(Unicode)

ထိုင်းနိုင်ငံမှ အသက် 13နှစ်အရွယ် မိန်းကလေးဟာ အမျိုးသား 6ယောက်ရဲ့ တိုက်ခန်းမှာပိတ်လှောင်ခြင်းခံခဲ့ရပြီး ၊ အုပ်စုဖွဲ့မုဒိမ်းပြုကျင့်ခြင်းခံခဲ့ရတဲ့အတွက် နောက်ဆုံးကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။ ကောင်မလေးကတော့ ခေါင်မိုးပေါ်ကနေ သူမရဲ့ခြေထောက်တွဲလောင်းကျနေတဲ့ ဓာတ်ပုံကို သူငယ်ချင်းတွေထံပေးပို့ပြီး “ငါထွက်သွားတော့မယ် ၊ I love you ” ဆိုတဲ့ စာသားလေးကိုပေးပို့ပြီး နှုတ်ဆက်ခဲ့ပါတယ် ။



ထို့အပြင် ကောင်မလေးက Facebook စာမျက်နှာပေါ်မှာ ” ငါထွက်သွားတော့မယ် ၊ ငါသာကိုယ်ဝန်မရှိခဲ့ရင် အချိန်အတော်အကြာကြီး နေရအုံးမှာပဲ ” ဆိုတဲ့ Post ကိုပါ ဝေမျှထားပါသေးတယ် ။ ရဲအရာရှိတွေထံ ကောင်မလေးရဲ့မိခင်တိုင်ကြားချက်ထဲမှာတော့ သမီးဖြစ်သူဟာကိုယ်ဝန်ရှိသွားခဲ့လို့ အတော်လေးစိတ်ဓာတ်ကျနေခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ ကောင်မလေးရဲ့အိမ်နာမည်မှာတော့ Pinkie ဖြစ်ပြီး တိုက်ခန်းအဆောက်အအုံပေါ်ကနေ ခုန်ချပြီးကိုယ့်ကိုအဆုံးစီရင်ခဲ့တာဖြစ်ပါတယ် ။



ကောင်မလေးဟာ ကိုယ့်ကိုအဆုံးမစီရင်ခင် အသက် 45နှစ်အရွယ် မိခင်ဖြစ်သူနှင့် ရန်ဖြစ်စကားများခဲ့ပြီးနောက် ၊ မိခင်က သမီးဖြစ်သူကိုတားဖို့ အပြေးအလွှားသွားခဲ့ပေမဲ့လည်း မမှီခဲ့ပါဘူး ။ မိခင်ဖြစ်သူပြောပြချက်အရ သမီးလေးကိုအုပ်စုဖွဲ့မုဒိမ်းကျင့်သူမှာ အမျိုးသား 6ယောက်ဖြစ်ကြောင်း နှင့် သံသယရှိသူနှစ်ဦးကိုတော့ ရဲအရာရှိများက ဖမ်းဆီးထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။



အဆိုပါ အခင်းဖြစ်ပွားတဲ့ညက ကောင်မလေး နှစ်ယောက် ၊ ကောင်လေး နှစ်ယောက်တို့အတူရှိခဲ့ကြောင်း နှင့် ကောင်မလေးတစ်ယောက်မှာတော့ သေဆုံးသွားခဲ့သူ Pinkie ဖြစ်ပါတယ် ။ ထို့ကြောင့် ပြစ်မှုကျူ းလွန်သူတွေကိုဖော်ထုတ်နိုင်အောင် တာဝန်ရှိသူများက ကြိုးပမ်းနေလျက်ရှိပါတယ် ။



Jasmine (Mckzone Daily)


(Zawgyi)


ထိုင္းႏိုင္ငံမွ အသက္ 13ႏွစ္အ႐ြယ္ မိန္းကေလးဟာ အမ်ိဳးသား 6ေယာက္ရဲ႕ တိုက္ခန္းမွာပိတ္ေလွာင္ျခင္းခံခဲ့ရၿပီး ၊ အုပ္စုဖြဲ႕မုဒိမ္းျပဳက်င့္ျခင္းခံခဲ့ရတဲ့အတြက္ ေနာက္ဆုံးကိုယ့္ကိုအဆုံးစီရင္သြားခဲ့ပါတယ္ ။ ေကာင္မေလးကေတာ့ ေခါင္မိုးေပၚကေန သူမရဲ႕ေျခေထာက္တြဲေလာင္းက်ေနတဲ့ ဓာတ္ပုံကို သူငယ္ခ်င္းေတြထံေပးပို႔ၿပီး “ငါထြက္သြားေတာ့မယ္ ၊ I love you ” ဆိုတဲ့ စာသားေလးကိုေပးပို႔ၿပီး ႏႈတ္ဆက္ခဲ့ပါတယ္ ။



ထို႔အျပင္ ေကာင္မေလးက Facebook စာမ်က္ႏွာေပၚမွာ ” ငါထြက္သြားေတာ့မယ္ ၊ ငါသာကိုယ္ဝန္မရွိခဲ့ရင္ အခ်ိန္အေတာ္အၾကာႀကီး ေနရအုံးမွာပဲ ” ဆိုတဲ့ Post ကိုပါ ေဝမွ်ထားပါေသးတယ္ ။ ရဲအရာရွိေတြထံ ေကာင္မေလးရဲ႕မိခင္တိုင္ၾကားခ်က္ထဲမွာေတာ့ သမီးျဖစ္သူဟာကိုယ္ဝန္ရွိသြားခဲ့လို႔ အေတာ္ေလးစိတ္ဓာတ္က်ေနခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ ေကာင္မေလးရဲ႕အိမ္နာမည္မွာေတာ့ Pinkie ျဖစ္ၿပီး တိုက္ခန္းအေဆာက္အအုံေပၚကေန ခုန္ခ်ၿပီးကိုယ့္ကိုအဆုံးစီရင္ခဲ့တာျဖစ္ပါတယ္ ။



ေကာင္မေလးဟာ ကိုယ့္ကိုအဆုံးမစီရင္ခင္ အသက္ 45ႏွစ္အ႐ြယ္ မိခင္ျဖစ္သူႏွင့္ ရန္ျဖစ္စကားမ်ားခဲ့ၿပီးေနာက္ ၊ မိခင္က သမီးျဖစ္သူကိုတားဖို႔ အေျပးအလႊားသြားခဲ့ေပမဲ့လည္း မမွီခဲ့ပါဘူး ။ မိခင္ျဖစ္သူေျပာျပခ်က္အရ သမီးေလးကိုအုပ္စုဖြဲ႕မုဒိမ္းက်င့္သူမွာ အမ်ိဳးသား 6ေယာက္ျဖစ္ေၾကာင္း ႏွင့္ သံသယရွိသူႏွစ္ဦးကိုေတာ့ ရဲအရာရွိမ်ားက ဖမ္းဆီးထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္ ။



အဆိုပါ အခင္းျဖစ္ပြားတဲ့ညက ေကာင္မေလး ႏွစ္ေယာက္ ၊ ေကာင္ေလး ႏွစ္ေယာက္တို႔အတူရွိခဲ့ေၾကာင္း ႏွင့္ ေကာင္မေလးတစ္ေယာက္မွာေတာ့ ေသဆုံးသြားခဲ့သူ Pinkie ျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ ျပစ္မႈက်ဴ းလြန္သူေတြကိုေဖာ္ထုတ္ႏိုင္ေအာင္ တာဝန္ရွိသူမ်ားက ႀကိဳးပမ္းေနလ်က္ရွိပါတယ္ ။



Jasmine (Mckzone Daily)

Post a Comment

Previous Post Next Post