(Unicode)

အင် ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုသည် ဂျာဗားကျွန်းရှိ Batang စက်မှုဇုန် ဥယျာဉ် သစ်ဖွင့်ပွဲ တက်ရောက်ရင်း ကမ္ဘာကြီးအား အင်ဒိုနီးရှား သည် စီးပွားရေး လုပ်ငန်းတွေ အတွက် အချိန်ပြည့် တံခါးဖွင့်ထား သည် ဟု သတင်း စကားပါး လိုက် သည် ။ တရုတ် က လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ကို ကျွန်တော် တို့ လိုချင် ပါတယ် ။ ဂျပန် ၊ ကိုးရီးယား ၊ တိုင်ဝမ် နဲ့ အမေရိကန်… ကမ္ဘာ့ဘယ်ဒေသက စီးပွားရေးလုပ်ငန်းတွေ မဆို အင်ဒိုနီးရှားကို ရွှေ့ပြောင်း လုပ်ကိုင်ကြဖို့ ဖိတ်ခေါ် ပါတယ် ” လို့ အင်ဒိုနီးရှားသမ္မတက ပြောကြားလိုက် ပါတယ် ။




အ ခုလို မိမိတို့နိုင်ငံကို စီးပွားရေး လုပ်ငန်းတွေ ပြောင်းရွှေ့လုပ်ကိုင်ကြဖို့ အပြိုင်အဆိုင်ဆွဲဆောင်နေကြတာကတော့ အရှေ့တောင်အာရှ မှာ အင်ဒိုနီးရှား တစ်နိုင်ငံတည်း မဟုတ်ပဲ ဒေသတွင်း နိုင်ငံများ အားလုံးပဲဖြစ် ပါတယ် ။ ကိုရိုနာဗိုင်းရပ်စ်ကြောင် ကမ္ဘာ့ကြီး နဲ့ နိုင်ငံရေး တင်းမာမှု ရှိနေတဲ့ တရုတ်နိုင်ငံ ကို နိုင်ငံခြားကုမ္ပဏီတွေ စွန့်ခွာဖို့ပြင်ဆင်နေကြ ချိန်မှာ ဗိုင်းရပ်စ်နဲ့အတူ ပြိုကျနေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဒီလို တရုတ်စွန့်လုပ်ငန်းတွေကို ဖိတ်ခေါ် အစားထိုးဖို့ ဒေသတွင်း နိုင်ငံတွေ အပြိုင်အဆိုင် ကြိုးစားနေကြ တာပါ ။



ဗိုင်းရပ်စ်ကာလ မတိုင်ခင် ကတည်း က တရုတ်- အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတင်းမာမှုတွေနဲ့အတူ တရုတ်ကိုစွန့်ခွာမဲ့ အမေရိကန်ကုမ္ပဏီတွေကို အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေက အထူးအခွင့်အရေးတွေပေးပြီး မိမိတို့နိုင်ငံ မှာ လာရောက်ရင်းနှီးမြှုပ်နှံကြ ဖို့ ဆောင်ရွက်ခဲ့ကြပါသေး တ ယ်။ အခုလို တရုတ်စွန့်လုပ်ငန်းတွေ အရှေ့တောင်အာရှဒေသ မှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံရင်တောင် ကိုဗစ် ရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုက ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ယခုနှစ်အတွက် ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထား ပါတယ် ။



