(Unicode)


ရှမ်းပြည် နယ် မြောက် ပိုင်း၊ သီပေါမြို့ ရှိ သီပေါ တံတားပေါ် မှ ဒုဌဝတီမြစ် အတွင်း သို့ ခုန်ချသွား သော အမျိုး သမီး အား ဇူလိုင်လ (၂၉)ညနေ (၆) နာရီ အချိန် ခန့် က သေဆုံး လျက် ပြန် လည် တွေ့ရှိ ခဲ့ကြောင်း သိရ သည်။

သီပေါမြို့ အတွက် သီပေါ တံတားပေါ်မှ ဒုဌဝတီမြစ် အတွင်းသို့ မစော်မီသာ( ခ)ပွင့်ဖြူအောင် (၃၉)နှစ် သည် ဇူလိုင် လ (၂၈) ရက် ည ၈ နာရီ အချိန်ခန့် က ခုန်ချသွားခဲ့ပြီး ၎င်းရုပ်အလောင်း ကို သီပေါ တံတား မြစ်အောက်ဘက် နောင်အိန်ကျေး ရွာအနီး ကမ်းစပ်ရှိ သစ်ငုတ်တစ်ခု၌ ချိတ်နေသည်ကို ဒေသခံများက တွေ့ရှိခဲ့သည်။


အဆို ပါ တွေ့ရှိခဲ့ သော အမျိုး သမီး ရုပ်အလောင်းအား နယ်စည်းမခြား ပရဟိတ အသင်း (သီပေါ) ၊ အဖြူရောင် ကမ်းလက် များ ပရဟိတအသင်း (ကျောက်မဲ)၊ သီပေါလူငယ် လူမှုကူညီရေးအသင်းတို့မှ သွားရောက် သယ်ယူကာ သီပေါပြည်သူ့ ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော် တို့ ညနေ (၆) နာရီအချိန်ခန့်မှာ သီပေါ တံတားအောက်ပိုင်း နောင်အင်ရွာ ကမ်းစပ်မှာ သစ်ငုတ်တိုနဲ့ ငြိနေတဲ့ အမျိုး သမီး ရုပ်အလောင်းကို တွေ့ရှိ‌ကြောင်း အကြောင်းကြားလာပါတယ်၊ ဒါ‌ကြောင့် သွားရောက် ဆယ်ယူလာ ပါတယ်။ သူမိဘတွေနဲ့လည်း တွေ့ပြီးပါပြီ၊ သူ့မိဘတွေက ဘွဲ့ယူထားတဲ့ ဓါတ်ပုံတွေလည်း ယူလာပြီးပြ တယ်၊ မြစ်အတွင်း ခုန်ချသေဆုံးသွားတဲ့သူက ပြင်ဦးလွင်မှာ အိမ်ထောင်ကျနေတာလို့ သိရတယ်၊ ဒီနေ့ နေ့လည် ၁ နာရီမှာ မီးသ င်္ဂြိုလ် မှာပါ” ဟု နယ်စည်းမခြား ပရဟိတအသင်း (သီပေါ) ဥက္ကဋ္ဌ ကိုမျိုးက ပြောကြားသည်။



သီပေါ တံတားပေါ်တွင် မိန်းမစီးဖိနပ်တစ်ရံ အဝတ်အိတ် တစ်ခုတို့ကို ဘေးချင်းကပ်တွေ့ရပြီး အဆိုပါ ခုန်ချမှုဖြစ် စဉ်ကို သီပေါမြို့ ဒေသခံနှစ်ဦးမှ ပေ ၁၀၀ ခန့်အကွာက မျက်မြင်တွေ့ရှိခဲ့ကြောင်း သိရပြီး သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဖြိုးဝေ ဦးစီးပြီး သီပေါမြို့မစခန်းမှူး ဒုရဲမှူးသန်းထွေး ဦးစီးအဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့မှုများ ပြုလုပ်ခဲ့ပြီး နယ် စည်းမခြား ပရဟိတအသင်း (သီပေါ)၊ အဖြူရောင်ကမ်းလက်များ ပရဟိတအသင်း (ကျောက်မဲ)၊ သီပေါလူငယ် လူမှု ကူညီရေးအသင်းတို့မှ မိုးရာသီကာလ ရေစီးသန်နေသော မြစ်အတွင်း နာရီပေါင်း ၂၂ နာရီအကြာ ကူညီဆယ် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆို ပါဖြစ် စဉ်နှင့် ပတ်သတ် ၍ အလား တူ အဖြစ် မျိုး မဖြစ်ပွား စေရန် တံတားလုံခြုံရေး တာဝန်ရှိသူများက စောင့်ကြည့် ပေးရန် လိုအပ်ပြီး ဖြစ်ပေါ်လာပါက ချက်ခြင်းတုန့်ပြန် ကယ်ဆယ်နိုင်ရန် စီမံထားသင့်ကြောင့် သီပေါ မြို့ခံ များထံ က သိရ သည်။

Crd:Eleven media


(Zawgyi)









Crd:Eleven media

Post a Comment

Previous Post Next Post