(Unicode)


မြန်မာ့ရုပ်ရှင်လောကရဲ့ နာမည်ကျော်မင်းသားကြီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီ ငါးဆုရှင် မင်းသားကြီးဦးကျော်ဟိန်းကတော့ဦးဇင်းကြီးဘဝနဲ့သာသနာ့ဘောင်မှာ ၁၂ နှစ်တိုင်တိုင် မွေ့လျော်ခဲ့ပြီးမှ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဦးဇင်းကြီး ပျံလွန်တော်မူအပြီးမှာပဲ အနုပညာရှင်အများအပြားက ဝမ်းနည်းကြောင်းစကားတွေဖွင့်ဟလာခဲ့ကြပြီး နာမည်ကျော်မင်းသားကြီး ဦးကျော်သူ က မြန်မာ့ရုပ်ရှင်အစည်းအရုံးကိုဦးကျော်ဟိန်းအတွက် ရုပ်ထုထုကာ ဂုဏ်ပြုပေးဖို့ တောင်းဆိုခဲ့တဲ့အထိ မြန်မာ့ရုပ်ရှင်လောကအတွက် ဆုံးရှုံးမှု ကြီးမားခဲ့တာပါ။

ဦးကျော်ဟိန်းရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ ကိုနေဝင်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ ထင်ပေါ်ကျော်ကြားခြင်းမရှိဘဲ ဘဝကို ဖြတ်သန်းနေခဲ့တာဖြစ်ပြီး တွေ့ဆုံမေးမြန်းမှုတစ်ခုမှာတော့ ဒီလိုနေထိုင်ရတဲ့ အကြောင်းအရင်းကို


“ဦးဇင်းကြီး / ကျနော့် အဖေ က သူလုပ်ခဲ့လို့ သူနာမည် ရခဲ့တာ .. ကျနော် တို့ နာမည် ရခဲ့တာမှ မဟုတ်တာ။ ဦးဇင်းကြီး နာမည်ကြောင့် ကျနော် တို့ အကျိုးအမြတ်တွေ အကူအညီတွေ အများကြီး ရခဲ့ပေမယ့် ကျနော် သည် ဦးကျော်ဟိန်းမဟုတ်ခဲ့ဘူး။ ငါ ဦးကျော်ဟိန်း ရဲ့ သား .. လုပ်ချင်ရာ လုပ်မယ် ဆိုတာမျိုး လုပ်ခွင့် မရှိခဲ့ပါဘူး ” လို့ ပြတ်ပြတ်သားသားပဲပြောဆိုလာခဲ့ပါတယ်။



အဖေနာမည်သုံးပြီး ထင်ပေါ်ကျော်ကြားအောင်မနေခဲ့သလို ဦးကျော်ဟိန်းက ဝါသနာပါရာကိုလည်းစိတ်ကြိုက်ရွေးချယ် စေခဲ့တယ်လို့ ဆိုပါတယ်။



” အနုပညာ အလုပ်ဆိုတာမျိုးက လက်ဆင့်ကမ်းလို့ရတယ်ဆိုတာမျိုးမဟုတ်ဘူးလေ။နိုင်ငံတကာမှာလည်းဒါမျိုးမရှိဘူး။တခြားစီးပွားရေးလုပ်ငန်းတွေလို လက်လွှဲယူလို့ရတာမျိုးလည်းမဟုတ်ဘူးလေ။တကယ့်ကို ရူးသွပ်နေမှရတာ။အဖေက ကျနော့ကိုမင်းဘာစိတ်ဝင်စားလဲလို့မေးပြီးစိတ်ကြိုက်လုပ်ခိုင်းခဲ့တာလို့ ဦးကျော်ဟိန်းရဲ့ လမ်းညွန်ပေးခဲ့မှုတွေကို လည်းဖွင့်ဟလာခဲ့ပါတယ်။



