(Unicode)


ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇူလိုင် ၂၆ ရက် ညနေ ၃ နာရီခွဲလောက်က လယ်ကွင်းထဲမှာ ကောက်စိုက်နေစဉ် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ချခံရလို့ သေဆုံးသွားပါတယ်။


ဖျာပုံမြို့နယ်၊ အစီးကလေးကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာနေ ဒေါ်ကြည်(၅၇နှစ်)ဟာ လယ်ကွင်းထဲမှာ ကောက်စိုက်နေစဉ် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်ချခံရလို့ မျက်နှာနဲ့ ဦးခေါင်း၊ ခန္ဓာကိုယ်တို့မှာ မီးလောင် ညိုမဲဒဏ်ရာတွေရပြီး သေဆုံးသွားတာဖြစ်ပါတယ်။



သေဆုံးသွားတဲ့ အမျိုးသမီးရဲ့မိသားစုကို ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းက စာဖြူစု ကျေးရွာသို့ သွားရောက်ပြီး ငွေကျပ် ၃ သိန်းထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ဒီနှစ် မိုးရာသီအတွင်းမှာ ဖျာပုံခရိုင်အတွင်း မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတဲ့ သူ ၄ ဦးရှိတယ်လို့ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။


(Zawgyi)


ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕နယ္မွာ ဇူလိုင္ ၂၆ ရက္ ညေန ၃ နာရီခြဲေလာက္က လယ္ကြင္းထဲမွာ ေကာက္စိုက္ေနစဥ္ အမ်ိဳးသမီးတစ္ဦး မိုးႀကိဳးပစ္ခ်ခံရလို႔ ေသဆုံးသြားပါတယ္။


ဖ်ာပုံၿမိဳ႕နယ္၊ အစီးကေလးေက်း႐ြာအုပ္စု၊ စာျဖဴစုေက်း႐ြာေန ေဒၚၾကည္(၅၇ႏွစ္)ဟာ လယ္ကြင္းထဲမွာ ေကာက္စိုက္ေနစဥ္ ႐ုတ္တရက္ မိုး႐ြာသြန္းၿပီး မိုးႀကိဳးပစ္ခ်ခံရလို႔ မ်က္ႏွာနဲ႔ ဦးေခါင္း၊ ခႏၶာကိုယ္တို႔မွာ မီးေလာင္ ညိဳမဲဒဏ္ရာေတြရၿပီး ေသဆုံးသြားတာျဖစ္ပါတယ္။


ေသဆုံးသြားတဲ့ အမ်ိဳးသမီးရဲ႕မိသားစုကို ဖ်ာပုံခ႐ိုင္ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာန၊ခ႐ိုင္ဦးစီးမႉး ဦးေမာ္ႏိုင္ထြန္းက စာျဖဴစု ေက်း႐ြာသို႔ သြားေရာက္ၿပီး ေငြက်ပ္ ၃ သိန္းေထာက္ပံ့ခဲ့တယ္လို႔ သိရပါတယ္။ဒီႏွစ္ မိုးရာသီအတြင္းမွာ ဖ်ာပုံခ႐ိုင္အတြင္း မိုးႀကိဳးပစ္ခံရလို႔ ေသဆုံးသြားတဲ့ သူ ၄ ဦးရွိတယ္လို႔ ဖ်ာပုံခ႐ိုင္ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဦးစီးဌာနက သိရပါတယ္။

Credit Original

Post a Comment

Previous Post Next Post