(Unicode)

ဟာ..ခင်ဗျား သေ မင်း မဟုတ်လား.. လာထိုင်….ဗျာ.. လက်ဖက်ရည်လေး ဘာလေး သောက်ပါဦး မင်းက ငါ့ကို သေမင်းမှန်း ဘယ်လို သိတုန်း ဟာ ခများ ဟာ အတော်သိသာနေတာကြီးကို စာအုပ်ကြီး တစ်အုပ်နဲ့ ဘေးလွယ်အိပ်ကြီး လွယ်လို့ လူတွေကို တစ်မေ့တစ်မော လိုက်ကြည့်နေတာ ခများ လူတစ်ယောက်ကို သေသေချာချာ စူးစိုက်ကြည့်နေတာ တစ်နေ့ကတွေ့တယ်၊ ဟော အခု အဲ့လူသေပြီလေ… အဲ့တော့ ခများသေမင်း လို့ ထင်မိတာနဲ့ စကားလှမ်းပြောကြည့်တာ… အခုလို ပြန်ပြောတော့ ပိုသေချာသွားတာပေါ့..


သူတစ်ချက်ပြုံးရင်း အနီးနား ဝင်ထိုင်သည်၊ လက်ဖက်ရည် ကျကျလေး တစ်ခွက်ဟေ့.. မင်းက အတော်လာတဲ့ကောင်ပဲ အချို ဆို ငါ့ကိုပတ်ပြေးလို့ အချို့များ ငါမှန်းသိရင်ကို အနားမကပ်ခံကြတော့ဘူး မင်းကျတော့ တစ်မျိုးကြီး.. ဟာ ဘာဆိုင်လဲ သေမင်းရ ခများက ခများ အလုပ်လုပ်တာပဲ ပြီးတော့ ခများက ကျနော်လေးစားတဲ့ ထမင်းချက်ကြီး ဦးဂွမ်တီ နဲ့ အတော်တူလို့ ဟဲဟဲ ဟုတ်တယ်ကောင်လေး ငါ့ကို လူတွေက မြင်ချင်သလို မြင်ကြတယ် မင်းက ဦးဂွမ်တီလို မြင်တော့လည်း ငါက မင်းကို ကောက်တွဲ လို့ခေါ်မယ်ကွာ.. ဘာတုန်းဗျ ကောက်တွဲ ကောက်တွဲဆိုတာ ကောင်လေးကို တရုတ်မကျ ဗမာမကျ ခေါ်တာကွာ သူပြုံးရင်း လက်ဖက်ရည် တစ်ကျိုက်မော့ချလိုက်သည်။



နေပါဦးဗျ ကျနော်မေးမလို့ ဦးလေး အခုတစ်လော ဒီဘက်ပိုင်း အတော်အလုပ်ကျနေတာလား ဘာလဲ အတော်သေကြလို့လား အင်း မင်းအသိတွေ ပါလို့မဟုတ်လား အင်း မင်းက မင်းအသိတွေပါမှ သတိထားမိတာကိုးကှ ငါကတော့ ငါ့အလုပ်ငါလုပ်နေတာပဲ လူတွေက ဒီလိုပဲ ကောက်တွဲ ဌားတုန်းက ဌားပြီး ပြန်တောင်းတော့ မသိချင်ယောင်ဆောင် မေ့ချင်ယောင်ဆောင်နေကြတယ်

ဘာကို ဌားတာတုန်းဗျ။ ခန္ဓာလေ ကောက်တွဲ မင်းတို့မှာ ရှိနေတဲ့ ခန်ဓာက ငါဌားထားတာ အချိန်နည်းနည်းလေးကြာတာနဲ့ မင်းတို့ကမေ့တော့တာပဲ ဒါပေမယ့် ငါကတော့ မေ့လို့မရဘူးကွ အချိန်အတိအကျ စေ့ပြီဆိုတာနဲ့ တစ်စက္ကန့်တောင် နောက်မကျစေဘဲ ပြန်သိမ်းရတာပဲ ဒီထဲမှာ အသေအချာ မှတ်ထားရတာ စာရင်းစာအုပ်ကြီး ပုတ်ပြရင်း ပြောလေသည်။ ဒါဆို ကျနော်လည်း ပါတာပေါ့.. အေးပါတာပေါ့… ဘာလဲ အချိန် ဘယ်လောက် ကျန်သေးလဲ မေးမလို့လား… ကောက်တွဲ ငါ့ကို လက်ဖက်ရည် တစ်ခွက်နဲ့ လာအစ်နေတယ်..