ကိုနေဝင်းကအဖေဖြစ်သူ မင်းသားကြီးဦးကျော်ဟိန်း နဲ့ အမှတ်တရတွေကိုလည်း ပြန်လည်ဝေမျှခဲ့ပါသေးတယ်။ အများကို ကူညီချင်ရင် မိမိကိုယ်တိုင်က အဆင့်တစ်ခုသေချာရှိနေမှ ကူညီနိုင်မယ့်အကြောင်းလည်း သစ်တပင်ကောင်း ငှက်တစ်သောင်းနားရ ဆိုတဲ့စကားပုံလေးနဲ့ နှိုင်းယှဉ်ဆုံးမခဲ့သေးတယ်လို့ဆိုပါတယ်။


မိမိကိုယ်ကို အကောင်းဆုံး ပြင်ဆင်နေထိုင်သွားနိုင်ရုံသာမက သားဖြစ်သူကိုပါ လမ်းကြောင်းမှန်ကို ညွှန်ပြပေးနိုင်ခဲ့တဲ့ ဦးကျော်ဟိန်းရဲ့ ဘဝနေနည်းနဲ့ ဒဿန တွေကတော့ တကယ့်ကိုမှတ်သားလောက်စရာတွေပါပဲ ပရိသတ်ကြီးရေ။အားလုံးပဲ အတုယူမှတ်သားနိုင်ကြမယ်လို့လည်း မျှော်လင့်မိပါတယ်နော်

(Zawgyi)


ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ နာမည္ေက်ာ္မင္းသားႀကီးတစ္ဦးျဖစ္တဲ့ အကယ္ဒမီ ငါးဆုရွင္ မင္းသားႀကီးဦးေက်ာ္ဟိန္းကေတာ့ဦးဇင္းႀကီးဘဝနဲ႔သာသနာ့ေဘာင္မွာ ၁၂ ႏွစ္တိုင္တိုင္ ေမြ႕ေလ်ာ္ခဲ့ၿပီးမွ ၂၀၂၀ ခုႏွစ္ ဇူလိုင္လ ၁၁ ရက္ေန႔မွာေတာ့ ဘဝနတ္ထံပ်ံလြန္ေတာ္မူသြားခဲ့ၿပီပဲျဖစ္ပါတယ္။

ဦးဇင္းႀကီး ပ်ံလြန္ေတာ္မူအၿပီးမွာပဲ အႏုပညာရွင္အမ်ားအျပားက ဝမ္းနည္းေၾကာင္းစကားေတြဖြင့္ဟလာခဲ့ၾကၿပီး နာမည္ေက်ာ္မင္းသားႀကီး ဦးေက်ာ္သူ က ျမန္မာ့႐ုပ္ရွင္အစည္းအ႐ုံးကိုဦးေက်ာ္ဟိန္းအတြက္ ႐ုပ္ထုထုကာ ဂုဏ္ျပဳေပးဖို႔ ေတာင္းဆိုခဲ့တဲ့အထိ ျမန္မာ့႐ုပ္ရွင္ေလာကအတြက္ ဆုံးရႈံးမႈ ႀကီးမားခဲ့တာပါ။

ဦးေက်ာ္ဟိန္းရဲ႕ တစ္ဦးတည္းေသာသားျဖစ္တဲ့ ကိုေနဝင္းကေတာ့ ႐ိုး႐ိုးရွင္းရွင္းနဲ႔ ထင္ေပၚေက်ာ္ၾကားျခင္းမရွိဘဲ ဘဝကို ျဖတ္သန္းေနခဲ့တာျဖစ္ၿပီး ေတြ႕ဆုံေမးျမန္းမႈတစ္ခုမွာေတာ့ ဒီလိုေနထိုင္ရတဲ့ အေၾကာင္းအရင္းကို