အင်ဒိုနီးရှားသမ္မတက ” တကယ်လို့ အခြားတိုင်းပြည် တစ်ခု က စက်ရုံတည်ဖို့မြေ အတွက် ဒေါ်လာ တစ်သန်းတောင်းရင်း ကျွန်တော်တို့ အင်ဒိုနီးရှား က ဒေါ်လာ ငါးသိန်းနဲ့ မြေရအောင်ဆောင်ရွက်ပေးမှာပါ” လို့ ပြောကြားခဲ့ ပါတယ် ။ အင်ဒိုနီးရှားဟာ ၂၀၂၄ မှာ စက်မှုဇုန် ၁၉ ခုထိ အသစ် တည်ဆောက်ပြီးစီး ဖို့ မျှော်မှန်းထားတာဖြစ် ပါတယ် ။ ကော်ပိုရေးရှင်းတွေ အတွက် အခွန်ခ နှုန်းထားကိုလည်း ယခုနှစ်မှာ ၂၅ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်းအထိ လျှော့ချထားပြီး ၂၀၂၂ မှာ ၂၀ ရာခိုင်နှုန်းအထိလျှော့ချမှာ ဖြစ်တယ်လို့ စီမံချက်ရေးဆွဲထားပြီး သားပါ ။



အခြားဒေသတွင်း နိုင်ငံတွေကလည်း အခုလိုမျိုးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရောက် ရှိလာဖို့ ကြိုးစားနေကြ ပါတယ် ။ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ က လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေ ကို ရင်းနှီးမြှုပ်နှံသူတွေ အတွက် အထူးအခွင့်အရေးတွေပေးပြီး ဆွဲဆောင်ထား ပါတယ် ။ ဒါဟာ လည်း တရုတ်နိုင်ငံကို စွန့်ခွာလာကြမယ့် လယ်ယာလုပ်ငန်း မှာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် အဓိက ပြစ်မှတ်ထားဆောင်ရွက်တာ လို့ ဆိုပါတယ် ။ မလေးရှားကလည်း ဇွန်လ ၅ ရက်နေ့မှာ သူ့နိုင်ငံ အတွင်း ကန်ဒေါ်လာ ၁၁၇ သန်းအထက် လာရောက် ရင်းနှီးမြှုပ်နှံမဲ့ ကုန်ထုတ် လုပ်ငန်းတွေ ကို အခွန်ကင်းလွတ်ခွင့် ၁၅ နှစ်အထိပေးမယ်လို့ ကြေညာလိုက် ပါတယ်။

မြန်မာနိုင်ငံကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အားသွန်ခွန်စိုက် ဖိတ်ခေါ်နေပြီး နိုင်ငံရဲ့ ဘဏ္ဍာရေး ကို ပြည်ပရင်းနှီးမြှုပ်နှံမှုက တစ်ဆင့် ခိုင်မာအောင်ဆောင်ရွက် ဖို့ ကြိုးစားနေတာ တွေ့ရ ပါတယ်။ ဗီယက်နမ် ကလည်း ဥရောပကုမ္ပဏီတွေ နိုင်ငံတွင်း အကျိုးရှိရှိ အလွယ်တကူလာရောက်ရင်းနှီးမြှုပ်နှံနိုင်မဲ့ စီမံချက် တစ်ခု ကို သြဂုတ်လ ၁ ရက်နေ့ကစပြီး အသက်သွင်း မှာဖြစ် ပါတယ် ။ ဒေသတွင်းနိုင်ငံတွေ ရဲ့ နောက်ထပ် အာရုံ စိုက်မှု တစ်ခုကတော့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်တွေကို မိမိနိုင်ငံအတွင်း ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလာမှုပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုနဲ့အတူ ၎င်းတို့ဟာ mask နဲ့ အခြား ကာကွယ်ရေးဝတ်စုံတွေ အားလုံးနီးပါး ကို တရုတ်နိုင်ငံ ကို မှီခိုပြီးဝယ်ယူသုံးစွဲခဲ့ရတာဖြစ် ပါတယ်။