အဟီး မဟုတ်ပါဘူး ဦးလေးရယ် အချိန်ကျန်တော့လည်း ကျန်သလောက်ပေါ့ မကျန်တော့လည်း အရေးကြီးတာလေး မြန်မြန် လုပ်ရအောင်… မရဘူး ကောက်တွဲ.. Side effect သိပ်များတယ်.. အချိန်နည်းရင် မင်းဘာမှ မလုပ်နိုင် သေမှာကြောက်တဲ့စိတ်တဲ့ နေရမယ် အချိန်များရင် မင်းပျင်းရိအေးဆေးသွားမယ်.. မရဘူးကောက်တွဲ.. ဒါပေမယ့် မင်းသိဖို့က အရေးကြီး မကြီးတာတွေက မင်းဆုံးဖြတ်လို့လဲမရဘူး… ငါလည်း မပြောနိုင်ဘူး.. ငါသေချာပေါက်ပြောနိုင်တာက ငါလာခေါ်တဲ့အချိန် မင်းအတွက် အရေးကြီးဆုံး အလုပ်ဖြစ်တဲ့ အသက်ရှူတဲ့ကိစ္စကိုတောင် ရပ်ပြီး ငါ့နောက်လိုက်ရမှာပဲ..



စဉ်းစားကောက်တွဲ လောကမှာ အသက်ရှင်သန်ဖို့ အသက်ရှူရတာထက် အရေးကြီးတာ ဘာမှ မရှိဘူး.. အဲ့အလုပ်တောင် ပစ်ချခဲ့ရမှာ… အင်း ဟုတ်သားဗျ.. ဟုတ်တယ်ကောက်တွဲ၊ မင်း နောက်အပတ်ထဲ ချောင်းသာသွားရမယ်ဆိုပါတော့ မင်းဘာတွေလုပ်မလဲ… ဟိုတယ် ဘိုကင်ချိတ်တာတို့ ကားလက်မှတ်ဝယ်တာတို့ အဝတ်အစားရွေးတာ ထည့်တာ ပစ္စည်းတွေ ဝယ်တာ အာ အများကြီးပေါ့.. ပြင်ရဆင်ရမှာတွေ.. အဲ့တာတောင် နီးနီးနားနား ချောင်းသာနော်.. ပြင်ရတာတွေ များတယ်မို့လား.. ဒီနေ့သွား နောက်နေ့ရောက်မယ့် နေရာလေးတောင် ပြင်ရဆင်ရသေးရင် ဘယ်နေ့မှ ရောက်မယ်မှန်းမသိတဲ့ တမလွန် ခရီး ကိုကော ဘာတွေပြင်ပြီးပြီလဲ.. ဟိုမှာ ငွေရှိတိုင်း တည်းလို့ရတဲ့ ဟိုတယ်တွေမရှိဘူး.. ငွေကြေးတွေ သုံးမရဘူး.. ဝိတ်တွေလည်း သုံးမရဘူး.. အဲ့ဒီအတွက်ကော ဘာတွေပြင်ပြီး ပြီလဲ ကောက်တွဲ..

ဘယ့်နေ့မှ သွားရမယ် ဘယ်နေ့အထိ မသွားရဘူးဆိုပြီး သေချာနေတဲ့ ဆုံးဖြတ်ချက်တွေ မင်းတို့မှာ ရှိလို့လား… ဟင့်အင်း ။ကျနော်တို့မေ့နေ ကြတာ.. မဟုတ်ဘူး ကောက်တွဲ မေ့ထားကြတာ.. စစ်အစိုးရ လက်ထက်က နိုင်ငံရေးသမားတွေဟာ အိပ်ယာခေါင်းရင်းမှာ လွယ်အိတ်လေး တစ်လုံး ထားထားပြီး အိပ်တယ်။ အဲ့အိပ်ထဲ လိုတဲ့ တစ်ကိုယ်ရေ တစ်ကာယ ပစ္စည်းလေးတွေ ထည့်ထည့်ထားတယ်.. ဘယ်အချိန်လာခေါ်ခေါ် ထောင်ထဲလိုက်ရရင် အဆင်သင့်လေးဖြစ်အောင်ပေါ့.. အဲ့ လိုပဲ ကောက်တွဲ အဲ့ဥပမာလေးလိုပဲ.. မင်းတို့လည်း ဘယ်တော့ သွားရမယ်မှန်း မသိပေမဲ့၊ ကြိမ်းသေ သွားရမဲ့ ခရီး တစ်ခုအတွက် အထုပ်ကလေးတော့ ပြင်ထားသင့်တယ်ထင်တယ်။