“ဦးဇင္းႀကီး / က်ေနာ့္ အေဖ က သူလုပ္ခဲ့လို႔ သူနာမည္ ရခဲ့တာ .. က်ေနာ္ တို႔ နာမည္ ရခဲ့တာမွ မဟုတ္တာ။ ဦးဇင္းႀကီး နာမည္ေၾကာင့္ က်ေနာ္ တို႔ အက်ိဳးအျမတ္ေတြ အကူအညီေတြ အမ်ားႀကီး ရခဲ့ေပမယ့္ က်ေနာ္ သည္ ဦးေက်ာ္ဟိန္းမဟုတ္ခဲ့ဘူး။ ငါ ဦးေက်ာ္ဟိန္း ရဲ႕ သား .. လုပ္ခ်င္ရာ လုပ္မယ္ ဆိုတာမ်ိဳး လုပ္ခြင့္ မရွိခဲ့ပါဘူး ” လို႔ ျပတ္ျပတ္သားသားပဲေျပာဆိုလာခဲ့ပါတယ္။



အေဖနာမည္သုံးၿပီး ထင္ေပၚေက်ာ္ၾကားေအာင္မေနခဲ့သလို ဦးေက်ာ္ဟိန္းက ဝါသနာပါရာကိုလည္းစိတ္ႀကိဳက္ေ႐ြးခ်ယ္ ေစခဲ့တယ္လို႔ ဆိုပါတယ္။


” အႏုပညာ အလုပ္ဆိုတာမ်ိဳးက လက္ဆင့္ကမ္းလို႔ရတယ္ဆိုတာမ်ိဳးမဟုတ္ဘူးေလ။ႏိုင္ငံတကာမွာလည္းဒါမ်ိဳးမရွိဘူး။တျခားစီးပြားေရးလုပ္ငန္းေတြလို လက္လႊဲယူလို႔ရတာမ်ိဳးလည္းမဟုတ္ဘူးေလ။တကယ့္ကို ႐ူးသြပ္ေနမွရတာ။အေဖက က်ေနာ့ကိုမင္းဘာစိတ္ဝင္စားလဲလို႔ေမးၿပီးစိတ္ႀကိဳက္လုပ္ခိုင္းခဲ့တာလို႔ ဦးေက်ာ္ဟိန္းရဲ႕ လမ္းၫြန္ေပးခဲ့မႈေတြကို လည္းဖြင့္ဟလာခဲ့ပါတယ္။



ကိုေနဝင္းကအေဖျဖစ္သူ မင္းသားႀကီးဦးေက်ာ္ဟိန္း နဲ႔ အမွတ္တရေတြကိုလည္း ျပန္လည္ေဝမွ်ခဲ့ပါေသးတယ္။ အမ်ားကို ကူညီခ်င္ရင္ မိမိကိုယ္တိုင္က အဆင့္တစ္ခုေသခ်ာရွိေနမွ ကူညီႏိုင္မယ့္အေၾကာင္းလည္း သစ္တပင္ေကာင္း ငွက္တစ္ေသာင္းနားရ ဆိုတဲ့စကားပုံေလးနဲ႔ ႏႈိင္းယွဥ္ဆုံးမခဲ့ေသးတယ္လို႔ဆိုပါတယ္။


မိမိကိုယ္ကို အေကာင္းဆုံး ျပင္ဆင္ေနထိုင္သြားႏိုင္႐ုံသာမက သားျဖစ္သူကိုပါ လမ္းေၾကာင္းမွန္ကို ၫႊန္ျပေပးႏိုင္ခဲ့တဲ့ ဦးေက်ာ္ဟိန္းရဲ႕ ဘဝေနနည္းနဲ႔ ဒႆန ေတြကေတာ့ တကယ့္ကိုမွတ္သားေလာက္စရာေတြပါပဲ ပရိသတ္ႀကီးေရ။အားလုံးပဲ အတုယူမွတ္သားႏိုင္ၾကမယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္ေနာ္

Post a Comment

Previous Post Next Post