အင်ဒိုနီးရှားသမ္မတက အမေရိကန်သမ္မတထရမ့်နဲ့ ဧပြီလအတွင်း ဖုန်းဆက်ပြောကြားစဉ် အမေရိကန် ကျန်းမာရေးစောင်ရှောက်မှု ကုန်ထုန်လုပ်ငန်းတွေ အင်ဒိုနီးရှားကို ဗဟိုပြုထုတ်လုပ်ဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာလည်း ကျန်းမာရေး ထုတ်ကုန်တွေ ထုတ်လုပ်၊ ရောင်းဝယ်၊ တင်ပို့မှုအားလုံး အတွက် အခွန်ကင်းလွတ်ခွင့် ပေးခဲ့ ပါတယ်။ ထိုင်းနိုင်ငံကလည်း ဆေးဝါးကုမ္ပဏီတွေ နဲ့ ဆေးဘက် ဆိုင်ရာ ပစ္စည်း ကိရိယာ ထုတ်လုပ်တဲ့ကုမ္ပဏီတွေ ကို အခွန်လုံးဝကင်းလွတ်ခွင့်ပြုပြီး နိုင်ငံ ကို ကျန်းမာရေး ထုတ်ကုန်ဗဟိုပြုဌာနဖြစ်ဖို့ စဉ်းစားနေတယ်လို့ ဆို ပါတယ်။

အခုလိုကြိုးစားအား ထုတ်မှုတွေဟာ အမေရိကန်၊ အီးယူနဲ့ ဂျပန်နိုင်ငံတွေက ၎င်းတို့ကုမ္ပဏီတွေ၊ ၎င်းတို့လိုအပ်တဲ့ပစ္စည်းတွေ တင်ပို့ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေကို တရုတ်နိုင်ငံကနေ အခြားဒေသတွင်း နိုင်ငံတွေ ကို ရွှေ့ပြောင်း ဖို့ဆောင်ရွက်မှုကို အခွင့်ကောင်းယူပြီး မိမိနိုင်ငံတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အားကောင်းအောင် ဆောင်ရွက်နေကြာတဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက အတည်ပြုခဲ့တဲ့ ဘတ်ဂျက်အရ ဂျပန်နိုင်ငံဟာ တရုတ်ကနေ အရှေ့တောင်အာရှဒေသကို ရွှေ့ပြောင်းမဲ့ ကုမ္ပဏီတွေကို ထောက်ပံ့ဖို့ ကန်ဒေါ်လာ ၂၁၉ သန်းထိပေးဖို့ လျာထားတာဖြစ်ပါတယ်။



တရုတ်နိုင်ငံဟာ သူ့နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေး လုပ်ငန်းတွေကို လက်ထဲကိုင်ပြီး ၎င်းရဲ့ သံတမန်ဆက်ဆံရေးကို အကျပ်ကိုင်တဲ့နည်းနဲ့ တည်ဆောက်ဆောင်ရွက်နေတာဟာ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့အတွက် တရုတ်ကလုပ်ငန်းတွေကို စွန့်ခွာပြီး ၎င်းတို့နဲ့ အဆင်ပြေတဲ့ အရှေ့တောင် အာရှဒေသတွင်း ရင်းနှီးမြှုပ်နှံဖို့ စိုင်းပြင်းနေစေတာပဲဖြစ်ပါတယ်။

Myanmar Harp

(Zawgyi)


အင္ ဒိုနီးရွား သမၼတ ဂ်ိဳကိုဝီဒိုဒိုသည္ ဂ်ာဗားကြၽန္းရွိ Batang စက္မႈဇုန္ ဥယ်ာဥ္ သစ္ဖြင့္ပြဲ တက္ေရာက္ရင္း ကမာၻႀကီးအား အင္ဒိုနီးရွား သည္ စီးပြားေရး လုပ္ငန္းေတြ အတြက္ အခ်ိန္ျပည့္ တံခါးဖြင့္ထား သည္ ဟု သတင္း စကားပါး လိုက္ သည္ ။ တ႐ုတ္ က လာမယ့္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ကို ကြၽန္ေတာ္ တို႔ လိုခ်င္ ပါတယ္ ။ ဂ်ပန္ ၊ ကိုးရီးယား ၊ တိုင္ဝမ္ နဲ႔ အေမရိကန္… ကမာၻ႔ဘယ္ေဒသက စီးပြားေရးလုပ္ငန္းေတြ မဆို အင္ဒိုနီးရွားကို ေ႐ႊ႕ေျပာင္း လုပ္ကိုင္ၾကဖို႔ ဖိတ္ေခၚ ပါတယ္ ” လို႔ အင္ဒိုနီးရွားသမၼတက ေျပာၾကားလိုက္ ပါတယ္ ။




