(Zawgyi)

ဦးဝင္းၿမိဳင္ကေတာ့ ဇာတ္ပို႔ဇာတ္ရံတစ္ေယာက္အေနနဲ႔ ပရိသတ္အားေပးမႈအခိုင္အမာရရွိထားသူတစ္ေယာက္ပါ။ တည္ၾကည္တဲ့ဥပဓိ႐ုပ္ေၾကာင့္ မင္းသားရဲ႕အေဖအခန္း၊ ဆရာဝန္အခန္းတို႔မွာ အမ်ားဆုံးသ႐ုပ္ေဆာင္ရေလ့ရွိသလို လတ္တေလာမွာလည္း ႐ုပ္ရွင္အစည္းအ႐ုံး ဇာတ္ပို႔ဇာတ္ရံအလႊာရဲ႕ ဥကၠဌအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနသူပါ။သူကေတာ့ ဒီေန႔မွာ ငယ္ငယ္တုန္းက ဓာတ္ပုံေပါင္းေတြကို


ျပန္ၾကည့္ရင္း မင္းသားမျဖစ္ခင္ ဒုရဲအုပ္ဘဝနဲ႔က်င္လည္ခဲ့တုန္းက အခ်ိန္ေတြအေၾကာင္း ပရိသတ္ေတြကို မွ်ေဝခဲ့ပါတယ္။ ” (၁၉၈၁) ခုႏွစ္ ဒုရဲအုပ္ေလာင္းသင္တန္းဆင္းၿပီး အလုပ္သင္ဒုရဲအုပ္အျဖစ္ျဖဴးရဲစခန္းမွာတာဝန္က် အသက္က (၂၇)…. မေမွ်ာ္လင့္ဘဲ ဓါတ္ပုံေလးျပန္ေတြ႕ေတာ့ အတိတ္ပုံရိပ္ေလးေတြ ျပန္ေပၚလာတယ္…. မွတ္မွတ္ရရ ျဖဴး သၾကၤန္နဲ႔စေတြ႕…. လူပုံက ျဖဴႏြဲ႕ႏြဲ႕ သၾကၤန္မ႑ပ္မွာတာဝန္က်ေတာ့ အမူးသမားအုပ္စုနဲ႔ ဖိုက္တင္ပေလးရေရာ…..


ေဖာင္ႀကီးသင္တန္းမွာ လိုက္ဝိတ္တန္း လက္ေဝွ႔ ေ႐ႊတံဆိပ္ရွင္ေလ….. လက္ရည္ကို ၿမိဳ႕နယ္ေကာင္စီလူႀကီးေတြေတြ႕သြားေတာ့ ၿမိဳ႕နယ္လက္ေဝွ႔ဆပ္ေကာ္မတီအတြင္းေရးမႉး တာဝန္ေပးတယ္ အဲ့ဒီႏွစ္က ပဲခူးတိုင္း ဇုံေပါင္းစုံ…. လက္ေဝွ႔တန္ခြန္စိုက္ဒိုင္းကို ျဖဴးၿမိဳ႕နယ္အတြက္ယူေပးခဲ့တယ္…. အလုပ္သင္ကာလၿပီးေတာ့ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ မႉး႐ုံး ေထာက္လွမ္းေရး/ ႏိုင္ငံေရးဌာနမွာ တာဝန္က်တယ္…..ဒီလက္ရည္နဲ႔ပဲ အေရးအခင္းကာလတေလွ်ာက္လုံး တိုင္းတပ္ဖြဲ႕ မႉး ရဲ႕ လုံၿခဳံေရးအရာရွိ



တာဝန္ယူခဲ့ရတယ္…အခုေတာ့ ႐ုပ္ရွင္ မွာ အေဖခန္းသ႐ုပ္ေဆာင္ ေအးေအးခ်မ္းခ်မ္းျဖစ္သြားၿပီ တိုက္ခိုက္မႈေတြလုပ္စရာမလိုေတာ့ဘူး…. အသက္ကလည္း (၆၈) ႏွစ္ဆိုေတာ့ ဘုရားနဲ႔ တရားနဲ႔ ေမတၱာ ေတြ နဲ႔ ကိုယ့္ကိုယ္ကို အံ့ၾသေနမိ” ဆိုၿပီး အတိတ္အေၾကာင္းေတြကို မွ်ေဝခဲ့ပါတယ္။ အခုအခ်ိန္မွာ ေအးခ်မ္းတည္ၿငိမ္တဲ့ကာ႐ိုက္တာေတြနဲ႔ ေတြ႕ျမင္ေနရတဲ့ဦးဝင္းၿမိဳင္ကေတာ့ တခ်ိန္တုန္းက ဒုရဲအုပ္၊ လက္ေဝွ႔ေ႐ႊတံဆိပ္ဆုရွင္အျဖစ္နဲ႔ ဘဝရပ္တည္ခဲ့ဖူးတဲ့အေၾကာင္း ဦးဝင္းၿမိဳင္ရဲ႕အတိတ္အေၾကာင္းတခ်ိဳ႕ကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(Unicode)

