(Unicode)


နခွန်ပထုန် ထိုင်းနိုင်ငံရောက် MOU လုပ်သား ၁၀ ဦးမှ နေပူထဲတွင် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ထားသော လုပ်အားခလေးများ စုဆောင်း၍ မြဝတီမြို့ရှိ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သော သဲထက်အောင် အသက် (၄၁) နှစ်မှ လိုင်းပေါ်တွင် ကြေညာထားသည်ကို ယုံကြည်မိပြီး
ကျပ်ငွေသိန်း ၆၀ အား ဝန်ဆောင်ခပေး အိမ်ပြန်ပို့ခိုင်းခဲ့ပေမယ့် အိမ်မပို့ပဲ ထွက်ပြေး တိမ်းရှောင်နေခဲ့ပါတယ်။


အလုပ်သမားများက အေအေစီ ကိုရဲမင်းရှိရာ မြဝတီသို့ လိုက်လာပြီး အကူအညီတောင်းရာ မဟာချိုင်မှာ ရုံးစိုက်ထားသော AAC ဒါရိုတ်တာဦးခိုင် ဦးဆောင်သော အဖွဲ့သားများနှင့် ချိတ်ဆက်စုံစမ်းပြီး ယနေ့ညနေမှာ တရားခံအား ဖမ်းဆီးခဲ့ပါတယ်။


ထိုင်းနိုင်ငံ အုန်းရိုင်နယ်မြေ စိုင်ဆီစိုင်ဟရပ်ကွက်တွင် ပုန်းရှောင်နေသော တရားခံကို AAC ရဲ့ အမာခံနယ်မြေ သတင်းပေးများရဲ့ စွမ်းဆောင်မှုဖြင့် သဲလွန်စရပြီး ထိုင်းရဲကို ဖမ်းခိုင်းပေမယ့် အကြောင်းအမျိုးမျိုး ပြနေသဖြင့် AAC မှ ကိုယ်တိုင်ဖမ်း ရဲလက်အပ်ခဲ့ရတာပါ။


သိန်း ၆၀ လွှဲခဲ့ပေမယ့် ယခုလောလောဆယ် တရားခံရဲ့ ဘဏ်ထဲမှ သိန်း ၃၀ ခန့်သာ ပြန်ရပါတယ်၊ဖမ်းမိထားသည့် သဲထက်အောင် နဲ့ ငွေလွှဲထားပြီး အလိမ်ခံရသူများ AAC ထံ ဆက်သွယ်ကြပါ။


မြန်မာလုပ်သားတွေ အနေနဲ့ အွန်လိုင်းပေါ် မှ ငွေလွှဲကြေညာတွေကို အရမ်းမယုံပါနဲ့၊ စိတ်ချယုံကြည်ရသော ငွေလွှဲအကျိုးဆောင်များနှင့် ငွေပို့ကြပါ။



ရဲမင်း (AAC မဟာမိတ်အဖွဲ့) မြန်မာလုပ်သားကူညီရေးနှင့် လူလိမ်ပွဲစား ဖော်ထုတ်နှိမ်နင်းတိုက်ဖျက်ရေး….

Credit – YE MIN


(Zawgyi)


နခြန္ပထုန္ ထိုင္းႏိုင္ငံေရာက္ MOU လုပ္သား ၁၀ ဦးမွ ေနပူထဲတြင္ ပင္ပန္းဆင္းရဲစြာ လုပ္ကိုင္ထားေသာ လုပ္အားခေလးမ်ား စုေဆာင္း၍ ျမဝတီၿမိဳ႕ရွိ ေငြလႊဲလုပ္ငန္း လုပ္ကိုင္ေသာ သဲထက္ေအာင္ အသက္ (၄၁) ႏွစ္မွ လိုင္းေပၚတြင္ ေၾကညာထားသည္ကို ယုံၾကည္မိၿပီး
က်ပ္ေငြသိန္း ၆၀ အား ဝန္ေဆာင္ခေပး အိမ္ျပန္ပို႔ခိုင္းခဲ့ေပမယ့္ အိမ္မပို႔ပဲ ထြက္ေျပး တိမ္းေရွာင္ေနခဲ့ပါတယ္။


အလုပ္သမားမ်ားက ေအေအစီ ကိုရဲမင္းရွိရာ ျမဝတီသို႔ လိုက္လာၿပီး အကူအညီေတာင္းရာ မဟာခ်ိဳင္မွာ ႐ုံးစိုက္ထားေသာ AAC ဒါ႐ိုတ္တာဦးခိုင္ ဦးေဆာင္ေသာ အဖြဲ႕သားမ်ားႏွင့္ ခ်ိတ္ဆက္စုံစမ္းၿပီး ယေန႔ညေနမွာ တရားခံအား ဖမ္းဆီးခဲ့ပါတယ္။


ထိုင္းႏိုင္ငံ အုန္း႐ိုင္နယ္ေျမ စိုင္ဆီစိုင္ဟရပ္ကြက္တြင္ ပုန္းေရွာင္ေနေသာ တရားခံကို AAC ရဲ႕ အမာခံနယ္ေျမ သတင္းေပးမ်ားရဲ႕ စြမ္းေဆာင္မႈျဖင့္ သဲလြန္စရၿပီး ထိုင္းရဲကို ဖမ္းခိုင္းေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳး ျပေနသျဖင့္ AAC မွ ကိုယ္တိုင္ဖမ္း ရဲလက္အပ္ခဲ့ရတာပါ။


သိန္း ၆၀ လႊဲခဲ့ေပမယ့္ ယခုေလာေလာဆယ္ တရားခံရဲ႕ ဘဏ္ထဲမွ သိန္း ၃၀ ခန႔္သာ ျပန္ရပါတယ္၊ဖမ္းမိထားသည့္ သဲထက္ေအာင္ နဲ႔ ေငြလႊဲထားၿပီး အလိမ္ခံရသူမ်ား AAC ထံ ဆက္သြယ္ၾကပါ။


ျမန္မာလုပ္သားေတြ အေနနဲ႔ အြန္လိုင္းေပၚ မွ ေငြလႊဲေၾကညာေတြကို အရမ္းမယုံပါနဲ႔၊ စိတ္ခ်ယုံၾကည္ရေသာ ေငြလႊဲအက်ိဳးေဆာင္မ်ားႏွင့္ ေငြပို႔ၾကပါ။



ရဲမင္း (AAC မဟာမိတ္အဖြဲ႕) ျမန္မာလုပ္သားကူညီေရးႏွင့္ လူလိမ္ပြဲစား ေဖာ္ထုတ္ႏွိမ္နင္းတိုက္ဖ်က္ေရး….

Credit – YE MIN

Post a Comment

Previous Post Next Post