(Unicode)

မလေးရှားနိုင်ငံက လူကြီးတွေရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေကြောင့် ပြီးခဲ့တဲ့နေ့က 3နှစ်အရွယ်ကလေးငယ်ရဲ့ ရုပ်အလောင်းကို တောအုပ်ထဲမှာတွေ့ရှိခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အမျိုးသားဟာသူ၏ဇနီးနောက်ကွယ်မှာ တိတ်တဆိတ်ဖောက်ပြန်နေခဲ့လို့ပါပဲ ။ အဆိုပါအမျိုးသားဟာ နေအိမ်သို့ ကလေးတစ်ယောက်အမေကို ခေါ်လာခဲ့ပြီး အိမ်ဖော်အဖြစ်လုပ်ကိုင်စေပါတယ် ။



ထို့အပြင် အဆိုပါကလေးတစ်ယောက်အမေဟာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်တဲ့အပြင် ၊ သူစားနေကျ ဆိုင်ကနေတွေ့ပြီး တစ်လလောက်ခင်မင်ရင်နှီးပြီးမှ နေအိမ်သို့ခေါ်လာခဲ့တာဖြစ်ပါတယ် ။ အိမ်ဖော်ကလေးအမေနှင့် နှစ်လခန့်ဖောက်ပြန်ခဲ့ပြီးနောက် ဇနီးဖြစ်သူက အဖြစ်မှန်သိသွားတဲ့အချိန်မှ ပြသာနာစလာခဲ့တာဖြစ်ပါတယ် ။



ထို့နောက် အိမ်ဖော်မကိုတော့ ၎င်းတို့လင်မယားက နေအိမ်ကနေမောင်းထုတ်ခဲ့ပြီး ၊ ကလေးငယ်ကိုတော့ ၎င်းတို့က ကလေးမရှိလို့ဆိုပြီး အိမ်မှာခေါ်ထားခဲ့ပါတယ် ။ ထို့နောက် တစ်လခန့်အကြာမှာတော့ အိမ်ဖော်မလေးဟာ အဆိုပါနေအိမ်သို့ပြန်ရောက်လာပြီး သူမရဲ့ကလေးကိုပြန်လာရှာခဲ့ပါတယ် ။ ထိုအချိန်မှာတော့ အဆိုပါလင်မယားက ကလေးငယ်ကိုအခြားသူအားမွေးစားဖို့ ပေးလိုက်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။



ထို့ကြောင့် ကလေးအမေအိမ်ဖော်မက သူမရဲ့ကလေးကိုပြန်ရှာတွေ့နိုင်ဖို့ တာဝန်ရှိသူများအားတိုင်ကြားခဲ့တဲ့အပြင် ၊ ကြော်ငြာစာရွက်များနှင့် ကလေးပျောက်ကြောင်းကြေညာခဲ့လို့ ကလေးငယ်ပျောက်ဆုံးနေတဲ့အဖြစ်ဟာ social media ပေါ်မှာ ပျံ့နှံ့လို့နေပါတယ် ။ နောက်ဆုံးမှာမှ ကလေးငယ်ရဲ့ရုပ်အလောင်းကို ခရီးဆောင်အိတ်ထဲထဲ့ပြီး တောထဲမှာစွန့်ပစ်ထားလျက်ဖြင့် တွေ့ရှိခဲ့ပါတယ် ။ အဆိုပါစုံတွဲကိုဖမ်းပြီး စစ်ဆေးခဲ့ချိန်မှာတော့ လင်မယားရန်ဖြစ်စကားများနေတုန်း ကလေးအပေါ်အပြစ်ပုံချပြီး ရိုက်နှက်နှိပ်စက်ခဲ့မိတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြပါတယ် ။ လက်ရှိမှာတော့ အဆိုပါလင်မယားကို လူသတ်မှုဖြင့်ဖမ်းယူစစ်ဆေးနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)


(Zawgyi)