အ ခုလို မိမိတို႔ႏိုင္ငံကို စီးပြားေရး လုပ္ငန္းေတြ ေျပာင္းေ႐ႊ႕လုပ္ကိုင္ၾကဖို႔ အၿပိဳင္အဆိုင္ဆြဲေဆာင္ေနၾကတာကေတာ့ အေရွ႕ေတာင္အာရွ မွာ အင္ဒိုနီးရွား တစ္ႏိုင္ငံတည္း မဟုတ္ပဲ ေဒသတြင္း ႏိုင္ငံမ်ား အားလုံးပဲျဖစ္ ပါတယ္ ။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင္ ကမာၻ႔ႀကီး နဲ႔ ႏိုင္ငံေရး တင္းမာမႈ ရွိေနတဲ့ တ႐ုတ္ႏိုင္ငံ ကို ႏိုင္ငံျခားကုမၸဏီေတြ စြန႔္ခြာဖို႔ျပင္ဆင္ေနၾက ခ်ိန္မွာ ဗိုင္းရပ္စ္နဲ႔အတူ ၿပိဳက်ေနတဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဒီလို တ႐ုတ္စြန႔္လုပ္ငန္းေတြကို ဖိတ္ေခၚ အစားထိုးဖို႔ ေဒသတြင္း ႏိုင္ငံေတြ အၿပိဳင္အဆိုင္ ႀကိဳးစားေနၾက တာပါ ။



ဗိုင္းရပ္စ္ကာလ မတိုင္ခင္ ကတည္း က တ႐ုတ္- အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲတင္းမာမႈေတြနဲ႔အတူ တ႐ုတ္ကိုစြန႔္ခြာမဲ့ အေမရိကန္ကုမၸဏီေတြကို အေရွ႕ေတာင္အာရွေဒသတြင္းႏိုင္ငံေတြက အထူးအခြင့္အေရးေတြေပးၿပီး မိမိတို႔ႏိုင္ငံ မွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾက ဖို႔ ေဆာင္႐ြက္ခဲ့ၾကပါေသး တ ယ္။ အခုလို တ႐ုတ္စြန႔္လုပ္ငန္းေတြ အေရွ႕ေတာင္အာရွေဒသ မွာ အလုံးအရင္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံရင္ေတာင္ ကိုဗစ္ ရဲ႕ ေနာက္ဆက္တြဲ ႐ိုက္ခတ္မႈက ေဒသတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဟာ ယခုႏွစ္အတြက္ ၄၅ ရာခိုင္ႏႈန္းအထိ က်ဆင္းႏိုင္ေၾကာင္း ကုလသမဂၢက ခန႔္မွန္း ထား ပါတယ္ ။



