(Unicode)

ကျောင်းသားတွေ၊ မိဘတွေ ကတော့ ဖွင့်စေချင်ကြပါတယ်။ Quarantine လောက်ကို ဘော်ဒါဆောင်တွေက စိတ်ချရပါတယ်လို့ ယူဆ ချက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကမ္ဘာ့အခြေအနေ သုံးသပ်လိုက်တော့ ဘော်ဒါဆောင်တွေမျိုး အနေအထား ကို လုံခြုံတယ်လို့ မယူဆနိုင်သေးတာ တွေ့ရှိရပါတယ်။

ကျောင်းသူကျောင်းသားများ ကျန်းမာရေးအတွက် စိတ်ချရတာနဲ့အမျှ ကျောင်းတွေဖွင့်နိုင်ရေးကို ဆောင်ရွက်ပါမယ်။အထက်တန်းကျောင်း များ ပြန်လည်စတင်ဖွင့်တာ တတိယမြောက်နေ့ရှိသွားပါပြီ။ ကျန်းမာရေးအဆင့်မီတာကို တွေ့ရတာနဲ့အမျှ ကျောင်းတွေတိုးလို့ ဖွင့်ခွင့် လည်း ပေးနေပါတယ်။ပြန်လည်ဖွင့်လှစ်ခွင့်ပေးပြီးကျောင်းတွေထဲမှာ ကိုယ်ပိုင် ကျောင်း ၇၆၄ ကျောင်း ပါပါတယ်။

ကိုယ်ပိုင်ကျောင်း များမှ အစိုးရကျောင်းများသို့ ပြောင်းချင်တဲ့ ကျောင်းသူကျောင်းသားတွေ လည်း ရှိလာပါတယ်။ ပြောင်းရွှေ့လာ မည့်သူ အားလုံးကို ဝမ်းသာစွာ လက်ခံမှာပါ။ ကမ္ဘာ့ပညာရေး အဆင့် မြင့်ဆုံးနိုင်ငံအချို့မှာလို ကျွန်မတို့နိုင်ငံ မှာလည်း အစိုးရကျောင်းတွေက အ ကောင်းဆုံး ပညာသင်ပေးနိုင်တဲ့ အခြေအနေကို ရောက်ရှိစေ ချင်ပါတယ်။



လက်ရှိကျွန်မတို့နိုင်ငံအခြေအနေအရ ကိုယ်ပိုင်ကျောင်းတွေရဲ့ကဏ္ဍက တန်ဖိုးရှိပါတယ်။ ဒါ့ကြောင့် ဒီကျောင်းတွေ အဆင်ပြေရေးကို ကျွန် မတို့ အလေးထား ပါတယ်။ ဘော်ဒါဆောင် နဲ့ ကိုယ်ပိုင် ကျောင်းတွေကို ဖွင့်ပေးရေးကတော့ လောလောဆယ် မဖြစ်သေးပါဘူး။

REF: LET PAN

(Zawgyi)

ေက်ာင္းသားေတြ၊ မိဘေတြ ကေတာ့ ဖြင့္ေစခ်င္ၾကပါတယ္။ Quarantine ေလာက္ကို ေဘာ္ဒါေဆာင္ေတြက စိတ္ခ်ရပါတယ္လို႔ ယူဆ ခ်က္ေတြလည္း ရွိပါတယ္။ ဒါေပမဲ့ ကြၽန္မတို႔ ကမာၻ႔အေျခအေန သုံးသပ္လိုက္ေတာ့ ေဘာ္ဒါေဆာင္ေတြမ်ိဳး အေနအထား ကို လုံၿခဳံတယ္လို႔ မယူဆႏိုင္ေသးတာ ေတြ႕ရွိရပါတယ္။

ေက်ာင္းသူေက်ာင္းသားမ်ား က်န္းမာေရးအတြက္ စိတ္ခ်ရတာနဲ႔အမွ် ေက်ာင္းေတြဖြင့္ႏိုင္ေရးကို ေဆာင္႐ြက္ပါမယ္။အထက္တန္းေက်ာင္း မ်ား ျပန္လည္စတင္ဖြင့္တာ တတိယေျမာက္ေန႔ရွိသြားပါၿပီ။ က်န္းမာေရးအဆင့္မီတာကို ေတြ႕ရတာနဲ႔အမွ် ေက်ာင္းေတြတိုးလို႔ ဖြင့္ခြင့္ လည္း ေပးေနပါတယ္။ျပန္လည္ဖြင့္လွစ္ခြင့္ေပးၿပီးေက်ာင္းေတြထဲမွာ ကိုယ္ပိုင္ ေက်ာင္း ၇၆၄ ေက်ာင္း ပါပါတယ္။

ကိုယ္ပိုင္ေက်ာင္း မ်ားမွ အစိုးရေက်ာင္းမ်ားသို႔ ေျပာင္းခ်င္တဲ့ ေက်ာင္းသူေက်ာင္းသားေတြ လည္း ရွိလာပါတယ္။ ေျပာင္းေ႐ႊ႕လာ မည့္သူ အားလုံးကို ဝမ္းသာစြာ လက္ခံမွာပါ။ ကမာၻ႔ပညာေရး အဆင့္ ျမင့္ဆုံးႏိုင္ငံအခ်ိဳ႕မွာလို ကြၽန္မတို႔ႏိုင္ငံ မွာလည္း အစိုးရေက်ာင္းေတြက အ ေကာင္းဆုံး ပညာသင္ေပးႏိုင္တဲ့ အေျခအေနကို ေရာက္ရွိေစ ခ်င္ပါတယ္။

လက္ရွိကြၽန္မတို႔ႏိုင္ငံအေျခအေနအရ ကိုယ္ပိုင္ေက်ာင္းေတြရဲ႕က႑က တန္ဖိုးရွိပါတယ္။ ဒါ့ေၾကာင့္ ဒီေက်ာင္းေတြ အဆင္ေျပေရးကို ကြၽန္ မတို႔ အေလးထား ပါတယ္။ ေဘာ္ဒါေဆာင္ နဲ႔ ကိုယ္ပိုင္ ေက်ာင္းေတြကို ဖြင့္ေပးေရးကေတာ့ ေလာေလာဆယ္ မျဖစ္ေသးပါဘူး။

REF: LET PAN

Post a Comment

Previous Post Next Post