(Unicode)

အမေရိကန်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသော MMA ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ရောဂါပိုးစတွေ့ပြီး ၁၄ရက်ကြာ၌ ပိုးကင်းစင်သွားပြီဖြစ်ကြောင်း အောင်လအန်ဆန်က ဆေးစစ်ချက်အဖြေနှင့်အတူ အသိပေး ဖော်ပြထားသည်။


“အားလုံးကိုသတင်းကောင်းတခုပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့စနေနေ့ကစစ်ဆေးထားတဲ့ကျွန်တော်ရဲ့ကိုဗစ်-၁၉ဗိုင်းရပ်စ်စစ်ဆေးချက်အဖြေအရ၊ကျွန်တော်ရောဂါကင်းစင်သွားပါပြီ!။ အခုကျွန်တော်အရင်ကလိုပဲလေ့ကျင့်မှုတွေ… လုပ်ငန်းဆောင်တာတွေကိုပုံမှန်ပြန်လည်လုပ်ဆောင်သွားတော့မှာပါ။ ကျွန်တော်တို့အားလုံးလဲဒီအိပ်မက်ဆိုးကိုမကြာခင်ကျော် လွှားနိုင်တော့မှာပါ´´ ဟု အောင်လအန်ဆန်က လူမှုစစာမျက်နှာတွင် ပြောဆိုထားသည်။



ကမ္ဘာ့ပေါ်တွင် ကိုရိုနာဗိုင်းရပ် Covid-19 ရောဂါပိုး ကူးစက်မှုအများဆုံးဖြစ်နေသည့် အမေရိကန်နိုင်ငံတွင် နေထိုင်လျှက်ရှိနေသော အောင်လအန်ဆန်သည် ယခုလ( ဇူလိုင်လ) ၃ရက်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း

ဆေးစစ်ချက်အဖြေထွက်ရှိလာခဲ့ပြီး နေအိမ်တွင်ပင် အသွားအသာကန့်သတ်နေထိုင်ခဲ့ကာ ဆေးဝါးကုသမှု ခံယူခဲ့ပြီးနောက် ရောဂါ သက်သာပျောက်ကင်းလာခဲ့ခြင်း ဖြစ်သည်။



ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲ( ONE MMA ) တွင် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်းတို့၏ ကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ခုရရှိထားသော ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ယခုနှစ်အတွင်း၌ မစ်ဒယ်ဝိတ်န်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို လေးကြိမ်မြောက်ယှဉ်ပြိုင် ယှဉ်ပြိုင်ထိုးသတ်သွားရန်ရှိနေသည်။

၂၀၁၇ခုနှစ်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရရှိထားသော အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ် ချန်ပီယံကာကွယ်ပွဲ သုံးကြိမ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ၌ ပထမအကြိမ်တွင် ဂျပန်နိုင်ငံသား ကင်မ်ဟစဲဂါဝါကို ငါးချီ၌ လည်းကောင်း၊



ဒုတိယအကြိမ်တွင် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကရာကီကို ပထမအချီ၌ လည်းကောင်း၊ တတိယအကြိမ်တွင် ကင်မ်ဟစဲဂါဝါကို ဒုတိယအချီ၌လည်ကောင်း အလဲထိုး၍ ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့သည်။

မိုင်းစောလွင် ဓာတ်ပုံ -Aung La Nsang Fb

(Zawgyi)


အေမရိကန္တြင္ ကိုဗစ္ေရာဂါပိုး ကူးစက္ခံထားရေသာ MMA ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္သည္ ေရာဂါပိုးစေတြ႕ၿပီး ၁၄ရက္ၾကာ၌ ပိုးကင္းစင္သြားၿပီျဖစ္ေၾကာင္း ေအာင္လအန္ဆန္က ေဆးစစ္ခ်က္အေျဖႏွင့္အတူ အသိေပး ေဖာ္ျပထားသည္။


