(Unicode)

ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များအနေဖြင့် ပါတီနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ပါတီများနှင့် ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့် စပ်လျဉ်း ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးနောက်ပိုင်းတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီက နယ်မြေစည်းရုံးရေး လုပ်ငန်းများကို ဇူလိုင် ၂ ရက်တွင် စတင်လုပ်ဆောင်မည်ဟု ကြေညာထားသည်။UEC ( ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ) အနေနဲ့လည်း တရားမျှတစေချင်တယ်။ ဥပဒေနဲ့အညီ ဖြစ်စေချင် တယ်။ သူတို့က ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနဲ့ ကိုးကားခွင့်ပြုတယ်ပြောတာပေါ့။ တကယ်တမ်းတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သိရင် အစိုးရ ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်းဆောင်ရွက်ခွင့်မရှိပါဘူး ” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

လာမည့် နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်း ပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးေ ကာက်ပွဲအတွက် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြ ည်ခိုင်ဖြိုး)အနေဖြင့် ပါတီစတင်တည်ေ ထာင်ခဲ့သူ များအပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်ဖြင့် မဲဆွယ်မှုများကို ပြုလုပ်သွား မည်ဖြစ်ကြောင်း ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။ သမ္မတဟောင်း ဦးသိန်းစိန်အနေဖြင့် လက်ရှိတွင် ပါတီ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သလို ရွေးေ ကာက်ပွဲတွင် ပါတီအောင်နိုင်ေ ရးအတွက် ဝန်းရံသွားမည်ြ ဖစ်ကြောင်း၊သိရသည်။


ပါတီစတင်တည်ေ ထာင်သူများ ကို လိုအပ်ပါက ဥပဒေနှင့်အညီ မဲဆွယ်ခြင်းနေရာများတွင် အသုံးပြုသွားမ ည်ဖြစ်ကြောင်း ၎င်းက ပြော သည်။သမ္မတဦးသိန်းစိန်က အခုချိန်အထိလည်း ပါတီဝင်ဖြစ်တယ်။ တစ်ချိန်က လည်း ခေါင်းဆောင် လည်းဖြစ်တယ်။ ဒါကရှင်းတယ် ဟုတ် တယ်မ ဟုတ်လား။ သမ္မတကြီးအေ နနဲ့လည်း ပါတီအောင်နိုင်ရေးကို ဝန်းရံဖို့ရှိတယ်။ သူရဲ့အသက်အရွယ် သွားလာနိုင်မှု အပေါ်မှာပဲ မူ တည်လိမ့်မ ယ်လို့ ဒီလိုပဲပြောချင်ပါတယ်။

ပါတီစတင်တည်ထောင်သူများနဲ့ ပတ်သက်ပြီး လိုအပ်ရင် ဥပဒေနဲ့အညီဆိုရင် သင့်သလိုလုပ်မယ်။ ဥပဒေနဲ့မညီရင်တော့ ပြည်ခိုင်ဖြိုးက ဘာမှ မလုပ်ပါဘူး ” ဟု ဦးသိန်းထွန်းဦးက ပြောသည်။ပြည်ထောင် စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ယခင်တပ်မတော် ကာကွယ်ရေးဦးစီး ချူပ်ဟောင်း ဗိုလ်ချူပ်မှူးကြီးသန်းေ ရွှက တည်ထောင်ခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ၂၀၁၀ ပြည့်နှစ် အေ ထွထွေရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။

ယင်းနောက် ထပ်မံပြီး ယခင်တပ်မ တော်ခေါင်းေ ဆာင်တစ်ဦးဖြ စ်သော သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ၂၀၁၅တွင် ဥက္ကဋ္ဌနေရာမှ ဖယ်ရှားခဲ့သည်။ လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ဦးသန်းဌေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ဗဟိုအလုပ်မှုဆောင် ၄၀ ခန့်ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။ပါတီ၏ မဲဆွယ်စည်းရုံးခြင်း ကိစ္စများနှင့် ပတ်သက်ပြီး ” လာမယ့် ၁၅ ရက်နေ့ကို လကုန်အထိ သက်တမ်း မတိုးပါစေနဲ့ ဆုတောင်းရ မှာပဲနော်။

သက်တမ်းတိုး မှုရှိနေရင် ထပ်ကန့်သတ်ချက်တွေ ရှိမယ်။ အစိုးရအဖွဲ့ကျတော့ တစ်ရက်နေ့က စပြီးတော့ မဲဆွယ်စည်း ရုံးခွင့်ရပြီးတော့ တို့ကျတော့ ကိုဗစ် ကန့်သတ်ချက်နဲ့အညီ ဆက်လက်ရပ်တည်ဆိုတော့ တရားသလားဆိုတာ နားထောင်လိုက်ရင်ကို သိသာပါတယ် ” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

REF: SHWE LIKE


(Zawgyi)









REF: SHWE LIKE

Post a Comment

Previous Post Next Post