(Unicode)

ရှမ်းပြည်နယ်အရှေ့ပို င်း တာချီလိတ်မြို့တွင် ငါးမန်းဂိမ်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ထမင်းဆိုင်တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ငါးမန်းဂိမ်းကစားနေသည့် ကျောင်းဆရာ ၂ ဦးပါ ဖမ်းဆီးခံလိုက်ရကြောင်း သိရ သည်။

တာချီလိတ်မြို့ ဖန်မင်အုပ်စု ဧဒင်ကျေးရွာတွင် ငါးမန်းဂိမ်းခုံများ ဖွင့်လှစ်လောင်းကစားနေကြောင်း သတင်းအရ မနိုင်ဆိုသူ၏ ထမင်းဆိုင်ကို ဝင်ရောက်ရှာဖွေရာ ထမင်းဆိုင်နောက်ခန်းတွင် ငါးမန်းဂိမ်းခုံ ၃ ခုံနှင့်အတူ ဆော့ကစားနေသော ဦးအောင်မိုး၊ ဦးသန်းထိုက်၊ ဦးလှသိန်းဝင်းတို့ကို ထိုင်းဘတ်ငွေ ၂၀၀၀ ခန့်နှင့်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရ သ ည်။


အဆိုပါ လာဆော့ ကစားသူ ၃ ဦးထဲတွင် ၂ ဦးမှာ ကျောင်းဆရာများဖြစ်ကြောင်း တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကအတည်ပြုပြောသည်။သို့သော် မည်သည့်ကျောင်းက ဖြစ်သည်ကို ပြောပြ ခဲ့ခြင်း မရှိပေ။

လက်ရှိတွင် ငါးမန်းဂိမ်းဖွင့်ထားသူ ဆိုင်ရှင်နှင့် လာဆော့ကစားသူ ၃ ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၅၇/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ ၁၆(က) ၁၇(က) အရ အမှုဖွင့်ထားကြောင်း သိရ သည်။

ဇင်လတ်(တာချီလိတ်)


(Zawgyi)


ရွမ္းျပည္နယ္အေရွ႕ပို င္း တာခ်ီလိတ္ၿမိဳ႕တြင္ ငါးမန္းဂိမ္းေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းအရ ထမင္းဆိုင္တစ္ခုကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ ငါးမန္းဂိမ္းကစားေနသည့္ ေက်ာင္းဆရာ ၂ ဦးပါ ဖမ္းဆီးခံလိုက္ရေၾကာင္း သိရ သည္။

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္အုပ္စု ဧဒင္ေက်း႐ြာတြင္ ငါးမန္းဂိမ္းခုံမ်ား ဖြင့္လွစ္ေလာင္းကစားေနေၾကာင္း သတင္းအရ မႏိုင္ဆိုသူ၏ ထမင္းဆိုင္ကို ဝင္ေရာက္ရွာေဖြရာ ထမင္းဆိုင္ေနာက္ခန္းတြင္ ငါးမန္းဂိမ္းခုံ ၃ ခုံႏွင့္အတူ ေဆာ့ကစားေနေသာ ဦးေအာင္မိုး၊ ဦးသန္းထိုက္၊ ဦးလွသိန္းဝင္းတို႔ကို ထိုင္းဘတ္ေငြ ၂၀၀၀ ခန္႔ႏွင့္ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရ သ ည္။


အဆိုပါ လာေဆာ့ ကစားသူ ၃ ဦးထဲတြင္ ၂ ဦးမွာ ေက်ာင္းဆရာမ်ားျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကအတည္ျပဳေျပာသည္။သို႔ေသာ္ မည္သည့္ေက်ာင္းက ျဖစ္သည္ကို ေျပာျပ ခဲ့ျခင္း မရွိေပ။

လက္ရွိတြင္ ငါးမန္းဂိမ္းဖြင့္ထားသူ ဆိုင္ရွင္ႏွင့္ လာေဆာ့ကစားသူ ၃ ဦးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅၇/၂၀၂၀ ေလာင္းကစားဥပေဒပုဒ္မ ၁၆(က) ၁၇(က) အရ အမႈဖြင့္ထားေၾကာင္း သိရ သည္။

ဇင္လတ္(တာခ်ီလိတ္)

Post a Comment

Previous Post Next Post