(Unicode)


ရန် ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့တွင် ဓားထောက်၍ ကားလုမောင်းပြေးသူအား မိနစ်ပိုင်းအ တွင်း ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းမှူး ဒုရဲမှူးပိုထွန်းက ပြည်မြန်မာကို ပြောသည်။


ဇူလိုင်လ ၄ ရက် ည ၈နာရီခွဲခန့်က ကျောတံတားမြို့နယ် ၊ အနော်ရထားလမ်းပေါ် ၃၉လမ်းနှင့် ဆိမ်ကမ်း သာလမ်းကြားတွင် ကားပါကင်ထိုးနေစဉ် ကျူးလွန်သူအမျိုးသားက ကားနောက်ခန်း တံခါးကိုဖွင့်၍ ဝင်ရောက်လာပြီး ဓားထောက်ခြိမ်းခြောက်ကာ ကားကိုလုယူ မောင်းထွက်ပြေးသွားခြင်း ဖြစ်သည်။



ကားလုယူခံရသူကကျောက်တံတားမြို့နယ်မြို့မရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ရာ မြို့မရဲစခန်းမြို့နယ်မှူး ဦးမျိုးသက်ဦးဆောင်သောရဲတပ်ဖွဲ့မှ Control center ကိုဆက်သွယ်ပြီး ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းလည်းသိရသည်။

ယင်းချိတ်ဆက်မှုကြောင့် အဆိုပါကျူးလွန်သူမောင်းနှင်နေသော ကားလမ်းကြောင်းကို သိရှိခဲ့ရခြင်း ဖြစ်ကြောင်း၊၎င်းသည် အနော်ရလမ်းမှ ဆူးလေဘုရားလမ်း၊ ဆူးလေဘုရားလမ်းမှ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်လမ်းမှ မှတစ်ဆင့် ဗိုလ်အောင်လမ်းအတိုင်း မောင်းထွက်ပြေးခြင်းဖြစ်ပြီး ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



”ကားကိုလုပြီး မောင်ထွက်သွားတော့ ကျွန်မအမျိုးသားက သူ့အသိ တက္ကဆီသမားတွေနဲ့ အနောက် ကလိုက်တယ်။ ရဲကားတွေကလည်း အနော်ရထားလမ်းအတိုင်း လမ်းပြောင်းပြန် မောင်ပြီး လိုက်ဖမ်းတာ နာရီဝက်လောက်အတွင်းမှာ ဖမ်းမိသွားပါတယ်” ဟု ကာယကံရှင်၏ အမျိုးသမီးကပြောသည်။

ယင်းဖြစ်မှ ပြစ်မှုကျူးလွန်သူ အသက် ၃၂အရွယ် အမျိုးသားသည် ဆေးကြောင်နေသည့် လက္ခဏာရှိ သောကြောင့် ၎င်းနေထိုင်ရာ ၃၉လမ်းအထက်ဘလောက်ရှိနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဆေးပြား ၁၀ ပြား သိမ်းဆီး ရမိကြောင်း ၊ ၎င်းအား မိသားစုဝင်များမှ နေအိမ်တွင် တစ်ယောက်တည်းထားခဲ့ကြောင်း ဒုရဲမှူး ပိုထွန်းက ပြောသည်။

” အိမ်ပေါ်က ဆင်းသွားတဲ့ သူ့မိန်းမနဲ့ ကလေးနှစ်ယောက်ကို လိုက်ရှာချင်လို့ ကားယူတာလို့ပြောတယ်။ ကားပေါ်မှာပါတဲ့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ကို ဘာမှ မယူသွားဘူး။ ကျွန်မအမျိုးသားလည်း ဘာမှ ထိခိုက်မှု မရှိခဲ့ဘူး။ ကားလည်း ဘာမှမဖြစ်ခဲ့ပါဘူး” ဟု ကာယကံရှင်၏ အမျိုးသမီးကပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကားလုယူမောင်းပြေးသူအား ကာယကံရှင်ဘက်မှ ထိခိုက် ဆုံးရှုံးမှုများ မရှိခဲ့ သောကြောင့် အမှုဖွင့်တိုင်းကြားခြင်း မရှိခဲ့သော်လည်း ၎င်းအား ကျောက်တံတားမြို့မ ရဲစခန်းက မူးယစ် ဆေးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

လေးစားစွာဖြင့် ခရစ်ဒက် ….Kyaw Swar Myint


(Zawgyi)


ရန္ ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕တြင္ ဓားေထာက္၍ ကားလုေမာင္းေျပးသူအား မိနစ္ပိုင္းအ တြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း ေက်ာက္တံတားၿမိဳ႕မ ရဲစခန္းမႉး ဒုရဲမႉးပိုထြန္းက ျပည္ျမန္မာကို ေျပာသည္။


