(Unicode)

သမ္မတ ဦးဝင်းမြင့် က တာမွေ မြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်တွင် ရွေး ကောက်ပွဲ ဝင်ပြိုင် မည်
လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ် ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်အတွက် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က အတည်ပြုပြောကြားလိုက်ပါတယ်။




ဒီ ကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်မှာ ၃ ရက်မြောက်နေ့အဖြစ်ဆက်လက်ကျင်းပနေပြီး ကိုယ်စားလှယ်လောင်းတွေ အတည်ပြုရွေးချယ်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။



ဒေါက်တာ ဇော်မြင့်မောင်က “ပြောနိုင်တာကတော့ ပထမဆုံး ခင်ဗျားတို့ သိချင်နေတာက ဒေါ်ဆောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်မှာ။ သမ္မတကြီး ဦးဝင်းမြင့်က တာမွေကနေ ပဲ ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်မှာ။ ဒါကတော့ ခင်ဗျားတို့ အားလုံး စိတ်ဝင်စားနေကြတဲ့ဟာပေါ့။ အဲတော့ ခင်ဗျားတို့မေးမေးနေတဲ့ ဝန်ကြီးချုပ်တွေရော ပြိုင်ကြမှာလားဆိုတော့ ယေဘုယျခြုံပြီး ပြောရမယ်ဆိုရင် ဝန်ကြီးချုပ်တွေမှာ အခွင့်အရေးရှိတယ်။ မပြိုင်ရဘူးလို့ ပြောထားတာမရှိဘူး။ သူတို့လည်း လျှောက်လွှာတင်ကြတယ်။ တော်တော်များများ ပြန်တင်ပါတယ်။ အဲဒီတော့ ဝန်ကြီးချုပ်တွေလည်း သက်ဆိုင်ရာ ပြည်နယ် တိုင်းက လျှောက်လွှာတင်ထားပါတယ်။ ကျနော်လည်း ပြန်အရွေးခံရတယ်။” လို့ပြောပါတယ်။



၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကနေ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၃၁ ဦး ဝင်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းစာရင်းကိုတော့ ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အန်အယ်လ်ဒီ ဝက်ဆိုက်ကနေတင်သွားမယ်လို့လည်း သိရပါတယ်။

ဒီဗွီဘီ

(Zawgyi)


သမၼတ ဦးဝင္းျမင့္ က တာေမြ ၿမိဳ႕နယ္၊ ေဒၚေအာင္ဆန္းစုၾကည္က ေကာ့မႉးၿမိဳ႕နယ္တြင္ ေ႐ြး ေကာက္ပြဲ ဝင္ၿပိဳင္ မည္
လာမယ့္ ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္က တာေမြၿမိဳ႕နယ္ ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေကာ့မႉးၿမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္မဲ ဆႏၵနယ္အတြက္ ဝင္ေရာက္ ယွဥ္ၿပိဳင္မွာ ျဖစ္တယ္လို႔ ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ေဇာ္ျမင့္ေမာင္က အတည္ျပဳေျပာၾကားလိုက္ပါတယ္။




ဒီ ကေန႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (အန္အယ္လ္ဒီ) ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးကို ေနျပည္ေတာ္မွာ ၃ ရက္ေျမာက္ေန႔အျဖစ္ဆက္လက္က်င္းပေနၿပီး ကိုယ္စားလွယ္ေလာင္းေတြ အတည္ျပဳေ႐ြးခ်ယ္တဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။



ေဒါက္တာ ေဇာ္ျမင့္ေမာင္က “ေျပာႏိုင္တာကေတာ့ ပထမဆုံး ခင္ဗ်ားတို႔ သိခ်င္ေနတာက ေဒၚေဆာင္ဆန္းစုၾကည္က ေကာ့မႉးၿမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္မွာ ဝင္ၿပိဳင္မွာ။ သမၼတႀကီး ဦးဝင္းျမင့္က တာေမြကေန ပဲ ျပည္သူ႔လႊတ္ေတာ္မွာ ဝင္ၿပိဳင္မွာ။ ဒါကေတာ့ ခင္ဗ်ားတို႔ အားလုံး စိတ္ဝင္စားေနၾကတဲ့ဟာေပါ့။ အဲေတာ့ ခင္ဗ်ားတို႔ေမးေမးေနတဲ့ ဝန္ႀကီးခ်ဳပ္ေတြေရာ ၿပိဳင္ၾကမွာလားဆိုေတာ့ ေယဘုယ်ၿခဳံၿပီး ေျပာရမယ္ဆိုရင္ ဝန္ႀကီးခ်ဳပ္ေတြမွာ အခြင့္အေရးရွိတယ္။ မၿပိဳင္ရဘူးလို႔ ေျပာထားတာမရွိဘူး။ သူတို႔လည္း ေလွ်ာက္လႊာတင္ၾကတယ္။ ေတာ္ေတာ္မ်ားမ်ား ျပန္တင္ပါတယ္။ အဲဒီေတာ့ ဝန္ႀကီးခ်ဳပ္ေတြလည္း သက္ဆိုင္ရာ ျပည္နယ္ တိုင္းက ေလွ်ာက္လႊာတင္ထားပါတယ္။ က်ေနာ္လည္း ျပန္အေ႐ြးခံရတယ္။” လို႔ေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အန္အယ္လ္ဒီပါတီကေန ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၁၁၃၁ ဦး ဝင္ၿပိဳင္မွာျဖစ္ၿပီး ကိုယ္စားလွယ္ေလာင္းစာရင္းကိုေတာ့ ဒီကေန႔ မြန္းလြဲ ၂ နာရီေလာက္မွာ အန္အယ္လ္ဒီ ဝက္ဆိုက္ကေနတင္သြားမယ္လို႔လည္း သိရပါတယ္။

ဒီဗြီဘီ

Post a Comment

Previous Post Next Post