အင္ဒိုနီးရွားသမၼတက ” တကယ္လို႔ အျခားတိုင္းျပည္ တစ္ခု က စက္႐ုံတည္ဖို႔ေျမ အတြက္ ေဒၚလာ တစ္သန္းေတာင္းရင္း ကြၽန္ေတာ္တို႔ အင္ဒိုနီးရွား က ေဒၚလာ ငါးသိန္းနဲ႔ ေျမရေအာင္ေဆာင္႐ြက္ေပးမွာပါ” လို႔ ေျပာၾကားခဲ့ ပါတယ္ ။ အင္ဒိုနီးရွားဟာ ၂၀၂၄ မွာ စက္မႈဇုန္ ၁၉ ခုထိ အသစ္ တည္ေဆာက္ၿပီးစီး ဖို႔ ေမွ်ာ္မွန္းထားတာျဖစ္ ပါတယ္ ။ ေကာ္ပိုေရးရွင္းေတြ အတြက္ အခြန္ခ ႏႈန္းထားကိုလည္း ယခုႏွစ္မွာ ၂၅ ရာခိုင္ႏႈန္းကေန ၂၂ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ထားၿပီး ၂၀၂၂ မွာ ၂၀ ရာခိုင္ႏႈန္းအထိေလွ်ာ့ခ်မွာ ျဖစ္တယ္လို႔ စီမံခ်က္ေရးဆြဲထားၿပီး သားပါ ။



အျခားေဒသတြင္း ႏိုင္ငံေတြကလည္း အခုလိုမ်ိဳးႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြေရာက္ ရွိလာဖို႔ ႀကိဳးစားေနၾက ပါတယ္ ။ ထိုင္းႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ က လယ္ယာ စိုက္ပ်ိဳးေရး လုပ္ငန္းေတြ ကို ရင္းႏွီးျမႇဳပ္ႏွံသူေတြ အတြက္ အထူးအခြင့္အေရးေတြေပးၿပီး ဆြဲေဆာင္ထား ပါတယ္ ။ ဒါဟာ လည္း တ႐ုတ္ႏိုင္ငံကို စြန႔္ခြာလာၾကမယ့္ လယ္ယာလုပ္ငန္း မွာ ရင္းႏွီးျမႇဳပ္ႏွံသူေတြ အတြက္ အဓိက ျပစ္မွတ္ထားေဆာင္႐ြက္တာ လို႔ ဆိုပါတယ္ ။ မေလးရွားကလည္း ဇြန္လ ၅ ရက္ေန႔မွာ သူ႔ႏိုင္ငံ အတြင္း ကန္ေဒၚလာ ၁၁၇ သန္းအထက္ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံမဲ့ ကုန္ထုတ္ လုပ္ငန္းေတြ ကို အခြန္ကင္းလြတ္ခြင့္ ၁၅ ႏွစ္အထိေပးမယ္လို႔ ေၾကညာလိုက္ ပါတယ္။

ျမန္မာႏိုင္ငံကလည္း ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြကို အားသြန္ခြန္စိုက္ ဖိတ္ေခၚေနၿပီး ႏိုင္ငံရဲ႕ ဘ႑ာေရး ကို ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈက တစ္ဆင့္ ခိုင္မာေအာင္ေဆာင္႐ြက္ ဖို႔ ႀကိဳးစားေနတာ ေတြ႕ရ ပါတယ္။ ဗီယက္နမ္ ကလည္း ဥေရာပကုမၸဏီေတြ ႏိုင္ငံတြင္း အက်ိဳးရွိရွိ အလြယ္တကူလာေရာက္ရင္းႏွီးျမႇဳပ္ႏွံႏိုင္မဲ့ စီမံခ်က္ တစ္ခု ကို ၾသဂုတ္လ ၁ ရက္ေန႔ကစၿပီး အသက္သြင္း မွာျဖစ္ ပါတယ္ ။ ေဒသတြင္းႏိုင္ငံေတြ ရဲ႕ ေနာက္ထပ္ အာ႐ုံ စိုက္မႈ တစ္ခုကေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈ ထုတ္ကုန္ေတြကို မိမိႏိုင္ငံအတြင္း ထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္းလာမႈပဲျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ႏွံ႔မႈနဲ႔အတူ ၎တို႔ဟာ mask နဲ႔ အျခား ကာကြယ္ေရးဝတ္စုံေတြ အားလုံးနီးပါး ကို တ႐ုတ္ႏိုင္ငံ ကို မွီခိုၿပီးဝယ္ယူသုံးစြဲခဲ့ရတာျဖစ္ ပါတယ္။