ဇူလိုင္လ ၄ ရက္ ည ၈နာရီခြဲခန္႔က ေက်ာတံတားၿမိဳ႕နယ္ ၊ အေနာ္ရထားလမ္းေပၚ ၃၉လမ္းႏွင့္ ဆိမ္ကမ္း သာလမ္းၾကားတြင္ ကားပါကင္ထိုးေနစဥ္ က်ဴးလြန္သူအမ်ိဳးသားက ကားေနာက္ခန္း တံခါးကိုဖြင့္၍ ၀င္ေရာက္လာၿပီး ဓားေထာက္ၿခိမ္းေျခာက္ကာ ကားကိုလုယူ ေမာင္းထြက္ေျပးသြားျခင္း ျဖစ္သည္။



ကားလုယူခံရသူကေက်ာက္တံတားၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းသို႔သြားေရာက္တိုင္တန္းခဲ့ရာ ၿမိဳ႕မရဲစခန္းၿမိဳ႕နယ္မႉး ဦးမ်ိဳးသက္ဦးေဆာင္ေသာရဲတပ္ဖြဲ႕မွ Control center ကိုဆက္သြယ္ၿပီး ခ်ိတ္ဆက္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ ေၾကာင္းလည္းသိရသည္။

ယင္းခ်ိတ္ဆက္မႈေၾကာင့္ အဆိုပါက်ဴးလြန္သူေမာင္းႏွင္ေနေသာ ကားလမ္းေၾကာင္းကို သိရွိခဲ့ရျခင္း ျဖစ္ေၾကာင္း၊၄င္းသည္ အေနာ္ရလမ္းမွ ဆူးေလဘုရားလမ္း၊ ဆူးေလဘုရားလမ္းမွ ဗိုလ္ခ်ဳပ္လမ္း၊ ဗိုလ္ခ်ဳပ္လမ္းမွ မွတစ္ဆင့္ ဗိုလ္ေအာင္လမ္းအတိုင္း ေမာင္းထြက္ေျပးျခင္းျဖစ္ၿပီး ဗိုလ္ေအာင္ေက်ာ္လမ္း အလယ္ဘေလာက္အေရာက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။



”ကားကိုလုၿပီး ေမာင္ထြက္သြားေတာ့ ကြၽန္မအမ်ိဳးသားက သူ႔အသိ တကၠဆီသမားေတြနဲ႔ အေနာက္ ကလိုက္တယ္။ ရဲကားေတြကလည္း အေနာ္ရထားလမ္းအတိုင္း လမ္းေျပာင္းျပန္ ေမာင္ၿပီး လိုက္ဖမ္းတာ နာရီ၀က္ေလာက္အတြင္းမွာ ဖမ္းမိသြားပါတယ္” ဟု ကာယကံရွင္၏ အမ်ိဳးသမီးကေျပာသည္။

ယင္းျဖစ္မွ ျပစ္မႈက်ဴးလြန္သူ အသက္ ၃၂အ႐ြယ္ အမ်ိဳးသားသည္ ေဆးေၾကာင္ေနသည့္ လကၡဏာရွိ ေသာေၾကာင့္ ၄င္းေနထိုင္ရာ ၃၉လမ္းအထက္ဘေလာက္ရွိေနအိမ္သို႔ ၀င္ေရာက္ရွာေဖြရာ ေဆးျပား ၁၀ ျပား သိမ္းဆီး ရမိေၾကာင္း ၊ ၄င္းအား မိသားစု၀င္မ်ားမွ ေနအိမ္တြင္ တစ္ေယာက္တည္းထားခဲ့ေၾကာင္း ဒုရဲမႉး ပိုထြန္းက ေျပာသည္။

” အိမ္ေပၚက ဆင္းသြားတဲ့ သူ႔မိန္းမနဲ႔ ကေလးႏွစ္ေယာက္ကို လိုက္ရွာခ်င္လို႔ ကားယူတာလို႔ေျပာတယ္။ ကားေပၚမွာပါတဲ့ ပိုက္ဆံအိတ္တို႔ ဖုန္းတို႔ကို ဘာမွ မယူသြားဘူး။ ကြၽန္မအမ်ိဳးသားလည္း ဘာမွ ထိခိုက္မႈ မရွိခဲ့ဘူး။ ကားလည္း ဘာမွမျဖစ္ခဲ့ပါဘူး” ဟု ကာယကံရွင္၏ အမ်ိဳးသမီးကေျပာသည္။

ထိုျဖစ္စဥ္ႏွင့္ပတ္သက္၍ ကားလုယူေမာင္းေျပးသူအား ကာယကံရွင္ဘက္မွ ထိခိုက္ ဆုံးရႈံးမႈမ်ား မရွိခဲ့ ေသာေၾကာင့္ အမႈဖြင့္တိုင္းၾကားျခင္း မရွိခဲ့ေသာ္လည္း ၄င္းအား ေက်ာက္တံတားၿမိဳ႕မ ရဲစခန္းက မူးယစ္ ေဆးပုဒ္မျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ေလးစားစြာျဖင့္ ခရစ္ဒက္ ….Kyaw Swar Myint

Post a Comment

Previous Post Next Post