(Unicode)

4 နှစ်အရွယ်သမီးငယ်လေး ဦးနှောက်မှာထိခိုက်ဒဏ်ရာရရှိတဲ့အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ မိဘနှစ်ဦးကို ဗီယက်နမ်နိုင်ငံရှိ ရဲအရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ် ။ Do Trong Minh အမည်ရှိတဲ့ အသက် 27 နှစ်အရွယ်ဖခင်ဖြစ်သူ နှင့် Nguyen Thi Thuy Trang အမည်ရှိတဲ့ အသက် 26 နှစ်အရွယ် မိခင်ဖြစ်သူတို့ဟာ ပြီးခဲ့တဲ့သောကြာနေ့က သမီးငယ်ကို ရည်ရွယ်ချက်ရှိရှိရိုက်နှက်နှိပ်စက်မှု ၊ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ထိခိုက်နစ်နာစေမှု တို့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ ။ Ngan အမည်ရှိတဲ့ ကလေးငယ်ကိုအိမ်နီးချင်းတွေက ဆေးရုံပို့ဆောင်ပေးပြီး ၊ ရဲစခန်းသို့တိုင်ကြားပေးခဲ့တာဖြစ်ပါတယ် ။


အဆိုပါစုံတွဲဟာ တရားဝင်လက်ထပ်မှတ်ပုံတင် တင်ထားခြင်းမရှိပေမဲ့ ၊ လင်မယားအတိုင်းသာနေထိုင်ခဲ့ကြပြီး Di An မြို့မှာ အခန်းတစ်ခန်းလေးငှါးပြီး 6လ ဝန်းကျင်ခန့်နေထိုင်ခဲ့ကြတာဖြစ်ပါတယ် ။ ကလေးငယ်ကိုလည်း မွေးစာရင်းသွင်းပေးထားခြင်းမျိုးလည်း မရှိခဲ့ပါဘူး ။ အခင်းဖြစ်ပွားတဲ့နေ့က ကလေးငယ်လေးဟာ gasမီးဖိုပေါ်မှာ ဆော့ကစားနေတာကိုမိခင်ဖြစ်သူကတွေ့ရှိခဲ့ပြီးနောက် ကလေးငယ်ရဲ့တင်ပါးကို ဝါးတုတ်ဖြင့်အကြိမ်ကြိမ်ရိုက်နှက်ခဲ့ပြီး ကြမ်းပြင်ပေါ်မှာဒူးထောက်ခိုင်းခဲ့ပါတယ် ။ ကလေးငယ်ကို ဇနီးဖြစ်သူ ဆူပူကြိမ်းမောင်းနေတာကိုကြားခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူကလည်း လှေကားကနေဆင်လာခဲ့ပြီး ကလေးငယ်ရဲ့မျက်နှာ နှင့် ဦးခေါင်းတို့ကို ထိုးကြိတ်ပစ်ခဲ့ပါတယ် ။ ထို့နောက် ကလေးငယ်ရဲ့လက်ကိုကြိုးတုတ်ပြီး ဒူးထောက်ခိုင်ခဲ့ပါတယ် ။ အချိန်အတော်ကြာမှ မိခင်ဖြစ်သူဟာ ကြိုးကိုဖြေပေးခဲ့ပေမဲ့လည်း ကလေးငယ်ကိုဆက်ပြီးဒူးထောက်ခိုင်းထားလို့ ကလေးငယ်ဟာ 4နာရီခန့်ကြာသည်အထိ ဒူးထောက်ခဲ့ပြီးနောက် ဒဏ်ရာတွေကြောင့်မေ့မျောသွားခဲ့ပါတယ် ။


ဖခင်ဖြစ်သူက အလက်လုပ်မဲ့ဖြစ်နေချိန်ဖြစ်တဲ့အတွက် နေအိမ်တွင်သာရှိနေခဲ့ပြီး ၊ မိခင်ဖြစ်သူမှာတော့ အလုပ်လုပ်ဖို့ နေအိမ်ကနေထွက်သွားခဲ့ပါတယ် ။ ထိုအချိန်မှာတော့ သူမတို့နေထိုင်တဲ့အခန်းတံခါးကပွင့်နေခဲ့ပြီး ကလေးငယ်ကြမ်းပြင်ပေါ်မှာမေ့မျောနေတာကို အိမ်နီးချင်းတွေက မြင်တွေ့ခဲ့ပြီးနောက် ကလေးငယ်ကိုနေအိမ်အထိဝင်ကယ်ပေးခဲ့ပြီး ဆေးရုံသို့ပို့ပေးခဲ့ကြပါတယ် ။ အခြားအိမ်နီးချင်းတွေကလည်း ကလေးငယ်ရဲ့မိဘတွေကို ရဲစခန်းသို့တိုင်ကြားခဲ့ကြပါတော့တယ် ။ ဆရာဝန်တွေရဲ့ပြောပြချက်အရ ကလေးငယ်ရဲ့ဦးနှောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့လည်း ယခုချိန်မှာတော့ ကလေးငယ်ဟာ ပြန်ပြီးစကားပြောနိုင် ၊ စားသောက်နိုင် နေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

(Zawgyi)


