(Unicode)
အပြင်သွားရင် ဖုန်းထုတ် မသုံး ပါနဲ့၊ ဖုန်းလုပြေး တဲ့ လူနှစ်ယောက် တဲ့ဗျာ။ အားလုံး သိအောင် ရှဲပေးကြ ပါအုံး
အပြင်သွားရင် ဖုန်းထုတ် မသုံးပါနဲ့ လမ်းလျှောက်ရင်း ဖြစ်ဖြစ် YBS စောင့်ရင်းဖြစ်ဖြစ်ပေါ့
ဒီနေ့ညနေ 3:30 လောက်က မင်္ဂလာဒုံ ဆေးကျောင်း မှတ်တိုင်မှာ ကားထိုင်စောင့်ရင်း ကို့ဖုန်း အလုခံလိုက်ရပါတယ်။ ကိုနဲ့ ခပ်လှမ်းလှမ်း မှာ အန်တီကြီး တစ်ယောက်လည်း မတ်တပ်ရပ်ပြီး ကားစောင့်နေ ပါတယ်။ ကိုလည်း ခုံတန်းမှာ ထိုင်စောင့်ရင်း
လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ 
chat box မှာ အမ တစ်ယောက် နဲ့ စကားပြောနေတာပါ။ ခဏကြာတော့ ကောင်လေးတစ်ယောက် ဆိုင်ကယ် နဲ့ ကို့ရှေ့နားကို
လာရပ်တယ် ။ ပြီးတော့ ယောက်ျား တစ်ယောက် ကို့ဘေးနားနှစ်တောင် အကွာလောက်မှာ ဝင်ထိုင်တယ်။
ကိုက ဖုန်းကို လက်နှစ်ဖက် နဲ့ ကိုင်ပြီး စာရိုက်နေ တာနော် အဲတာကို ဘေးနားက လူက ကို့လက်မောင်းနှစ်ဖက်ကို ချုပ်ပြီး လက်ထဲက ဖုန်းကို ဆွဲလုသွားတယ်။ သူက ခုနကရပ်နေ တဲ့ကောင်လေး ဆိုင်ကယ်ပေါ်ပြေးတက်တာ ကိုလည်း
၂ စက္ကန့်လောက်ကြောင်သွားပေမယ့် ချက်ချင်း ထလိုက်ပြီး သူ့လည်ဂုတ်ကို အမိအရ ကိုင်ပြီး ဆိုင်ကယ်ပေါ်က ဆောင့်ဆွဲချလိုက်တာ ဆိုင်ကယ်ကလည်းအထွက်ဆိုတော့ အဲ့လူလမ်းမပေါ်ကို ပက်လက်လန်ပြီး အားနဲ့ပြုတ်ကျသွားတာ။
ဒါပေမယ့် သူက ချက်ချက် ပြန်ထပြီး ကို့ကို ရန်ပြုဖို့ကြိုးစားတော့ ကိုလည်း နောက်ဆုတ်လိုက်တာ (သူ့မှာ ဓားပါတယ်လေ) (မဟုတ်ရင်တော့ နင်သေပြီမှတ်) အဲ့ချိန်မှာ သူက ဆိုင်ကယ်ပေါ်ပြန်တက်ပြီး ပြေးပါလေရော ။ ကို လည်းအော်လိုက် မိပေမယ့်
လူက ပြတ်နေတော့ အရာမထင်။ ရပ်နေတဲ့ အန်တီကြီး ကလည်း ဘာမှတောင် သိလိုက်ပုံမပေါ်ပါဘူး ဟိုကပြေးသွားမှ သိတာ။ ဒါတောင် အဝေးက သတိထားမိတဲ့ ဆိုင်ကယ်တစ်စီး နဲ့ ကားတစ်စီး လိုက်ပေးပေမယ့် မမီလိုက်ပါဘူး။
ကားနဲ့အကိုတွေက ပုံတော့ မိမိရရ ရိုက်ပေးခဲ့ပါတယ်။ သူတို့လည်း ဆက်လိုက် ပေမယ့် ဟိုကောင်တွေက ဓားထုတ် ပြပြီး လိုက်ရဲရင် လိုက်ခဲ့ဆိုတော့ သူတို့လည်းပြန်လှည့် လာခဲ့လိုက်တော့တာ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။
ကိုလည်း ပထမဆုံးကြုံဖူးတာ ခြေထောက် နဲ့လက် နဲနဲ ထိခိုက်သွားပေမယ့် ကျန်တာ ဘာမှမဖြစ်လို့တော်သေးတယ်။ ပြောချင်တာက ကို့လိုမဖြစ်အောင် ဂရုစိုက်ကြဖို့ပါ။ ဘယ်သွားသွား သတိ နဲ့ သွားလာကြဖို့ပါ။ နဲနဲလန့်သွားပေမယ့် သင်းတို့ကို မမိလိုက်လို့
ဒေါသကပိုထွက်။ ဖုန်းကို အရမ်းနှမြောနေတာ မဟုတ်ပေမယ့် ဖုန်းထဲက အချက်အလက်တွေ အမှတ်တရတွေ ကိုတော့ နှမြောမိပါတယ်။ အရေးကြီးတာတွေ ဖုန်းထဲမှာ သိမ်းမိရင်တော့ ပိုဆိုးကဲ သတိ ထားကြပါ ဘယ်သူ့ကိုမှ ကို့လို အဖြစ်မျိုးမကြုံစေချင်ဘူး ။
ဒီလိုအချိန်မျိုးမှာ ငတ်ပြတ်နေကြတော့ လစ်ရင် လစ်သလို သုတ်မှာပဲ။ Take care yourself အောက်မှာ KMKLနှစ်ယောက်ပုံ
(Zawgyi)
Post a Comment
Previous Post Next Post