(Unicode)


မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အမြင့်ဆုံးစိုးရိမ်ရေမှတ်ရောက်ရှိရန် ၈ ပေသာလို ( ဇူလှိုင် ၈ )

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် တစ်ရက်လျှင် တစ်ပေခွဲ မြင့်တက်နေပြီး လာမည့် ဇူလိုင် ဒုတိယအပတ်အတွင်း အမြင့်ဆုံးစိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည် ) မန္တလေးဌာနခွဲမှ သိရသည်။



လက်ရှိ ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေသည် တစ်ရက်အတွင်း ပေဝက်လောက်နေပြီး မန္တလေးမြို့တွင် မြစ်ရေများဆက်လက်မြင့်တက်လာနိုင်ကာအမြင့်ဆုံးစိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်းသိရသည် ။

” စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ရှစ်ပေသာလိုတော့တယ် ၊ မန္တလေးမြို့မှာ ဇူလိုင်လရဲ့ဒုတိယအပတ်အကုန် တတိယအပတ်အကုန်လောက်မှာဆိုရင်နှစ်စဉ်နီးပါး စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရောက်ရှိတယ် ” ဟု အဆိုပါဌာနညွှန်ကြား ရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။



မန္တလေးတိုင်းဒေသကြီးတွင် မိုးကာလ၌ ရေကြီးရေလျှံမှု စသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ကူညီပံ့ပိုးပေးနိုင်ရန် ဗောကွင်း၊ အင်္ကျီ စသည့်အရေးပေါ် အသက်ကယ်ပစ္စည်းများ၊ ဒန်အိုး၊ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ အိပ်ရာ၊ မိုးကာတဲ စသည့်မိသားစုအသုံးအဆောင် ပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ ရေသန့်ဘူး၊ ရေသန့်စင်ဆေး စသည့်ပံ့ပိုးရေးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသိရသည် ။



မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၂၀၁၆၊ ၂၀၁၇ ၊ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တို့တွင် စိုးရိမ် ရေမှတ်အထက်ကို ကျော်လွန်ခဲ့ပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အမြင့်ဆုံးရေမှတ် ရောက်ရှိခဲ့သည့်နှစ်များမှာ ပထမအကြိမ် အဖြစ် ၁၉၇၄ခုနှစ်တွင် ၁၃၄၂စင်တီမီတာ၊ ဒုတိယအကြိမ်အဖြစ် ၂၀ဝ၄ခုနှစ်တွင် ၁၃၈၂စင်တီမီတာ၊ တတိယအကြိမ်အဖြစ် ၂၀၁၆ခုနှစ်တွင် ၁၃၂၅စင်တီမီတာဖြင့် အမြင့်ဆုံးရေမှတ်များသို့ ရောက်ရှိခဲ့သည်။

နေသူရိန်လင်း TheFifthWave

(Zawgyi)

မႏၲေလးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရ အျမင့္ဆုံးစိုးရိမ္ေရမွတ္ေရာက္ရွိရန္ ၈ ေပသာလို ( ဇူလႈိင္ ၈ )

မႏၲေလးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရသည္ တစ္ရက္လွ်င္ တစ္ေပခြဲ ျမင့္တက္ေနၿပီး လာမည့္ ဇူလိုင္ ဒုတိယအပတ္အတြင္း အျမင့္ဆုံးစိုးရိမ္ေရမွတ္ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန(အထက္ျမန္မာျပည္ ) မႏၲေလးဌာနခြဲမွ သိရသည္။



လက္ရွိ ဧရာဝတီျမစ္အထက္ပိုင္း ျမစ္ႀကီးနားၿမိဳ႕တြင္ ဧရာဝတီ ျမစ္ေရသည္ တစ္ရက္အတြင္း ေပဝက္ေလာက္ေနၿပီး မႏၲေလးၿမိဳ႕တြင္ ျမစ္ေရမ်ားဆက္လက္ျမင့္တက္လာႏိုင္ကာအျမင့္ဆုံးစိုးရိမ္ေရမွတ္ေရာက္ရွိႏိုင္ေၾကာင္းသိရသည္ ။

” စိုးရိမ္ေရမွတ္ကိုေရာက္ဖို႔ ရွစ္ေပသာလိုေတာ့တယ္ ၊ မႏၲေလးၿမိဳ႕မွာ ဇူလိုင္လရဲ႕ဒုတိယအပတ္အကုန္ တတိယအပတ္အကုန္ေလာက္မွာဆိုရင္ႏွစ္စဥ္နီးပါး စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ၿပီး ေရာက္ရွိတယ္ ” ဟု အဆိုပါဌာနၫႊန္ၾကား ေရးမႉး ဦးေက်ာ္လြင္ဦးက ေျပာသည္။



မႏၲေလးတိုင္းေဒသႀကီးတြင္ မိုးကာလ၌ ေရႀကီးေရလွ်ံမႈ စသည့္သဘာဝေဘးအႏၲရာယ္မ်ား ႀကဳံေတြ႕ရပါက ကူညီပံ့ပိုးေပးႏိုင္ရန္ ေဗာကြင္း၊ အက်ႌ စသည့္အေရးေပၚ အသက္ကယ္ပစၥည္းမ်ား၊ ဒန္အိုး၊ ဒန္ခြက္၊ ေစာင္၊ ျခင္ေထာင္၊ အိပ္ရာ၊ မိုးကာတဲ စသည့္မိသားစုအသုံးအေဆာင္ ပစၥည္းမ်ား၊ သန္႔ရွင္းေရးသုံးပစၥည္းမ်ား၊ ေရသန္႔ဘူး၊ ေရသန္႔စင္ေဆး စသည့္ပံ့ပိုးေရးပစၥည္းမ်ားကို အဆင္သင့္ျပင္ဆင္ထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းသိရသည္ ။



မႏၲေလးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရမွာ ၂၀၁၆၊ ၂၀၁၇ ၊ ၂၀၁၈ ၊ ၂၀၁၉ ခုႏွစ္တို႔တြင္ စိုးရိမ္ ေရမွတ္အထက္ကို ေက်ာ္လြန္ခဲ့ၿပီး မႏၲေလးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရ အျမင့္ဆုံးေရမွတ္ ေရာက္ရွိခဲ့သည့္ႏွစ္မ်ားမွာ ပထမအႀကိမ္ အျဖစ္ ၁၉၇၄ခုႏွစ္တြင္ ၁၃၄၂စင္တီမီတာ၊ ဒုတိယအႀကိမ္အျဖစ္ ၂၀ဝ၄ခုႏွစ္တြင္ ၁၃၈၂စင္တီမီတာ၊ တတိယအႀကိမ္အျဖစ္ ၂၀၁၆ခုႏွစ္တြင္ ၁၃၂၅စင္တီမီတာျဖင့္ အျမင့္ဆုံးေရမွတ္မ်ားသို႔ ေရာက္ရွိခဲ့သည္။

ေနသူရိန္လင္း TheFifthWave

Post a Comment

Previous Post Next Post