4 ႏွစ္အရြယ္သမီးငယ္ေလး ဦးေႏွာက္မွာထိခိုက္ဒဏ္ရာရ႐ွိတဲ့အထိ ႐ိုက္ႏွက္ႏွိပ္စက္ခဲ့တဲ့ မိဘႏွစ္ဦးကို ဗီယက္နမ္ႏိုင္ငံ႐ွိ ရဲအရာ႐ွိမ်ားက ဖမ္းဆီးထိန္းသိမ္းခဲ့တာျဖစ္ပါတယ္ ။ Do Trong Minh အမည္႐ွိတဲ့ အသက္ 27 ႏွစ္အရြယ္ဖခင္ျဖစ္သူ ႏွင့္ Nguyen Thi Thuy Trang အမည္႐ွိတဲ့ အသက္ 26 ႏွစ္အရြယ္ မိခင္ျဖစ္သူတို႔ဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က သမီးငယ္ကို ရည္ရြယ္ခ်က္႐ွိ႐ွိ႐ိုက္ႏွက္ႏွိပ္စက္မႈ ၊ အသက္အႏၱရာယ္ျဖစ္ေစတဲ့အထိ ထိခိုက္နစ္နာေစမႈ တို႔ေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာပါ ။ Ngan အမည္႐ွိတဲ့ ကေလးငယ္ကိုအိမ္နီးခ်င္းေတြက ေဆးရံုပို႔ေဆာင္ေပးၿပီး ၊ ရဲစခန္းသို႔တိုင္ၾကားေပးခဲ့တာျဖစ္ပါတယ္ ။


အဆိုပါစံုတြဲဟာ တရားဝင္လက္ထပ္မွတ္ပံုတင္ တင္ထားျခင္းမ႐ွိေပမဲ့ ၊ လင္မယားအတိုင္းသာေနထိုင္ခဲ့ၾကၿပီး Di An ၿမိဳ႕မွာ အခန္းတစ္ခန္းေလးငွါးၿပီး 6လ ဝန္းက်င္ခန္႔ေနထိုင္ခဲ့ၾကတာျဖစ္ပါတယ္ ။ ကေလးငယ္ကိုလည္း ေမြးစာရင္းသြင္းေပးထားျခင္းမ်ိဳးလည္း မ႐ွိခဲ့ပါဘူး ။ အခင္းျဖစ္ပြားတဲ့ေန႔က ကေလးငယ္ေလးဟာ gasမီးဖိုေပၚမွာ ေဆာ့ကစားေနတာကိုမိခင္ျဖစ္သူကေတြ႔႐ွိခဲ့ၿပီးေနာက္ ကေလးငယ္ရဲ႕တင္ပါးကို ဝါးတုတ္ျဖင့္အႀကိမ္ႀကိမ္႐ိုက္ႏွက္ခဲ့ၿပီး ၾကမ္းျပင္ေပၚမွာဒူးေထာက္ခိုင္းခဲ့ပါတယ္ ။ ကေလးငယ္ကို ဇနီးျဖစ္သူ ဆူပူႀကိမ္းေမာင္းေနတာကိုၾကားခဲ့ၿပီးေနာက္ ခင္ပြန္းျဖစ္သူကလည္း ေလွကားကေနဆင္လာခဲ့ၿပီး ကေလးငယ္ရဲ႕မ်က္ႏွာ ႏွင့္ ဦးေခါင္းတို႔ကို ထိုးႀကိတ္ပစ္ခဲ့ပါတယ္ ။ ထို႔ေနာက္ ကေလးငယ္ရဲ႕လက္ကိုႀကိဳးတုတ္ၿပီး ဒူးေထာက္ခိုင္ခဲ့ပါတယ္ ။ အခ်ိန္အေတာ္ၾကာမွ မိခင္ျဖစ္သူဟာ ႀကိဳးကိုေျဖေပးခဲ့ေပမဲ့လည္း ကေလးငယ္ကိုဆက္ၿပီးဒူးေထာက္ခိုင္းထားလို႔ ကေလးငယ္ဟာ 4နာရီခန္႔ၾကာသည္အထိ ဒူးေထာက္ခဲ့ၿပီးေနာက္ ဒဏ္ရာေတြေၾကာင့္ေမ့ေမ်ာသြားခဲ့ပါတယ္ ။


ဖခင္ျဖစ္သူက အလက္လုပ္မဲ့ျဖစ္ေနခ်ိန္ျဖစ္တဲ့အတြက္ ေနအိမ္တြင္သာ႐ွိေနခဲ့ၿပီး ၊ မိခင္ျဖစ္သူမွာေတာ့ အလုပ္လုပ္ဖို႔ ေနအိမ္ကေနထြက္သြားခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ သူမတို႔ေနထိုင္တဲ့အခန္းတံခါးကပြင့္ေနခဲ့ၿပီး ကေလးငယ္ၾကမ္းျပင္ေပၚမွာေမ့ေမ်ာေနတာကို အိမ္နီးခ်င္းေတြက ျမင္ေတြ႔ခဲ့ၿပီးေနာက္ ကေလးငယ္ကိုေနအိမ္အထိဝင္ကယ္ေပးခဲ့ၿပီး ေဆးရံုသို႔ပို႔ေပးခဲ့ၾကပါတယ္ ။ အျခားအိမ္နီးခ်င္းေတြကလည္း ကေလးငယ္ရဲ႕မိဘေတြကို ရဲစခန္းသို႔တိုင္ၾကားခဲ့ၾကပါေတာ့တယ္ ။ ဆရာဝန္ေတြရဲ႕ေျပာျပခ်က္အရ ကေလးငယ္ရဲ႕ဦးေႏွာက္မွာ ထိခိုက္ဒဏ္ရာရ႐ွိခဲ့ေပမဲ့လည္း ယခုခ်ိန္မွာေတာ့ ကေလးငယ္ဟာ ျပန္ၿပီးစကားေျပာႏိုင္ ၊ စားေသာက္ႏိုင္ ေနၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Post a Comment

Previous Post Next Post