“အားလုံးကိုသတင္းေကာင္းတခုေျပာျပခ်င္ပါတယ္။ လြန္ခဲ့တဲ့စေနေန႔ကစစ္ေဆးထားတဲ့ကြၽန္ေတာ္ရဲ႕ကိုဗစ္-၁၉ဗိုင္းရပ္စ္စစ္ေဆးခ်က္အေျဖအရ၊ကြၽန္ေတာ္ေရာဂါကင္းစင္သြားပါၿပီ!။ အခုကြၽန္ေတာ္အရင္ကလိုပဲေလ့က်င့္မႈေတြ… လုပ္ငန္းေဆာင္တာေတြကိုပုံမွန္ျပန္လည္လုပ္ေဆာင္သြားေတာ့မွာပါ။ ကြၽန္ေတာ္တို႔အားလုံးလဲဒီအိပ္မက္ဆိုးကိုမၾကာခင္ေက်ာ္ လႊားႏိုင္ေတာ့မွာပါ´´ ဟု ေအာင္လအန္ဆန္က လူမႈစစာမ်က္ႏွာတြင္ ေျပာဆိုထားသည္။



ကမာၻ႔ေပၚတြင္ ကို႐ိုနာဗိုင္းရပ္ Covid-19 ေရာဂါပိုး ကူးစက္မႈအမ်ားဆုံးျဖစ္ေနသည့္ အေမရိကန္ႏိုင္ငံတြင္ ေနထိုင္လွ်က္ရွိေနေသာ ေအာင္လအန္ဆန္သည္ ယခုလ( ဇူလိုင္လ) ၃ရက္တြင္ ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံထားရေၾကာင္း

ေဆးစစ္ခ်က္အေျဖထြက္ရွိလာခဲ့ၿပီး ေနအိမ္တြင္ပင္ အသြားအသာကန္႔သတ္ေနထိုင္ခဲ့ကာ ေဆးဝါးကုသမႈ ခံယူခဲ့ၿပီးေနာက္ ေရာဂါ သက္သာေပ်ာက္ကင္းလာခဲ့ျခင္း ျဖစ္သည္။



ကိုယ္ခံပညာသိုင္းေပါင္းစုံတိုက္ခိုက္ေရးၿပိဳင္ပြဲ( ONE MMA ) တြင္ မစ္ဒယ္ဝိတ္တန္း ႏွင့္ လိုက္ဟဲဗီးဝိတ္တန္းတို႔၏ ကမာၻ႔ခ်န္ပီယံခါးပတ္ ႏွစ္ခုရရွိထားေသာ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္သည္ ယခုႏွစ္အတြင္း၌ မစ္ဒယ္ဝိတ္န္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲကို ေလးႀကိမ္ေျမာက္ယွဥ္ၿပိဳင္ ယွဥ္ၿပိဳင္ထိုးသတ္သြားရန္ရွိေနသည္။

၂၀၁၇ခုႏွစ္က မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံခါးပတ္ကို ရရွိထားေသာ ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္ ခ်န္ပီယံကာကြယ္ပြဲ သုံးႀကိမ္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ၌ ပထမအႀကိမ္တြင္ ဂ်ပန္ႏိုင္ငံသား ကင္မ္ဟစဲဂါဝါကို ငါးခ်ီ၌ လည္းေကာင္း၊



ဒုတိယအႀကိမ္တြင္ လက္ဘႏြန္ႏိုင္ငံသား မိုဟာမက္ကရာကီကို ပထမအခ်ီ၌ လည္းေကာင္း၊ တတိယအႀကိမ္တြင္ ကင္မ္ဟစဲဂါဝါကို ဒုတိယအခ်ီ၌လည္ေကာင္း အလဲထိုး၍ ခ်န္ပီယံခါးပတ္ကို ကာကြယ္ထားႏိုင္ခဲ့သည္။

မိုင္းေစာလြင္ ဓာတ္ပုံ -Aung La Nsang Fb

Post a Comment

Previous Post Next Post