မေလးရွားႏိုင္ငံက လူႀကီးေတြရဲ႕ သုံးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းေတြေၾကာင့္ ၿပီးခဲ့တဲ့ေန႔က 3ႏွစ္အ႐ြယ္ကေလးငယ္ရဲ႕ ႐ုပ္အေလာင္းကို ေတာအုပ္ထဲမွာေတြ႕ရွိခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အမ်ိဳးသားဟာသူ၏ဇနီးေနာက္ကြယ္မွာ တိတ္တဆိတ္ေဖာက္ျပန္ေနခဲ့လို႔ပါပဲ ။ အဆိုပါအမ်ိဳးသားဟာ ေနအိမ္သို႔ ကေလးတစ္ေယာက္အေမကို ေခၚလာခဲ့ၿပီး အိမ္ေဖာ္အျဖစ္လုပ္ကိုင္ေစပါတယ္ ။



ထို႔အျပင္ အဆိုပါကေလးတစ္ေယာက္အေမဟာ အင္ဒိုနီးရွားႏိုင္ငံသားျဖစ္တဲ့အျပင္ ၊ သူစားေနက် ဆိုင္ကေနေတြ႕ၿပီး တစ္လေလာက္ခင္မင္ရင္ႏွီးၿပီးမွ ေနအိမ္သို႔ေခၚလာခဲ့တာျဖစ္ပါတယ္ ။ အိမ္ေဖာ္ကေလးအေမႏွင့္ ႏွစ္လခန႔္ေဖာက္ျပန္ခဲ့ၿပီးေနာက္ ဇနီးျဖစ္သူက အျဖစ္မွန္သိသြားတဲ့အခ်ိန္မွ ျပသာနာစလာခဲ့တာျဖစ္ပါတယ္ ။



ထို႔ေနာက္ အိမ္ေဖာ္မကိုေတာ့ ၎တို႔လင္မယားက ေနအိမ္ကေနေမာင္းထုတ္ခဲ့ၿပီး ၊ ကေလးငယ္ကိုေတာ့ ၎တို႔က ကေလးမရွိလို႔ဆိုၿပီး အိမ္မွာေခၚထားခဲ့ပါတယ္ ။ ထို႔ေနာက္ တစ္လခန႔္အၾကာမွာေတာ့ အိမ္ေဖာ္မေလးဟာ အဆိုပါေနအိမ္သို႔ျပန္ေရာက္လာၿပီး သူမရဲ႕ကေလးကိုျပန္လာရွာခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ အဆိုပါလင္မယားက ကေလးငယ္ကိုအျခားသူအားေမြးစားဖို႔ ေပးလိုက္ၿပီျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။



ထို႔ေၾကာင့္ ကေလးအေမအိမ္ေဖာ္မက သူမရဲ႕ကေလးကိုျပန္ရွာေတြ႕ႏိုင္ဖို႔ တာဝန္ရွိသူမ်ားအားတိုင္ၾကားခဲ့တဲ့အျပင္ ၊ ေၾကာ္ျငာစာ႐ြက္မ်ားႏွင့္ ကေလးေပ်ာက္ေၾကာင္းေၾကညာခဲ့လို႔ ကေလးငယ္ေပ်ာက္ဆုံးေနတဲ့အျဖစ္ဟာ social media ေပၚမွာ ပ်ံ႕ႏွံ႔လို႔ေနပါတယ္ ။ ေနာက္ဆုံးမွာမွ ကေလးငယ္ရဲ႕႐ုပ္အေလာင္းကို ခရီးေဆာင္အိတ္ထဲထဲ့ၿပီး ေတာထဲမွာစြန႔္ပစ္ထားလ်က္ျဖင့္ ေတြ႕ရွိခဲ့ပါတယ္ ။ အဆိုပါစုံတြဲကိုဖမ္းၿပီး စစ္ေဆးခဲ့ခ်ိန္မွာေတာ့ လင္မယားရန္ျဖစ္စကားမ်ားေနတုန္း ကေလးအေပၚအျပစ္ပုံခ်ၿပီး ႐ိုက္ႏွက္ႏွိပ္စက္ခဲ့မိတာျဖစ္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ၾကပါတယ္ ။ လက္ရွိမွာေတာ့ အဆိုပါလင္မယားကို လူသတ္မႈျဖင့္ဖမ္းယူစစ္ေဆးေနလ်က္ရွိပါတယ္ ။

Jasmine (Mckzone Daily)

Post a Comment

Previous Post Next Post