(Unicode)

ကလေးငယ်တွေဟာ အမြဲ လိုလို မုဒိမ်းသမားတွေ ရဲ့ အလွယ်ကူ ဆုံးပြစ်မှတ်ဖြစ်နေလေ့ ရှိပါတယ် ။ ဒါကြောင့် မလို့ အမြဲ လိုလိုသက်ငယ် မုဒိမ်းမှုတွေကို အဆက် မပြတ်မြင်ရ ၊ ကြားနေရတာပါ ။ ဒီတစ်ခေါက်မှာ လည်း မလေးရှားနိုင်ငံ ၊ Sarawak ပြည်နယ်မှာရှိတဲ့ စက်ပြင်ဆရာတစ်ဦးဟာ 12နှစ်အရွယ် မိန်းကလေး ကို လိင်ပိုင်ဆိုင် ရာစော်ကားနေခဲ့တဲ့ဖြစ်ရပ် ဟာ ပေါ်သွားခဲ့ လို့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါတယ် ။

အဆိုပါ 31 နှစ်အရွာယ် အမျိုးသားဟာ ကလေးငယ် ကိုပြီးခဲ့တဲ့ May လကနေ July လအထိ 5ကြိမ်ခန့် လိင်ဆက်ဆံခဲ့ပြီးနောက် အဆိုပါဖြစ်ရပ် ကိုဖုံးကွယ်နိုင်ရန်အတွက် ကလေးငယ် ကိုသူ့အားဖော်ထုတ်ပြီး ၊ ဖွင့်ပြောဖို့ကြံလျှင် သူမ၏ မိသားစုတစ်စုလုံးကို သတ်ပစ်မည်ဆိုပြီးခြိမ်းခြောက်ခဲ့ပါတယ် ။




ဖြစ်စဉ်မှာတော့ ကလေးငယ် ၏ မိခင်ဖြစ်သူဟာ အဆိုပါစက်ပြင်ဆရာ အမျိုးသား ကို သူမနှင့် အတူလာရောက်နေထိုင် ဖို့ဖိတ်ခေါ်ခဲ့ပြီးနောက် သူမတို့မိသားစု နှင့် ၎င်းအမျိုးသား တို့ အတူနေထိုင်ခဲ့ကြပြီး ယခုကဲ့ သို့ပြစ်မှုကျူ းလွန်းခြင်းမျိုးခံ ခဲ့ရ တာဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ကလေးငယ် ၏ မိခင်မှာ အဆိုပါစက်ပြင်ဆရာနှင့် ချစ်ကြိုက်နေပြီး ချစ်သူ ရည်းစားများဖြစ်ကြောင်း သိရှိရပါတယ် ။

လိင်ပိုင်း ဆိုင်ရာစော်ကားမှု ကိုစတင်သိရှိခဲ့ချိန်မှာတော့ ကလေးငယ်ဟာသူမ ၏အဒေါ်ဖြစ်သူနှင့်အတူ နေထိုင်ဖို့ ချန်ထားခံ ခဲ့ရပြီးနောက် 2ပတ်အကြာ ကလေးငယ်ဟာ အစာစားချင်စိတ်မရှိ၍ ဆေးခန်းသို့သွားရောက်ပြသချိန်မှာမှ ကိုယ်ဝန်မှာ 2လရှိနေပြီဖြစ်ကြောင်း သိ ရှိခဲ့ရတာပါ ။ ကလေး ငယ်မှာ မောင်နှမတွေထဲမှ အငယ်ဆုံး သမီးလေးဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါကိစ္စရပ် အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိပြီး အဆိုပါအမျိုးသား မှာတော့ အနည်းဆုံးထောင်ဒဏ် 8နှစ်ခန့်ကျခံ ရနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)


(Zawgyi)









Jasmine (Mckzone Daily)


Post a Comment

Previous Post Next Post