(Unicode)

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ဆင်ဂေါင်းတောင် သာသနာ့နယ်မြေအတွင်းမှာ ကမ္ဘာ့ပထမဆုံးသော “အင်ကြင်းစေတီတော်” ကို တည်ထားပူဇော်လျက်ရှိတယ်လို့ ဂေါပကအဖွဲ့ကပြောပါတယ်။


အင်ကြင်းကျောက်တွေနဲ့ တည်ထားတဲ့



“မဟာနာဂဒီပ အေးငြိမ်းချမ်းသာ” ဘွဲ့အမည်ရှိ “အင်ကြင်းစေတီတော်” ကို ၂၀၁၅ ခုနှစ် မေလအတွင်းက စတင်တည်ထားခဲ့ပြီး လက်ရှိမှာတော့ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ကုန်ကျငွေအနေနဲ့ ကျပ်သိန်း နှစ်သောင်းခန့် ကုန်ကျမယ်လို့ တည်ဆောက်ရေးဂေါပကအဖွဲ့ ဥက္ကဌ ဦးမြင့်သိန်းက ပြောပါတယ်။ ”အင်ကြင်းစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံတင်မဟုတ်ပါဘူး ကမ္ဘာ့မှာတင် တစ်ဆူထဲပဲ ရှိပါတယ်။


အခု တည်ထားလျက်ရှိတာ ငါးနှစ်ရှိပါပြီ၊ ပုဂံက အာနန္ဒာစေတီတော် ပုံစံတူတည်ထားလျှက်ရှိပါတယ်။ ကျန်စစ်သားမင်းသားက ကျွန်တော်တို့ မြောင်မြို့နယ်၊ ပရိမ္မရွာမှာ မွေးဖွားတဲ့အတွက် ကျန်စစ်သားမင်းကြီးကို ဂုဏ်ပြုသောအားဖြင့် အင်ကြင်းစေတီတော်မြတ်ကြီးကို တည်းထားကိုးကွယ်ပါတယ်။




ဒီအင်ကြင်းစေတီတော်ကို လာရောက်ဖူးမျှော်တဲ့အခါမှာ အေးမြသာယာတယ် ကျန်းမာဝဖြိုးတယ် အနှောက်အယှက်ရောဂါခပ်သိမ်းကင်းငြိမ်းတဲ့ အင်ကြင်းရဲ့ တန်းခိုးက အဲ့တာရှိတဲ့အတွက် တည်ထားကိုးကွယ်ခြင်းဖြစ်ပါတယ်။” လို့ ‌ဦးမြင့်သိန်းကပြောပါတယ်။


မဟာနာဂဒီပအေးငြိမ်းချမ်းသာ အင်ကြင်းစေတီတော်မြတ်ကြီးကို အင်ကြင်းကျောက်တွေနဲ့ကပ်လှူပူဇော်ရာမှာ အင်ကြင်းကျောက်တန်ချိန် (၁၀၀၀) ခန့် အသုံးပြုပူဇော်လျက်ရှိပြီး စေတီတော်ရဲ့ ဉာဏ်တော်အမြင့် (၄၅) တောင် ၊အလျားပေ (၉၀) ပတ်လည်ရှိပါတယ်။




စေတီရဲ့ လှိုင်အမြင့် (၂၅) ပေ ထုထည်ရှိပြီး စေတီတော်အတွင်းမှာ အလျားပေ (၂၀)၊ လုံးပတ် ၆ ပေ ခန့်ရှိတဲ့ အင်ကြင်းသားတွေကို အသုံးပြုကာ ပွင့်တော်မူပြီးသော ဘုရားလေးဆူကို ရည်းစူးကာ ရပ်တော်မူရုပ်ပွားတော်တွေ၊ထိုင်တော်မူ ရုပ်ပွားတော်တွေကို ထုဆစ်ပူဇော်ထားရှိထားတယ်တာဖြစ်တယ်လို့ ဦးမြင့်သိန်းကရှင်းပြပေးခဲ့တာဖြစ်ပါတယ်။


Photo – Kyaw Swar Soe

voiceofmyanmar

#CloudWave Travels & Tours


(Zawgyi)


စစ္ကိုင္းခရိုင္၊ ေျမာင္ၿမိဳ့နယ္၊ ဆင္ေဂါင္းေတာင္ သာသနာ့နယ္ေျမအတြင္းမွာ ကမၻာ့ပထမဆုံးေသာ “အင္ၾကင္းေစတီေတာ္” ကို တည္ထားပူေဇာ္လ်က္ရွိတယ္လို့ ေဂါပကအဖြဲ႕ကေျပာပါတယ္။


