(Unicode)


မနေ့က ည ၈:၁၅ လောက် မြေနီကုန်း ဗားဂရာလမ်း အတိုင်း ဓမ္မာရုံလမ်းထဲ ကိုဝင်မလို့ ဗိုလ်မိုး လမ်းထိပ်အရောက် လူတယောက် ကားနားကပ်လာပြီး ဘက်မှန်ကိုလက်နဲ့လွဲရိုက်လိုက်တယ် ဘုန်းကနဲပဲ ဒေါကန်ပြီးဆင်းကြည့်လိုက်တော့

လူက အောက်မှာလဲ နေတယ်။ ဘေးကအတူရှောက်လာတဲ့ကောင်က ဆွဲထူနေတယ် သိလိုက်ပြီ မင်းတို့လူလိမ်တွေ လက်နဲ့လွဲရိုက်ပြီး တိုက်သွားသလိုဟန်ဆောင်နေတာလို့ပြောတော့ သူတို့နဲ့ ငါးပေလောက်ခွာပြီး



လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ 
အတူရှောက်တဲ့ကောင်က ဝင်ပြောတယ်။ ခင်ဗျားလူကြီး လူကောင်း မဟုတ်ဘူးလား တခုခုလုပ်ပေးရမှာ ပဲဆိုပြီး ဝင်ပြောတယ်။ မင်း တို့နေရာရွေးတာရော ကားရွေးတာကော မှားသွားပြီလို့ပြောလိုက်တယ် ငါကရှေ့လမ်းမှာနေတာ။

ဒါငါ့ရပ်ကွက်ကွ ကွေ့တော့မှာမို့ ကားကို လည်း ဖြေးဖြေးမောင်းလာတာကွ လို့ပြော လိုက်တယ်။ ရပ်ကွက်ထဲက လူတွေရောက်လာတယ်။ အခြေနေ မဟန်မှန်းသိတော့ ဒလန်လုပ်ဝင်ပြောတဲ့ကောင်က လစ်သွားတယ်။



အဲဒီတော့မှ အစ်ကို့ကို ဘာမှမပြောပါဘူး ငွေလည်းမတောင်းပါဘူး။ အစ်ကို မောင်းထွက်သွားလည်း ဘာမှမဖြစ်ပါဘူး ဆိုပြီးလေသံပြောင်းသွားတယ် ရာအိမ်မှူးကိုခေါ်လိုက်တယ်။ ရဲစခန်းကိုပို့ လိုက်တယ် ခံဝန်ထိုးခိုင်းပြီးပြန်လွတ်ပေးလိုက်တယ်။

ဘက်မှန်ကာဗာကွဲသွား တယ် အထိုင်နဲ့ပင်နီယန်တွေကြေသွားတယ် ဒီနေ့ပြန်ပြင်လိုက်တာ သုံးသောင်းကုန်သွား တယ် သတိထားကြပါအမျိုးတွေ။ crd-thuthulay


(Zawgyi)


မေန႔က ည ၈:၁၅ ေလာက္ ေျမနီကုန္း ဗားဂရာလမ္း အတိုင္း ဓမၼာ႐ုံလမ္းထဲ ကိုဝင္မလို့ ဗိုလ္မိုး လမ္းထိပ္အေရာက္ လူတေယာက္ ကားနားကပ္လာၿပီး ဘက္မွန္ကိုလက္နဲ႔လြဲရိုက္လိုက္တယ္ ဘုန္းကနဲပဲ ေဒါကန္ၿပီးဆင္းၾကည့္လိုက္ေတာ့

လူက ​ေအာက္မွာလဲ ​ေနတယ္။ ေဘးကအတူေရွာက္လာတဲ့ေကာင္က ဆြဲထူေနတယ္ သိလိုက္ၿပီ မင္းတို့လူလိမ္ေတြ လက္နဲ႔လြဲရိုက္ၿပီး တိုက္သြားသလိုဟန္ေဆာင္ေနတာလို့ေျပာေတာ့ သူတို့နဲ႔ ငါးေပေလာက္ခြာၿပီး



လူအမ်ားနဲ႔ ဆက္ဆံတဲ့ေနရာမွာ သင့္ကို လက္ခံဖို႔ ခ်စ္ခင္ဖို႔ ဆိုတာ အလြန္အေရးႀကီးပါတယ္- မလိုအပ္ဘူးထင္ၿပီး သင့္ ရဲ့ဆက္ဆံပုံ ဆက္ဆံနည္း လြဲမွားသြားခဲ့ရင္ေတာ့ သင္ မိတ္ပ်က္ပါၿပီ- ဒါေၾကာင့္ ဒီ ဗီဒီယိုေလးကိုသာ ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ 
အတူေရွာက္တဲ့ေကာင္က ဝင္ေျပာတယ္။ ခင္ဗ်ားလူႀကီး လူေကာင္း မဟုတ္ဘူးလား တခုခုလုပ္ေပးရမွာ ပဲဆိုၿပီး ဝင္ေျပာတယ္။ မင္း တို့ေနရာေရြးတာေရာ ကားေရြးတာေကာ မွားသြားၿပီလို့ေျပာလိုက္တယ္ ငါကေရွ႕လမ္းမွာေနတာ။

ဒါငါ့ရပ္ကြက္ကြ ေကြ႕ေတာ့မွာမို့ ကားကို လည္း ​ေျဖးေျဖးေမာင္းလာတာကြ လို့ေျပာ လိုက္တယ္။ ရပ္ကြက္ထဲက လူေတြေရာက္လာတယ္။ အေျခေန မဟန္မွန္းသိေတာ့ ဒလန္လုပ္ဝင္ေျပာတဲ့ေကာင္က လစ္သြားတယ္။



အဲဒီေတာ့မွ အစ္ကို့ကို ဘာမွမေျပာပါဘူး ေငြလည္းမေတာင္းပါဘူး။ အစ္ကို ​ေမာင္းထြက္သြားလည္း ဘာမွမျဖစ္ပါဘူး ဆိုၿပီးေလသံေျပာင္းသြားတယ္ ရာအိမ္မွူးကိုေခၚလိုက္တယ္။ ရဲစခန္းကိုပို့ လိုက္တယ္ ခံဝန္ထိုးခိုင္းၿပီးျပန္လြတ္ေပးလိုက္တယ္။

ဘက္မွန္ကာဗာကြဲသြား တယ္ အထိုင္နဲ ႔ပင္နီယန္ေတြေၾကသြားတယ္ ဒီေန႔ျပန္ျပင္လိုက္တာ သုံးေသာင္းကုန္သြား တယ္ သတိထားၾကပါအမ်ိဳးေတြ။ crd-thuthulay

Post a Comment

Previous Post Next Post