ငါ လူတွေသွားခေါ်တဲ့အခါ ပြင်ဆင်မှု မရှိတဲ့ လူတွေဟာ အတော်လေး ဒုက္ခရောက်ကြတာကို မြင်နေရတယ် ကောက်တွဲ.. လမ်းတစ်လျောက် တစ်ငိုငို နဲ့.. အချို့ကြတော့ အတော်လေး တည်ငြိမ်ကြတယ် အေးအေးလူလူ ပဲ လိုက်လာတယ် လမ်းခရီးမှာလည်း အတော်လေး အဆင်ပြေတယ်။ မင်းမြင်အောင် ပြောရရင် နိုင်ငံခြား သွားသလို ပေါ့ ကောက်တွဲ မင်းကို အခု ငါ အမေရိကန် လွှတ်လိုက်မယ်။ ခနနေ လေယဉ်ကွင်းဆင်းရမယ်။ အဆင်ပြေပါ့မလား.. ဟာ ဘယ်ပြေမှာတုန်း .. အေး ပြင်ဆင်ထားတဲ့ လူကတော့ အဆင်ပြေတာပေါ့ကွ။ ဘယ်အချိန်ထသွားသွား အိုကေလေ.. သူတို့မှာ မမြင်ရတဲ့ ခရီးအတွက် ပြင်ဆင်ထားမှုတွေ သိပ်အားကောင်းတယ် ကောက်တွဲ..

မင်းမြင်အောင် သေချာပြောရရင် တမလွန် ခရီး ကို မကြောက်တဲ့သူတွေက သူတို့အတွက် သေချာပြင်ဆင်ထားကြလို့ပဲ.. ဒါန သီလ ဘာဝနာပေါ့… ကောက်တွဲ.. အေးဗျာ ကျုပ်လည်း လုပ်ဦးမှပါ… လုပ်ဦးမှ ဆိုတာ နောက်မှလို့ အဓိပ္ပါယ်ရတယ် ကောက်တွဲ…. Will ပဲ ရှိသေးတယ် ကောက်တွဲ Vbe going to.. အဆင့်မရောက်သေးဘူး.. အတော်လာတဲ့ သေမင်းလို့ ထင်နေပြီလားကောက်တွဲ မင်းတို့တွေ မသိနိုင်တဲ့ အချက်က ငါ မင်းတို့ကို ခန္ဓာ ဌားစဉ်မှာ Warranty တွေ ထည့်မပေးလိုက်ဘူး ကောက်တွဲ။ဘယ်နှစ်နှစ် အထိ ကျန်းမာနေပါ့မယ်ဆိုပြီး ငါ အာမမခံပေးလိုက်ဘူး… မင်းတို့ရဲ့ကောင်းမှု ကုသိုလ် အစဉ်လိုက် ရရှိတဲ့ ခန္ဓာကို ကောက်စွပ်သွားကြတာ.



ဘယ်အချိန်မှာ ဘာဖြစ်မယ် မသိနိုင်ဘူး.. ငါက ပုတ်ပြတ်ဌားလိုက်တာ… အဲ့တော့ ကျန်းမာစဉ်.. လုပ်နိုင်ကိုင်နိုင်ရှိစဉ် တစ်ခါတည်း လုပ်ထားကောက်တွဲ… အချိန်တိုင်းမှာ အာမခံမပါဘူး…. ဂျပန်မှာ သေဒါဏ်ကျတဲ့ လူတွေကို ဘယ်နေ့မှာ သတ်မယ်လို့ မပြောထားဘူး ကောက်တွဲ.. မနက်တိုင်း ရဲ နှစ်ယောက်က လာခေါ်ထုတ်တယ်.. သေဒါဏ်ပေးမယ့်အခန်းထဲလား.. ရေချိုးခန်း လားဆိုတာ မသိရဘူး.. လမ်းက တစ်ကြောင်းတည်း… ရေချိုးခန်းထဲ ရောက်မှပဲ သက်ပြင်းချပြီး.. တစ်ရက်တာ အသက်ရှင်ခွင့်ရတယ်… နေ့ရက်တိုင်းက သူတို့အတွက် နောက်ဆုံးရက်လိုပဲ..

ဟာ သူတိူ့နဲ့ ဘာဆိုင်လဲ ဦးလေးရာ.. သူတို့က ဥပဒေအရ သေဒါဏ်ကျနေတဲ့သူတွေလေ.. မင်းတို့ကကော ကောက်တွဲ ဘာထူးလည်း… ငါသေဒါဏ်ချပြီး သားသူတွေလေ.. ကွာတာဆိုလို့… စကားအဖြစ်ကပ်ပြောရရင်.. သူတို့ကမှ ဒီမနက် မသေရင် တစ်ရက်တာ အသက်ရှင်ခွင့် ရသေးတယ်.. မင်းတို့က မနက်မသေပေမယ့် ညနေ ရှင်ပါ့မယ် ဘယ်သူ မှ အာမမခံနိုင်ဘူး… ကောက်တွဲ…မင်းစဉ်းစား စရာတွေ သိပ်များသွားပြီလား…. ဟုတ်တယ်ဦးလေး.. အဲ့တာဆို ဘဝကြီးက တစ်မျိုးကြီး ဖြစ်သွားမှာပေါ့ ဦးလေး…ဟာတာတာကြီးလိုလို…ဝမ်းနည်းလာသလိုလို…