အင္ဒိုနီးရွားသမၼတက အေမရိကန္သမၼတထရမ့္နဲ႔ ဧၿပီလအတြင္း ဖုန္းဆက္ေျပာၾကားစဥ္ အေမရိကန္ က်န္းမာေရးေစာင္ေရွာက္မႈ ကုန္ထုန္လုပ္ငန္းေတြ အင္ဒိုနီးရွားကို ဗဟိုျပဳထုတ္လုပ္ဖို႔ ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လ ၁၀ ရက္ေန႔မွာလည္း က်န္းမာေရး ထုတ္ကုန္ေတြ ထုတ္လုပ္၊ ေရာင္းဝယ္၊ တင္ပို႔မႈအားလုံး အတြက္ အခြန္ကင္းလြတ္ခြင့္ ေပးခဲ့ ပါတယ္။ ထိုင္းႏိုင္ငံကလည္း ေဆးဝါးကုမၸဏီေတြ နဲ႔ ေဆးဘက္ ဆိုင္ရာ ပစၥည္း ကိရိယာ ထုတ္လုပ္တဲ့ကုမၸဏီေတြ ကို အခြန္လုံးဝကင္းလြတ္ခြင့္ျပဳၿပီး ႏိုင္ငံ ကို က်န္းမာေရး ထုတ္ကုန္ဗဟိုျပဳဌာနျဖစ္ဖို႔ စဥ္းစားေနတယ္လို႔ ဆို ပါတယ္။

အခုလိုႀကိဳးစားအား ထုတ္မႈေတြဟာ အေမရိကန္၊ အီးယူနဲ႔ ဂ်ပန္ႏိုင္ငံေတြက ၎တို႔ကုမၸဏီေတြ၊ ၎တို႔လိုအပ္တဲ့ပစၥည္းေတြ တင္ပို႔ထုတ္လုပ္ေနတဲ့ ကုမၸဏီေတြကို တ႐ုတ္ႏိုင္ငံကေန အျခားေဒသတြင္း ႏိုင္ငံေတြ ကို ေ႐ႊ႕ေျပာင္း ဖို႔ေဆာင္႐ြက္မႈကို အခြင့္ေကာင္းယူၿပီး မိမိႏိုင္ငံတြင္း ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ အားေကာင္းေအာင္ ေဆာင္႐ြက္ေနၾကာတျဖစ္ ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလက အတည္ျပဳခဲ့တဲ့ ဘတ္ဂ်က္အရ ဂ်ပန္ႏိုင္ငံဟာ တ႐ုတ္ကေန အေရွ႕ေတာင္အာရွေဒသကို ေ႐ႊ႕ေျပာင္းမဲ့ ကုမၸဏီေတြကို ေထာက္ပံ့ဖို႔ ကန္ေဒၚလာ ၂၁၉ သန္းထိေပးဖို႔ လ်ာထားတာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ သူ႔ႏိုင္ငံအတြင္း လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ စီးပြားေရး လုပ္ငန္းေတြကို လက္ထဲကိုင္ၿပီး ၎ရဲ႕ သံတမန္ဆက္ဆံေရးကို အက်ပ္ကိုင္တဲ့နည္းနဲ႔ တည္ေဆာက္ေဆာင္႐ြက္ေနတာဟာ ဂ်ပန္နဲ႔ အေမရိကန္ႏိုင္ငံတို႔အတြက္ တ႐ုတ္ကလုပ္ငန္းေတြကို စြန႔္ခြာၿပီး ၎တို႔နဲ႔ အဆင္ေျပတဲ့ အေရွ႕ေတာင္ အာရွေဒသတြင္း ရင္းႏွီးျမႇဳပ္ႏွံဖို႔ စိုင္းျပင္းေနေစတာပဲျဖစ္ပါတယ္။

Myanmar Harp

Post a Comment

Previous Post Next Post