ဦးဝင်းမြိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ယောက်ပါ။ တည်ကြည်တဲ့ဥပဓိရုပ်ကြောင့် မင်းသားရဲ့အဖေအခန်း၊ ဆရာဝန်အခန်းတို့မှာ အများဆုံးသရုပ်ဆောင်ရလေ့ရှိသလို လတ်တလောမှာလည်း ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံအလွှာရဲ့ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူပါ။သူကတော့ ဒီနေ့မှာ ငယ်ငယ်တုန်းက ဓာတ်ပုံပေါင်းတွေကို


ပြန်ကြည့်ရင်း မင်းသားမဖြစ်ခင် ဒုရဲအုပ်ဘဝနဲ့ကျင်လည်ခဲ့တုန်းက အချိန်တွေအကြောင်း ပရိသတ်တွေကို မျှဝေခဲ့ပါတယ်။ ” (၁၉၈၁) ခုနှစ် ဒုရဲအုပ်လောင်းသင်တန်းဆင်းပြီး အလုပ်သင်ဒုရဲအုပ်အဖြစ်ဖြူးရဲစခန်းမှာတာဝန်ကျ အသက်က (၂၇)…. မမျှော်လင့်ဘဲ ဓါတ်ပုံလေးပြန်တွေ့တော့ အတိတ်ပုံရိပ်လေးတွေ ပြန်ပေါ်လာတယ်…. မှတ်မှတ်ရရ ဖြူး သင်္ကြန်နဲ့စတွေ့…. လူပုံက ဖြူနွဲ့နွဲ့ သင်္ကြန်မဏ္ဍပ်မှာတာဝန်ကျတော့ အမူးသမားအုပ်စုနဲ့ ဖိုက်တင်ပလေးရရော…..



ဖောင်ကြီးသင်တန်းမှာ လိုက်ဝိတ်တန်း လက်ဝှေ့ ရွှေတံဆိပ်ရှင်လေ….. လက်ရည်ကို မြို့နယ်ကောင်စီလူကြီးတွေတွေ့သွားတော့ မြို့နယ်လက်ဝှေ့ဆပ်ကော်မတီအတွင်းရေးမှူး တာဝန်ပေးတယ် အဲ့ဒီနှစ်က ပဲခူးတိုင်း ဇုံပေါင်းစုံ…. လက်ဝှေ့တန်ခွန်စိုက်ဒိုင်းကို ဖြူးမြို့နယ်အတွက်ယူပေးခဲ့တယ်…. အလုပ်သင်ကာလပြီးတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံး ထောက်လှမ်းရေး/ နိုင်ငံရေးဌာနမှာ တာဝန်ကျတယ်…..ဒီလက်ရည်နဲ့ပဲ အရေးအခင်းကာလတလျှောက်လုံး တိုင်းတပ်ဖွဲ့ မှူး ရဲ့ လုံခြုံရေးအရာရှိ


တာဝန်ယူခဲ့ရတယ်…အခုတော့ ရုပ်ရှင် မှာ အဖေခန်းသရုပ်ဆောင် အေးအေးချမ်းချမ်းဖြစ်သွားပြီ တိုက်ခိုက်မှုတွေလုပ်စရာမလိုတော့ဘူး…. အသက်ကလည်း (၆၈) နှစ်ဆိုတော့ ဘုရားနဲ့ တရားနဲ့ မေတ္တာ တွေ နဲ့ ကိုယ့်ကိုယ်ကို အံ့သြနေမိ” ဆိုပြီး အတိတ်အကြောင်းတွေကို မျှဝေခဲ့ပါတယ်။ အခုအချိန်မှာ အေးချမ်းတည်ငြိမ်တဲ့ကာရိုက်တာတွေနဲ့ တွေ့မြင်နေရတဲ့ဦးဝင်းမြိုင်ကတော့ တချိန်တုန်းက ဒုရဲအုပ်၊ လက်ဝှေ့ရွှေတံဆိပ်ဆုရှင်အဖြစ်နဲ့ ဘဝရပ်တည်ခဲ့ဖူးတဲ့အကြောင်း ဦးဝင်းမြိုင်ရဲ့အတိတ်အကြောင်းတချို့ကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Post a Comment

Previous Post Next Post