ဟဲဟဲ ကောက်တွဲ … ဘဝကြီးက ဘဝကြီးပဲ လောကကြီးက လောကကြီးပဲ… ခန္ဓာရလာတော့ သေမှာပဲ… မသေခင် ပြင်ချိန်ရတယ်လို့မှတ် ရသလောက် ဒါန သီလ ဘာဝနာတွေ ကယ့်ယူ.. ခရီးရှည် တစ်ခု ထွက်ဖို့ရှိတယ်ဆိူတာ မမေ့နဲ့… ပြင်ဆင်မှုတွေ အားကောင်းလာလေလေ.. မင်းပျော်ရွှင်လာလေ ဖြစ်လာလိမ့်မယ်… ခရီးအတွက် စိတ်အေး သွားရင်.. မင်းပေါ့ပါး လန်းဆန်းလာလိမ့်မယ်… တစ်ခုတော့ ရှိတယ်.. ဒီဘဝ တစ်ခုတည်းနဲ့ ခရီးဆုံးကို ရောက်နိုင်ရင်တော့.. တစ်ခါတည်း ကိစ္စပြတ်တာပေါ့… ပြတ်လောက်တဲ့ အားထုတ်မှုမျိုး မရနိုင်ဘူးဆိုရင်တော့.. အကောင်းဆုံး ပြင်ဆင်မှုလေးတွေ လုပ်ထားဖို့တော့ လိုမယ်…

သွားမယ် ကောက်တွဲ… လက်ဖက်ရည် တစ်ခွက် အတွက် မင်းပြန်ရတာတွေ တန်ရောပေါ့….. ဦးလေးက လုပ်ပြီ.. ဘာတွေ ရဖို့ဆိုပြီး ကျနော် လက်ဖက်ရည် တိုက်တာ မှ မဟုတ်တာ.. ဦးလေးကို မြင်တာနဲ့… ခင်ချင်စဖွယ် လေးစားသဖွယ်ကြီး ဖြစ်နေလို့…. ငါလည်း မင်းကို အဲ့လို မြင်ပါတယ်.. ခင်ပါတယ်…ဒါ့ကြောင့်လည်း စိတ်လို လက်ရ ိမင်းအတွက် လိုအပ်တာတွေ ပြောပြတာပေါ့… ခင်ရင် မြန်မြန် ခေါ်မှာလား နှေးနှေး ခေါ်မှာလား…. ဟဲဟဲ… ဟားဟား တစ်ကယ်လာတဲ့ကောင် လစ်တာနဲ့အစ်တာပဲ… ဒါတော့ မပြောနိုင်ဘူးမောင်.. ဒါပေမယ့် ပြောနိုင်တာ တစ်ခုကတော့.. ငါအခု ပြောသွားတာတွေ.. မင်းသေချာနားလည်မယ်ဆိုရင်.. ငါလာခေါ်တဲ့အခါ..အဆင်သင့်ကောက်လိုက်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာမယ်ဆိုတာပဲ…

မင်းကို လာခေါ်တဲ့အခါ.. အပြန်လမ်း တစ်လျောက် အခုလို အေးအေးလူလူ လက်ဖက်ရည် ထိုင်သောက်ချင်ပါသေးတယ်… ……… ပြောပြောဆိုဆို ဖြုတ်ခနဲ အပျောက် ဘေးဝိုင်းက ဆေးလိပ်မီးခိုးတွေကြား ရောရောင်ပြီး ပျောက်သွားလေရဲ့….. ဘဝမှာ တန်ဖိုး အရှိဆုံး မနက်စာကို ပြောပါဆိုရင်တော့ ဘုရားရှင်ကို မဖူးတွေ့ရခင်အချိန်ထိ.. ဒီ လက်ဖက်ရည် တစ်ခွက် ဖြစ်နေ ပါလိမ့်မယ်



Credit Original

(Zawgyi)

ဟာ..ခင္ဗ်ား ေသ မင္း မဟုတ္လား.. လာထိုင္….ဗ်ာ.. လက္ဖက္ရည္ေလး ဘာေလး ေသာက္ပါဦး မင္းက ငါ့ကို ေသမင္းမွန္း ဘယ္လို သိတုန္း ဟာ ခမ်ား ဟာ အေတာ္သိသာေနတာႀကီးကို စာအုပ္ႀကီး တစ္အုပ္နဲ႔ ေဘးလြယ္အိပ္ႀကီး လြယ္လို႔ လူေတြကို တစ္ေမ့တစ္ေမာ လိုက္ၾကည့္ေနတာ ခမ်ား လူတစ္ေယာက္ကို ေသေသခ်ာခ်ာ စူးစိုက္ၾကည့္ေနတာ တစ္ေန႔ကေတြ႕တယ္၊ ေဟာ အခု အဲ့လူေသၿပီေလ… အဲ့ေတာ့ ခမ်ားေသမင္း လို႔ ထင္မိတာနဲ႔ စကားလွမ္းေျပာၾကည့္တာ… အခုလို ျပန္ေျပာေတာ့ ပိုေသခ်ာသြားတာေပါ့..