အင္ၾကင္းေက်ာက္ေတြနဲ႔ တည္ထားတဲ့



“မဟာနာဂဒီပ ေအးၿငိမ္းခ်မ္းသာ” ဘြဲ႕အမည္ရွိ “အင္ၾကင္းေစတီေတာ္” ကို ၂၀၁၅ ခုႏွစ္ ေမလအတြင္းက စတင္တည္ထားခဲ့ၿပီး လက္ရွိမွာေတာ့ ၈၅ ရာခိုင္ႏွုန္း ၿပီးစီးေနၿပီး ကုန္က်ေငြအေနနဲ႔ က်ပ္သိန္း ႏွစ္ေသာင္းခန႔္ ကုန္က်မယ္လို့ တည္ေဆာက္ေရးေဂါပကအဖြဲ႕ ဥကၠဌ ဦးျမင့္သိန္းက ေျပာပါတယ္။ ”အင္ၾကင္းေစတီေတာ္ျမတ္ႀကီးဟာ ျမန္မာနိုင္ငံတင္မဟုတ္ပါဘူး ကမၻာ့မွာတင္ တစ္ဆူထဲပဲ ရွိပါတယ္။


အခု တည္ထားလ်က္ရွိတာ ငါးႏွစ္ရွိပါၿပီ၊ ပုဂံက အာနႏၵာေစတီေတာ္ ပုံစံတူတည္ထားလၽွက္ရွိပါတယ္။ က်န္စစ္သားမင္းသားက ကၽြန္ေတာ္တို့ ေျမာင္ၿမိဳ့နယ္၊ ပရိမၼရြာမွာ ေမြးဖြားတဲ့အတြက္ က်န္စစ္သားမင္းႀကီးကို ဂုဏ္ျပဳေသာအားျဖင့္ အင္ၾကင္းေစတီေတာ္ျမတ္ႀကီးကို တည္းထားကိုးကြယ္ပါတယ္။





ဒီအင္ၾကင္းေစတီေတာ္ကို လာေရာက္ဖူးေမၽွာ္တဲ့အခါမွာ ေအးျမသာယာတယ္ က်န္းမာဝၿဖိဳးတယ္ အေႏွာက္အယွက္ေရာဂါခပ္သိမ္းကင္းၿငိမ္းတဲ့ အင္ၾကင္းရဲ့ တန္းခိုးက အဲ့တာရွိတဲ့အတြက္ တည္ထားကိုးကြယ္ျခင္းျဖစ္ပါတယ္။” လို့ ‌ဦးျမင့္သိန္းကေျပာပါတယ္။


မဟာနာဂဒီပေအးၿငိမ္းခ်မ္းသာ အင္ၾကင္းေစတီေတာ္ျမတ္ႀကီးကို အင္ၾကင္းေက်ာက္ေတြနဲ႔ကပ္လွူပူေဇာ္ရာမွာ အင္ၾကင္းေက်ာက္တန္ခ်ိန္ (၁၀၀၀) ခန႔္ အသုံးျပဳပူေဇာ္လ်က္ရွိၿပီး ေစတီေတာ္ရဲ့ ဉာဏ္ေတာ္အျမင့္ (၄၅) ေတာင္ ၊အလ်ားေပ (၉၀) ပတ္လည္ရွိပါတယ္။


ေစတီရဲ့ လွိုင္အျမင့္ (၂၅) ေပ ထုထည္ရွိၿပီး ေစတီေတာ္အတြင္းမွာ အလ်ားေပ (၂၀)၊ လုံးပတ္ ၆ ေပ ခန႔္ရွိတဲ့ အင္ၾကင္းသားေတြကို အသုံးျပဳကာ ပြင့္ေတာ္မူၿပီးေသာ ဘုရားေလးဆူကို ရည္းစူးကာ ရပ္ေတာ္မူ႐ုပ္ပြားေတာ္ေတြ၊ထိုင္ေတာ္မူ ႐ုပ္ပြားေတာ္ေတြကို ထုဆစ္ပူေဇာ္ထားရွိထားတယ္တာျဖစ္တယ္လို့ ဦးျမင့္သိန္းကရွင္းျပေပးခဲ့တာျဖစ္ပါတယ္။


Photo – Kyaw Swar Soe

voiceofmyanmar

#CloudWave Travels & Tours

Post a Comment

Previous Post Next Post