဥ္ေၾကာေရာက္ရွိကာ အဌားကားကို ဝင္ေရာက္တိုက္မိခဲ့တာ ျဖစ္ပါတယ္။



အဲ့ဒီ ယာဥ္တိုက္မႈေၾကာင့္ အသက္ (၃၅) ႏွစ္ခန႔္အ႐ြယ္ အဌားကားေမာင္းသူ နဲ႔ အသက္ (၃၀) ခန႔္အ႐ြယ္ ခရီးသည္ အမ်ိဳးသား တစ္ဦး၊ အမ်ိဳးသမီး တစ္ဦး စုစုေပါင္း (၃) ဦး ေသဆုံးခဲ့ၿပီး ရန္ကုန္ေဆး႐ုံႀကီးကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

အဲဒီအမႈနဲ႔ ပတ္သက္ၿပီး ကမာ႐ြတ္ၿမိဳ႕မရဲစခန္းမွာ ယာဥ္ေမာင္းကို ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ၊ မဆင္မျခင္ေမာင္းႏွင္မႈ၊ သတင္းေပးရန္ ပ်က္ကြက္မႈစတဲ့ ပုဒ္မသုံးခုနဲ႔ အမႈဖြင့္ထားပါတယ္။


Post a Comment

Previous Post Next Post