သူတစ္ခ်က္ၿပဳံးရင္း အနီးနား ဝင္ထိုင္သည္၊ လက္ဖက္ရည္ က်က်ေလး တစ္ခြက္ေဟ့.. မင္းက အေတာ္လာတဲ့ေကာင္ပဲ အခ်ိဳ ဆို ငါ့ကိုပတ္ေျပးလို႔ အခ်ိဳ႕မ်ား ငါမွန္းသိရင္ကို အနားမကပ္ခံၾကေတာ့ဘူး မင္းက်ေတာ့ တစ္မ်ိဳးႀကီး.. ဟာ ဘာဆိုင္လဲ ေသမင္းရ ခမ်ားက ခမ်ား အလုပ္လုပ္တာပဲ ၿပီးေတာ့ ခမ်ားက က်ေနာ္ေလးစားတဲ့ ထမင္းခ်က္ႀကီး ဦးဂြမ္တီ နဲ႔ အေတာ္တူလို႔ ဟဲဟဲ ဟုတ္တယ္ေကာင္ေလး ငါ့ကို လူေတြက ျမင္ခ်င္သလို ျမင္ၾကတယ္ မင္းက ဦးဂြမ္တီလို ျမင္ေတာ့လည္း ငါက မင္းကို ေကာက္တြဲ လို႔ေခၚမယ္ကြာ.. ဘာတုန္းဗ် ေကာက္တြဲ ေကာက္တြဲဆိုတာ ေကာင္ေလးကို တ႐ုတ္မက် ဗမာမက် ေခၚတာကြာ သူၿပဳံးရင္း လက္ဖက္ရည္ တစ္က်ိဳက္ေမာ့ခ်လိုက္သည္။



ေနပါဦးဗ် က်ေနာ္ေမးမလို႔ ဦးေလး အခုတစ္ေလာ ဒီဘက္ပိုင္း အေတာ္အလုပ္က်ေနတာလား ဘာလဲ အေတာ္ေသၾကလို႔လား အင္း မင္းအသိေတြ ပါလို႔မဟုတ္လား အင္း မင္းက မင္းအသိေတြပါမွ သတိထားမိတာကိုးကွ ငါကေတာ့ ငါ့အလုပ္ငါလုပ္ေနတာပဲ လူေတြက ဒီလိုပဲ ေကာက္တြဲ ဌားတုန္းက ဌားၿပီး ျပန္ေတာင္းေတာ့ မသိခ်င္ေယာင္ေဆာင္ ေမ့ခ်င္ေယာင္ေဆာင္ေနၾကတယ္

ဘာကို ဌားတာတုန္းဗ်။ ခႏၶာေလ ေကာက္တြဲ မင္းတို႔မွာ ရွိေနတဲ့ ခန္ဓာက ငါဌားထားတာ အခ်ိန္နည္းနည္းေလးၾကာတာနဲ႔ မင္းတို႔ကေမ့ေတာ့တာပဲ ဒါေပမယ့္ ငါကေတာ့ ေမ့လို႔မရဘူးကြ အခ်ိန္အတိအက် ေစ့ၿပီဆိုတာနဲ႔ တစ္စကၠန႔္ေတာင္ ေနာက္မက်ေစဘဲ ျပန္သိမ္းရတာပဲ ဒီထဲမွာ အေသအခ်ာ မွတ္ထားရတာ စာရင္းစာအုပ္ႀကီး ပုတ္ျပရင္း ေျပာေလသည္။ ဒါဆို က်ေနာ္လည္း ပါတာေပါ့.. ေအးပါတာေပါ့… ဘာလဲ အခ်ိန္ ဘယ္ေလာက္ က်န္ေသးလဲ ေမးမလို႔လား… ေကာက္တြဲ ငါ့ကို လက္ဖက္ရည္ တစ္ခြက္နဲ႔ လာအစ္ေနတယ္..

