(Unicode)


မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တရုတ်ပြည်က ကမ္ဘာ့အကြီးဆုံးဆည်၏ ကြံ့ခိုင်မှု စိုးရိမ်စရာဖြစ်လာ…

တရုတ်နိုင်ငံတွင် အဆက်မပြတ်မိုးရွာသွန်းပြီး ယန်စီမြစ်ရေဆက်လက် မြင့်တက်နေမှုကြောင့် ကမ္ဘာ့အကြီးဆုံးဆည်ကြီး (Three Gorges Dam) ၏ ခံနိုင်ရည် ဝန်အားအတွက် စိုးရိမ်စရာဖြစ်လာသည်။



ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ ဆည်ကျိုးပေါက်မည့် အန္တရာယ်ရှိသည်ဆိုသောသတင်းများကို တာဝန်ရှိသူများက ငြင်းဆိုထားသော်လည်း ကျွမ်းကျင်သူ ပညာရှင်များကမူ သဘောမတူပေ။



ကမ္ဘာ့အကြီးဆုံးဆည်ကြီး ဖြစ်သည့် Three Georges Dam ဆည်သည် ယန်စီမြစ်ပေါ်၌ ရှိပြီး ဟူပေပြည်နယ်၊ ဆန်ဒူပင်းမြို့အနားတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ မိုးအဆက်မပြတ် ရွာသွန်းပြီး ဆည်ရေမြင့်တက်လာသောကြောင့် အဓိက ရေလွှဲပေါက်များအားလုံးကို ဖောက်ချထားသည်။



ထို့ကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ်များမှစ၍ တရုတ်နိုင်ငံတောင်ပိုင်းတွင် အဆိုးရွားဆုံးရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေရပြီး ရေဘေးဒုက္ခနှင့် ရင်ဆိုင်ရသူပေါင်း ၄၅ သန်းကျော်ရှိနေသည်။



တရုတ်အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ အချက်အလက်များအရ ဇူလိုင် ၂၃ ရက်နေ့အထိ ရေဘေးကြောင့် သေဆုံး (သို့မဟုတ်) ပျောက်ဆုံးသူ ၂၃,၁၄၂ ဦးနှင့် အိမ်ခြေပေါင်း ၃၅,၀၀၀ အထိ ပျက်ဆီးခဲ့သည်ဟု သိရသည်။


(Zawgyi)


မိုးအဆက္မျပတ္ ႐ြာသြန္းမႈေၾကာင့္ တ႐ုတ္ျပည္က ကမာၻ႔အႀကီးဆုံးဆည္၏ ႀကံ့ခိုင္မႈ စိုးရိမ္စရာျဖစ္လာ…

တ႐ုတ္ႏိုင္ငံတြင္ အဆက္မျပတ္မိုး႐ြာသြန္းၿပီး ယန္စီျမစ္ေရဆက္လက္ ျမင့္တက္ေနမႈေၾကာင့္ ကမာၻ႔အႀကီးဆုံးဆည္ႀကီး (Three Gorges Dam) ၏ ခံႏိုင္ရည္ ဝန္အားအတြက္ စိုးရိမ္စရာျဖစ္လာသည္။



ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္း မိုးအဆက္မျပတ္႐ြာသြန္းခဲ့ရာ ဆည္က်ိဳးေပါက္မည့္ အႏၲရာယ္ရွိသည္ဆိုေသာသတင္းမ်ားကို တာဝန္ရွိသူမ်ားက ျငင္းဆိုထားေသာ္လည္း ကြၽမ္းက်င္သူ ပညာရွင္မ်ားကမူ သေဘာမတူေပ။



ကမာၻ႔အႀကီးဆုံးဆည္ႀကီး ျဖစ္သည့္ Three Georges Dam ဆည္သည္ ယန္စီျမစ္ေပၚ၌ ရွိၿပီး ဟူေပျပည္နယ္၊ ဆန္ဒူပင္းၿမိဳ႕အနားတြင္ တည္ေဆာက္ထားျခင္းျဖစ္သည္။ မိုးအဆက္မျပတ္ ႐ြာသြန္းၿပီး ဆည္ေရျမင့္တက္လာေသာေၾကာင့္ အဓိက ေရလႊဲေပါက္မ်ားအားလုံးကို ေဖာက္ခ်ထားသည္။



ထို႔ေၾကာင့္ လြန္ခဲ့သည့္ ရက္သတၱပတ္မ်ားမွစ၍ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းတြင္ အဆိုး႐ြားဆုံးေရႀကီးေရလွ်ံမႈမ်ားႏွင့္ ရင္ဆိုင္ေနရၿပီး ေရေဘးဒုကၡႏွင့္ ရင္ဆိုင္ရသူေပါင္း ၄၅ သန္းေက်ာ္ရွိေနသည္။



တ႐ုတ္အေရးေပၚစီမံခန႔္ခြဲမႈဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ ဇူလိုင္ ၂၃ ရက္ေန႔အထိ ေရေဘးေၾကာင့္ ေသဆုံး (သို႔မဟုတ္) ေပ်ာက္ဆုံးသူ ၂၃,၁၄၂ ဦးႏွင့္ အိမ္ေျခေပါင္း ၃၅,၀၀၀ အထိ ပ်က္ဆီးခဲ့သည္ဟု သိရသည္။

Post a Comment

Previous Post Next Post