(Unicode)


ထိုင်ဝမ် တောင်ဘက်ပိုင်းကကျူ ရှင်ဆရာတစ်ဦးဟာ အသက်မပြည့်သေးတဲ့ကျောင်းသူတစ်ဦးကို အကြိမ်ပေါင်း 285 ကြိမ်ခန့် သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ် ။ Lan အမည်ရှိတဲ့ကျောင်းသူလေးဟာ အဆိုပါကျူ ရှင်ဆရာအနားမှာ သူမအသက် 11နှစ်ကတည်းက စာသွားရောက်သင်ယူခဲ့တာပါ ။ သူမအသက် 14နှစ်မပြည့်ခင် 2014 ခုနှစ်မှာ ကျူ ရှင်ဆရာကသူမကိုချစ်ခွင့်ပန်ခဲ့ပြီး သူမအသက် 18နှစ်ပြည့်တာနဲ့ လက်ထပ်ကြဖို့ကတိပေးခဲ့ပါတယ် ။



ထို့ကြောင့် ကျူ ရှင်ဆရာရဲ့အပြောအဆိုတွေထဲမှာနစ်မျောပြီး သူမဟာဆရာနှင့်တွဲဖို့ သဘောတူခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း သူမအသက် 16နှစ်ပြည့်တဲ့အချိန်မှာတော့ ဆရာဖြစ်သူနဲ့ဆက်မတွဲဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ဆရာဟာ အခြားအမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ဖို့ ပြင်ဆင်နေခဲ့လို့ပါ ။ ကျောင်းသူလေးနဲ့ လမ်းမခွဲချင်ခဲ့တဲ့ဆရာမှာတော့ ကျောင်းသူလေးဟာ online ပေါ်မှာတွေ့တဲ့ လူဆိုးတစ်ယောက်နဲ့တွဲနေခဲ့တဲ့အတွက် သူမ၏ကျောင်းစာ ပညာရေးမှာအတော်လေးထိခိုက်နေကြောင်း ကျောင်သူလေး၏မိခင်ကိုတိုင်ကြားခဲ့ပါတော့တယ် ။ ထို့အပြင် ကျောင်းသူလေး online အသုံးမပြုနိုင်ရန် သူမ၏ဖုန်းကိုသိမ်းယူပစ်လိုက်ဖို့ မိခင်ကိုပြောကြားခဲ့ပါတယ် ။

အဆိုပါအကြောင်းပြချက်တွေတင် မဟုတ်သေးပါဘူး ။ ကျောင်းသူလေး၏ပုံရိပ်ကို ပျက်ပြားစေတဲ့အခြားသောမဟုတ်မမှန်တဲ့သတင်းများကိုပါ ကျူ ရှင်ဆရာကလွင့်ခဲ့ပါတယ် ။ လုံးဝကို ကူကယ်ရာမဲ့သွားတဲ့အခြေအနေသို့ရောက်ရှိသွားခဲ့တဲ့ကျောင်းသူလေးမှာတော့ သူမ၏မိခင်ကို အမှန်အတိုင်းဖွင့်ပြောပစ်လိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ် ။ မိခင်ဖြစ်သူမှာတော့ ကျူ ရှင်ဆရာက သမီးဖြစ်သူကိုသားမယားပြုကျင့်ခဲ့တဲ့အကြောင်းကိုကြားပြီးနောက် ချက်ချင်းရဲစခန်းသို့တိုင်ကြားခဲ့ပါတော့တယ် ။ ဆရာကတော့ အဆိုပါပြစ်မှုမျိုးကို မကျူ းလွန်ခဲ့ကြောင်းနှင့် ကျောင်းသူလေး၏လက်ကိုကိုင်ပြီး အနမ်းပေးရုံမျှသာပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကျောင်းသူလေးက သူမလိင်ဆက်ဆံခဲ့တဲ့အတွေ့အကြုံကို မှတ်စုစာအုပ်ထဲမှာရေးသားထားခဲ့တဲ့ သက်သေကိုပြသခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး ကျောင်းသူလေးက ကျူ ရှင်ဆရာလိင်အင်္ဂါ၏ပုံစံနှင့် အရွယ်အစားများကိုပါမှတ်မိနေခဲ့ပြီး မှဲ့၏တည်နေရာကိုပါမှန်ကန်အောင်ပြောဆိုနိုင်ခဲ့ပါတယ် ။



ကျောင်းသူလေးဟာ ဆေးရုံတွင်ဆေးစစ်မှုများခံယူပြီးနောက်မှာတော့ သူမအမှန်တကယ် သားမယားပြုကျင့်ခံခဲ့ရတဲ့အဖြေများထွက်ပေါ်လာခဲ့ပါတယ် ။ ထို့အပြင် သူမတို့ပထမဆုံးစတွဲခဲ့တဲ့အပတ်ကတည်းက လိင်ဆက်ဆံခဲ့ကြပြီး သူမအသက် 14နှစ်မပြည့်ခင်အချိန်မှာ 129ကြိမ်လိင်ဆက်ဆံခဲ့ပြီး ကျန်156 ကြိမ်ကိုတော့ နောက်ပိုင်း 7လအတွင်းမှာဆက်ဆံခဲ့ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ကျောင်းဆရာမှာအသက်မပြည့်သေးတဲ့ကျောင်းသူကို သားမယားပြုကျင့်ခဲ့တဲ့အတွက် ထောင်ဒဏ် 9နှစ်နှင့် 6လ ချမှတ်ခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

(Zawgyi)










Jasmine (Mckzone Daily)

Post a Comment

Previous Post Next Post