အဟီး မဟုတ္ပါဘူး ဦးေလးရယ္ အခ်ိန္က်န္ေတာ့လည္း က်န္သေလာက္ေပါ့ မက်န္ေတာ့လည္း အေရးႀကီးတာေလး ျမန္ျမန္ လုပ္ရေအာင္… မရဘူး ေကာက္တြဲ.. Side effect သိပ္မ်ားတယ္.. အခ်ိန္နည္းရင္ မင္းဘာမွ မလုပ္ႏိုင္ ေသမွာေၾကာက္တဲ့စိတ္တဲ့ ေနရမယ္ အခ်ိန္မ်ားရင္ မင္းပ်င္းရိေအးေဆးသြားမယ္.. မရဘူးေကာက္တြဲ.. ဒါေပမယ့္ မင္းသိဖို႔က အေရးႀကီး မႀကီးတာေတြက မင္းဆုံးျဖတ္လို႔လဲမရဘူး… ငါလည္း မေျပာႏိုင္ဘူး.. ငါေသခ်ာေပါက္ေျပာႏိုင္တာက ငါလာေခၚတဲ့အခ်ိန္ မင္းအတြက္ အေရးႀကီးဆုံး အလုပ္ျဖစ္တဲ့ အသက္ရႉတဲ့ကိစၥကိုေတာင္ ရပ္ၿပီး ငါ့ေနာက္လိုက္ရမွာပဲ..



စဥ္းစားေကာက္တြဲ ေလာကမွာ အသက္ရွင္သန္ဖို႔ အသက္ရႉရတာထက္ အေရးႀကီးတာ ဘာမွ မရွိဘူး.. အဲ့အလုပ္ေတာင္ ပစ္ခ်ခဲ့ရမွာ… အင္း ဟုတ္သားဗ်.. ဟုတ္တယ္ေကာက္တြဲ၊ မင္း ေနာက္အပတ္ထဲ ေခ်ာင္းသာသြားရမယ္ဆိုပါေတာ့ မင္းဘာေတြလုပ္မလဲ… ဟိုတယ္ ဘိုကင္ခ်ိတ္တာတို႔ ကားလက္မွတ္ဝယ္တာတို႔ အဝတ္အစားေ႐ြးတာ ထည့္တာ ပစၥည္းေတြ ဝယ္တာ အာ အမ်ားႀကီးေပါ့.. ျပင္ရဆင္ရမွာေတြ.. အဲ့တာေတာင္ နီးနီးနားနား ေခ်ာင္းသာေနာ္.. ျပင္ရတာေတြ မ်ားတယ္မို႔လား.. ဒီေန႔သြား ေနာက္ေန႔ေရာက္မယ့္ ေနရာေလးေတာင္ ျပင္ရဆင္ရေသးရင္ ဘယ္ေန႔မွ ေရာက္မယ္မွန္းမသိတဲ့ တမလြန္ ခရီး ကိုေကာ ဘာေတြျပင္ၿပီးၿပီလဲ.. ဟိုမွာ ေငြရွိတိုင္း တည္းလို႔ရတဲ့ ဟိုတယ္ေတြမရွိဘူး.. ေငြေၾကးေတြ သုံးမရဘူး.. ဝိတ္ေတြလည္း သုံးမရဘူး.. အဲ့ဒီအတြက္ေကာ ဘာေတြျပင္ၿပီး ၿပီလဲ ေကာက္တြဲ..

ဘယ့္ေန႔မွ သြားရမယ္ ဘယ္ေန႔အထိ မသြားရဘူးဆိုၿပီး ေသခ်ာေနတဲ့ ဆုံးျဖတ္ခ်က္ေတြ မင္းတို႔မွာ ရွိလို႔လား… ဟင့္အင္း ။က်ေနာ္တို႔ေမ့ေန ၾကတာ.. မဟုတ္ဘူး ေကာက္တြဲ ေမ့ထားၾကတာ.. စစ္အစိုးရ လက္ထက္က ႏိုင္ငံေရးသမားေတြဟာ အိပ္ယာေခါင္းရင္းမွာ လြယ္အိတ္ေလး တစ္လုံး ထားထားၿပီး အိပ္တယ္။ အဲ့အိပ္ထဲ လိုတဲ့ တစ္ကိုယ္ေရ တစ္ကာယ ပစၥည္းေလးေတြ ထည့္ထည့္ထားတယ္.. ဘယ္အခ်ိန္လာေခၚေခၚ ေထာင္ထဲလိုက္ရရင္ အဆင္သင့္ေလးျဖစ္ေအာင္ေပါ့.. အဲ့ လိုပဲ ေကာက္တြဲ အဲ့ဥပမာေလးလိုပဲ.. မင္းတို႔လည္း ဘယ္ေတာ့ သြားရမယ္မွန္း မသိေပမဲ့၊ ႀကိမ္းေသ သြားရမဲ့ ခရီး တစ္ခုအတြက္ အထုပ္ကေလးေတာ့ ျပင္ထားသင့္တယ္ထင္တယ္။



