(Unicode)
၂၀၁၉ ဇူလိုင်လအတွင်း ၁၆ရက်နေ့အထိ အမြန်လမ်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၃ဦးရှိထားခဲ့ပါတယ်။ လမ်းဖြတ်ကူးသူ အမျိုးသားကြီးမှာ စိတ်ဝေဒနာ ခံစားနေရသူလို့ မိသားစုဝင်တွေရဲ့ ပြောစကားအရ သိရတယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး လှိုင်ဇော်ဦးက ပြောပါတယ်။
ဇူလိုင်လ ၂၂ရက်နေ့ မနက် ၄နာရီခန့်က အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၅အနီးမှာ မန္တလေးဘက်က လာတဲ့ JJ Express ဘတ်စ်ကားဟာ လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးကို တိုက်မိခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့သိရ ပါတယ်။ ဘတ်စ်ကား တိုက်မိမှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသားဟာ သေဆုံးသွားပြီ ဖြစ်ပြီး ဖြူးမြို့နယ် ပြည်သူ့ ဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ အမြန်လမ်း ဖြူးရဲစခန်းက ဒုရဲမှူး လှိုင်ဇော်ဦးက ပြော ပါတယ်။ “ဖြစ်စဉ်ကတော့ လမ်းဖြတ်ကူးသူကို ဝင်တိုက်မိတာပါ။သေဆုံးသူက အသက် ၅၄နှစ်လောက်ရှိပြီလို့ သိရသလို စိတ်ဝေဒနာသည်လို့လည်း မိသားစုဝင်အချို့က ပြောပြချက်အရသိရပါတယ်။”လို့ ဒုရဲမှူး လှိုင်ဇော်ဦးက ပြော ပါတယ်။
အမြန်လမ်းမကြီးဟာ ရွာတွေအလယ်က ဖောက်လုပ်ထားတာ ဖြစ်တာကြောင့် တစ်ရွာနဲ့ တစ်ရွာအကြား ကူးလူး ဆက်နွယ်မှုတွေ ရှိနေသလို၊ လုပ်ငန်းခွင်တွေနဲ့ရွာကိုလည်း ပိုင်းခြားထားသလို ဖြစ်နေတာကြောင့် ဥပဒေအရ အ မြန်လမ်းကို ဖြတ်မကူးဖို့ တားမြစ်ထားပေမယ့်လည်း လုံးဝပိတ်ပင်ထားလို့မရတဲ့အနေအထားမှာ ရှိနေတယ်လို့ လည်း ဒုရဲမှူး လှိုင်ဇော်ဦးက ဆက်လက်သုံးသပ်ပြောပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာတော့ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း ၁၆ရက်နေ့အထိ အမှုပေါင်း ၃၀ ဖြစ်ပွား ထားခဲ့ပြီး သေဆုံးသူ ကျား ၁ဦး၊မ ၂ဦးရှိကာ ဒဏ်ရာရရှိသူ ကျား ၂၇ဦးနဲ့ မ၁၇ ဦးရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံ က သိရပါတယ်။
ဓူဝံ
(Zawgyi)
၂၀၁၉ ဇူလိုင္လအတြင္း ၁၆ရက္ေန႔အထိ အျမန္လမ္းမွာ ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူ ၃ဦးရွိထားခဲ့ပါတယ္။ လမ္းျဖတ္ကူးသူ အမ်ိဳးသားႀကီးမွာ စိတ္ေဝဒနာ ခံစားေနရသူလို႔ မိသားစုဝင္ေတြရဲ႕ ေျပာစကားအရ သိရတယ္လို႔ ျဖဴးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ဒုရဲမႉး လႈိင္ေဇာ္ဦးက ေျပာပါတယ္။
ဇူလိုင္လ ၂၂ရက္ေန႔ မနက္ ၄နာရီခန႔္က အျမန္လမ္း မိုင္တိုင္အမွတ္ ၁၁၅အနီးမွာ မႏၲေလးဘက္က လာတဲ့ JJ Express ဘတ္စ္ကားဟာ လမ္းျဖတ္ကူးသူ အမ်ိဳးသားတစ္ဦးကို တိုက္မိခဲ့တဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့တယ္လို႔သိရ ပါတယ္။ ဘတ္စ္ကား တိုက္မိမႈေၾကာင့္ လမ္းျဖတ္ကူးသူ အမ်ိဳးသားဟာ ေသဆုံးသြားၿပီ ျဖစ္ၿပီး ျဖဴးၿမိဳ႕နယ္ ျပည္သူ႔ ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး ျဖစ္တယ္လို႔ အျမန္လမ္း ျဖဴးရဲစခန္းက ဒုရဲမႉး လႈိင္ေဇာ္ဦးက ေျပာ ပါတယ္။ “ျဖစ္စဥ္ကေတာ့ လမ္းျဖတ္ကူးသူကို ဝင္တိုက္မိတာပါ။ေသဆုံးသူက အသက္ ၅၄ႏွစ္ေလာက္ရွိၿပီလို႔ သိရသလို စိတ္ေဝဒနာသည္လို႔လည္း မိသားစုဝင္အခ်ိဳ႕က ေျပာျပခ်က္အရသိရပါတယ္။”လို႔ ဒုရဲမႉး လႈိင္ေဇာ္ဦးက ေျပာ ပါတယ္။
အျမန္လမ္းမႀကီးဟာ ႐ြာေတြအလယ္က ေဖာက္လုပ္ထားတာ ျဖစ္တာေၾကာင့္ တစ္႐ြာနဲ႔ တစ္႐ြာအၾကား ကူးလူး ဆက္ႏြယ္မႈေတြ ရွိေနသလို၊ လုပ္ငန္းခြင္ေတြနဲ႔႐ြာကိုလည္း ပိုင္းျခားထားသလို ျဖစ္ေနတာေၾကာင့္ ဥပေဒအရ အ ျမန္လမ္းကို ျဖတ္မကူးဖို႔ တားျမစ္ထားေပမယ့္လည္း လုံးဝပိတ္ပင္ထားလို႔မရတဲ့အေနအထားမွာ ရွိေနတယ္လို႔ လည္း ဒုရဲမႉး လႈိင္ေဇာ္ဦးက ဆက္လက္သုံးသပ္ေျပာပါတယ္။ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးမွာေတာ့ ၂၀၂၀ ခုႏွစ္ ဇူလိုင္လအတြင္း ၁၆ရက္ေန႔အထိ အမႈေပါင္း ၃၀ ျဖစ္ပြား ထားခဲ့ၿပီး ေသဆုံးသူ က်ား ၁ဦး၊မ ၂ဦးရွိကာ ဒဏ္ရာရရွိသူ က်ား ၂၇ဦးနဲ႔ မ၁၇ ဦးရွိေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႕ထံ က သိရပါတယ္။
ဓူဝံ
Post a Comment