(Unicode)

ပုံမှန်ဝင်ငွေ မရှိ တဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းကျော် ကို အိမ်ထောင် တစ်စု ကို ကျပ်ငွေ နှစ်သောင်းစီ ထောက်ပံ့ဖို့ ဇူလိုင်လ ( ဒီလ ) နောက်ဆုံးပတ် မှာ စပြီး ထောက်ပံ့ မှာ ဖြစ် ပါ တယ် ” ဟု ဦးဇော်ဌေး က ပြောကြား ခဲ့ ပါ တယ် ။

ပုံမှန်ဝင်ငွေ မ ရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု များအား ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့ခြင်းကို ဇူလိုင်လ ကုန်တွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက သမ္မတအိမ်တော် တွင် ယနေ့ညနေပိုင်းက ပြုလုပ် သည့် သတင်းစာ ရှင်းလ င်းပွဲ တွင် ပြောကြားခဲ့ခြင်း ဖြစ် ပါ တယ် ။



ကိုဗစ် ကာလ တွင် စည်းမျဉ်း စည်းကမ်း များ ကန့်သတ်ခြင်း၊ လူစုလူဝေး မလုပ်ရန် ကန့်သတ်ခြင်း စသည် ကန့်သတ်မှု များကြောင့် ထိခိုက် နစ်နာရသည့် ပုံမှန်ဝင် ငွေမရှိသော အိမ်ထောင်စုများ အား ထောက် ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိ ရ သည် ။

“တတိယ အကြိမ် အနေ နဲ့ အခြေခံစားကုန် (၅)မျိုး ဖြန့်ဖြူး ခဲ့တဲ့ အိမ်ထောင် စုပေါင်း လေးသန်းကျော် ရယ်၊ အကြောင်း အမျိုးမျိုးကြောင့် ကျန် ခဲ့တဲ့ အတွက် ကျပ် တစ်သောင်းခွဲ ထောက်ပံ့ ခဲ့တဲ့ အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သန်းကျော် ပေါင်းလိုက်ရင် ၅ ဒသမ ၄ သန်းကျော် ရှိတယ်။ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင် စုပေါင်း ၅ ဒသမ ၄ သန်းကျော် ကို အိမ်ထောင် တစ်စု ကို ကျပ်ငွေ နှစ်သောင်းစီ ထောက်ပံ့ဖို့ ဇူလိုင်လ ( ဒီလ ) နောက်ဆုံးပတ် မှာ စပြီး ထောက်ပံ့မှာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေး က ပြောကြား ခဲ့ ပါ တယ် ။


ဇူလိုင်လကုန်တွင် စတင် ဆောင်ရွက် မည့် ငွေကြေး ထောက်ပံ့မှု တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရှမ်းပြည်နယ် ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စသည့် သုံးမြို့နယ်အား Mobile Payment များဖြင့် စမ်းသပ် ဆောင်ရွက် မှာ ဖြစ် ပါ တယ် ။ နိုင်ငံတော်အစိုးရ အနေဖြင့် အခြေခံ လူတန်းစားများ အတွက် ထောက်ပံ့ခြင်း ကို ပထမအကြိမ် အဖြစ် အခြေခံ စားနပ်ရိက္ခာ (၅) မျိုးအား အိမ်ထောင်စု ၄ သန်း ကျော်ကို ထောက်ပံ့ ပေးခဲ့ပြီး ကျပ် ၅၀ ဘီလီယံ အသုံးပြုခဲ့ကြောင်း သိရ ပါ တယ် ။

ထို့အပြင် ပထမအကြိမ်တွင် ကျန်ရစ်ခဲ့ သည့် အိမ်ထောင်စု ၁ ဒသမ ၄ သန်းကျော် ကို ဒုတိယ အကြိမ်အဖြစ် အိမ်ထောင် တစ်စုလျှင် ငွေကျပ် တစ်သောင်း ငါးထောင် နှုန်းဖြင့် ထောက်ပံ့ခဲ့ရာ ကျပ် ၂၁ ဘီလီယံခန့် ထောက်ပံ့ ပေးခဲ့ပြီး ဖြစ် ပါ တယ် ။ စတုတ္ထ အကြိမ် ထောက်ပံ့မှု တွင် လည်း အိမ်ထောင် စုပေါင်း ၅ ဒသမ ၄ သန်းကျော်ကို ကျပ် နှစ်သောင်းစီ ထောက်ပံ့သွားမည် ဖြစ်ကာ အဆိုပါ ထောက်ပံ့မှုအား သြဂုတ်လ နောက်ဆုံးပတ် တွင် ဆောင်ရွက်ရန် စီမံထားကြောင်း သိရှိ ရသ ည် ။


(Zawgyi)









Post a Comment

Previous Post Next Post