ငါ လူေတြသြားေခၚတဲ့အခါ ျပင္ဆင္မႈ မရွိတဲ့ လူေတြဟာ အေတာ္ေလး ဒုကၡေရာက္ၾကတာကို ျမင္ေနရတယ္ ေကာက္တြဲ.. လမ္းတစ္ေလ်ာက္ တစ္ငိုငို နဲ႔.. အခ်ိဳ႕ၾကေတာ့ အေတာ္ေလး တည္ၿငိမ္ၾကတယ္ ေအးေအးလူလူ ပဲ လိုက္လာတယ္ လမ္းခရီးမွာလည္း အေတာ္ေလး အဆင္ေျပတယ္။ မင္းျမင္ေအာင္ ေျပာရရင္ ႏိုင္ငံျခား သြားသလို ေပါ့ ေကာက္တြဲ မင္းကို အခု ငါ အေမရိကန္ လႊတ္လိုက္မယ္။ ခနေန ေလယဥ္ကြင္းဆင္းရမယ္။ အဆင္ေျပပါ့မလား.. ဟာ ဘယ္ေျပမွာတုန္း .. ေအး ျပင္ဆင္ထားတဲ့ လူကေတာ့ အဆင္ေျပတာေပါ့ကြ။ ဘယ္အခ်ိန္ထသြားသြား အိုေကေလ.. သူတို႔မွာ မျမင္ရတဲ့ ခရီးအတြက္ ျပင္ဆင္ထားမႈေတြ သိပ္အားေကာင္းတယ္ ေကာက္တြဲ..

မင္းျမင္ေအာင္ ေသခ်ာေျပာရရင္ တမလြန္ ခရီး ကို မေၾကာက္တဲ့သူေတြက သူတို႔အတြက္ ေသခ်ာျပင္ဆင္ထားၾကလို႔ပဲ.. ဒါန သီလ ဘာဝနာေပါ့… ေကာက္တြဲ.. ေအးဗ်ာ က်ဳပ္လည္း လုပ္ဦးမွပါ… လုပ္ဦးမွ ဆိုတာ ေနာက္မွလို႔ အဓိပၸါယ္ရတယ္ ေကာက္တြဲ…. Will ပဲ ရွိေသးတယ္ ေကာက္တြဲ Vbe going to.. အဆင့္မေရာက္ေသးဘူး.. အေတာ္လာတဲ့ ေသမင္းလို႔ ထင္ေနၿပီလားေကာက္တြဲ မင္းတို႔ေတြ မသိႏိုင္တဲ့ အခ်က္က ငါ မင္းတို႔ကို ခႏၶာ ဌားစဥ္မွာ Warranty ေတြ ထည့္မေပးလိုက္ဘူး ေကာက္တြဲ။ဘယ္ႏွစ္ႏွစ္ အထိ က်န္းမာေနပါ့မယ္ဆိုၿပီး ငါ အာမမခံေပးလိုက္ဘူး… မင္းတို႔ရဲ႕ေကာင္းမႈ ကုသိုလ္ အစဥ္လိုက္ ရရွိတဲ့ ခႏၶာကို ေကာက္စြပ္သြားၾကတာ.



ဘယ္အခ်ိန္မွာ ဘာျဖစ္မယ္ မသိႏိုင္ဘူး.. ငါက ပုတ္ျပတ္ဌားလိုက္တာ… အဲ့ေတာ့ က်န္းမာစဥ္.. လုပ္ႏိုင္ကိုင္ႏိုင္ရွိစဥ္ တစ္ခါတည္း လုပ္ထားေကာက္တြဲ… အခ်ိန္တိုင္းမွာ အာမခံမပါဘူး…. ဂ်ပန္မွာ ေသဒါဏ္က်တဲ့ လူေတြကို ဘယ္ေန႔မွာ သတ္မယ္လို႔ မေျပာထားဘူး ေကာက္တြဲ.. မနက္တိုင္း ရဲ ႏွစ္ေယာက္က လာေခၚထုတ္တယ္.. ေသဒါဏ္ေပးမယ့္အခန္းထဲလား.. ေရခ်ိဳးခန္း လားဆိုတာ မသိရဘူး.. လမ္းက တစ္ေၾကာင္းတည္း… ေရခ်ိဳးခန္းထဲ ေရာက္မွပဲ သက္ျပင္းခ်ၿပီး.. တစ္ရက္တာ အသက္ရွင္ခြင့္ရတယ္… ေန႔ရက္တိုင္းက သူတို႔အတြက္ ေနာက္ဆုံးရက္လိုပဲ..

ဟာ သူတိူ႔နဲ႔ ဘာဆိုင္လဲ ဦးေလးရာ.. သူတို႔က ဥပေဒအရ ေသဒါဏ္က်ေနတဲ့သူေတြေလ.. မင္းတို႔ကေကာ ေကာက္တြဲ ဘာထူးလည္း… ငါေသဒါဏ္ခ်ၿပီး သားသူေတြေလ.. ကြာတာဆိုလို႔… စကားအျဖစ္ကပ္ေျပာရရင္.. သူတို႔ကမွ ဒီမနက္ မေသရင္ တစ္ရက္တာ အသက္ရွင္ခြင့္ ရေသးတယ္.. မင္းတို႔က မနက္မေသေပမယ့္ ညေန ရွင္ပါ့မယ္ ဘယ္သူ မွ အာမမခံႏိုင္ဘူး… ေကာက္တြဲ…မင္းစဥ္းစား စရာေတြ သိပ္မ်ားသြားၿပီလား…. ဟုတ္တယ္ဦးေလး.. အဲ့တာဆို ဘဝႀကီးက တစ္မ်ိဳးႀကီး ျဖစ္သြားမွာေပါ့ ဦးေလး…ဟာတာတာႀကီးလိုလို…ဝမ္းနည္းလာသလိုလို…

ဟဲဟဲ ေကာက္တြဲ … ဘဝႀကီးက ဘဝႀကီးပဲ ေလာကႀကီးက ေလာကႀကီးပဲ… ခႏၶာရလာေတာ့ ေသမွာပဲ… မေသခင္ ျပင္ခ်ိန္ရတယ္လို႔မွတ္ ရသေလာက္ ဒါန သီလ ဘာဝနာေတြ ကယ့္ယူ.. ခရီးရွည္ တစ္ခု ထြက္ဖို႔ရွိတယ္ဆိူတာ မေမ့နဲ႔… ျပင္ဆင္မႈေတြ အားေကာင္းလာေလေလ.. မင္းေပ်ာ္႐ႊင္လာေလ ျဖစ္လာလိမ့္မယ္… ခရီးအတြက္ စိတ္ေအး သြားရင္.. မင္းေပါ့ပါး လန္းဆန္းလာလိမ့္မယ္… တစ္ခုေတာ့ ရွိတယ္.. ဒီဘဝ တစ္ခုတည္းနဲ႔ ခရီးဆုံးကို ေရာက္ႏိုင္ရင္ေတာ့.. တစ္ခါတည္း ကိစၥျပတ္တာေပါ့… ျပတ္ေလာက္တဲ့ အားထုတ္မႈမ်ိဳး မရႏိုင္ဘူးဆိုရင္ေတာ့.. အေကာင္းဆုံး ျပင္ဆင္မႈေလးေတြ လုပ္ထားဖို႔ေတာ့ လိုမယ္…

သြားမယ္ ေကာက္တြဲ… လက္ဖက္ရည္ တစ္ခြက္ အတြက္ မင္းျပန္ရတာေတြ တန္ေရာေပါ့….. ဦးေလးက လုပ္ၿပီ.. ဘာေတြ ရဖို႔ဆိုၿပီး က်ေနာ္ လက္ဖက္ရည္ တိုက္တာ မွ မဟုတ္တာ.. ဦးေလးကို ျမင္တာနဲ႔… ခင္ခ်င္စဖြယ္ ေလးစားသဖြယ္ႀကီး ျဖစ္ေနလို႔…. ငါလည္း မင္းကို အဲ့လို ျမင္ပါတယ္.. ခင္ပါတယ္…ဒါ့ေၾကာင့္လည္း စိတ္လို လက္ရ ိမင္းအတြက္ လိုအပ္တာေတြ ေျပာျပတာေပါ့… ခင္ရင္ ျမန္ျမန္ ေခၚမွာလား ေႏွးေႏွး ေခၚမွာလား…. ဟဲဟဲ… ဟားဟား တစ္ကယ္လာတဲ့ေကာင္ လစ္တာနဲ႔အစ္တာပဲ… ဒါေတာ့ မေျပာႏိုင္ဘူးေမာင္.. ဒါေပမယ့္ ေျပာႏိုင္တာ တစ္ခုကေတာ့.. ငါအခု ေျပာသြားတာေတြ.. မင္းေသခ်ာနားလည္မယ္ဆိုရင္.. ငါလာေခၚတဲ့အခါ..အဆင္သင့္ေကာက္လိုက္ႏိုင္တဲ့ လူတစ္ေယာက္ျဖစ္လာမယ္ဆိုတာပဲ…

မင္းကို လာေခၚတဲ့အခါ.. အျပန္လမ္း တစ္ေလ်ာက္ အခုလို ေအးေအးလူလူ လက္ဖက္ရည္ ထိုင္ေသာက္ခ်င္ပါေသးတယ္… ……… ေျပာေျပာဆိုဆို ျဖဳတ္ခနဲ အေပ်ာက္ ေဘးဝိုင္းက ေဆးလိပ္မီးခိုးေတြၾကား ေရာေရာင္ၿပီး ေပ်ာက္သြားေလရဲ႕….. ဘဝမွာ တန္ဖိုး အရွိဆုံး မနက္စာကို ေျပာပါဆိုရင္ေတာ့ ဘုရားရွင္ကို မဖူးေတြ႕ရခင္အခ်ိန္ထိ.. ဒီ လက္ဖက္ရည္ တစ္ခြက္ ျဖစ္ေန ပါလိမ့္မယ္

Post a Comment

Previous Post Next Post