(Unicode)


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ဇူလိုင်လ ၇ ရက်၊ ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများ၊ ပြည်သူများ စုပေါင်း၍ မူးယစ်ဆေးဝါး ဖမ်းဆီးခြင်းလုပ်ငန်း ဆောင်ရွက်ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးတွင် မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် တောင်ကြီးမြို့မရဲစခန်းသို့ လွှဲအပ်ခဲ့ကြောင်း သိရသည်။

“ ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေ များလာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ထဲက ပြည်သူတွေ ပူးပေါင်းပြီး သွားဖမ်းတာ ရဲ ၂ ယောက်ကို ဆေးပြား ၉ ပြားနဲ့ အတူ ဖမ်းမိတယ်။ သူတို့က ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကလို့ ပြောတယ်။

အဲဒါနဲ့ စခန်းမှူးကို အကြောင်းကြားလိုက်တော့ လာခေါ်သွားပြီး တစ်ခါတည်း အမှုဖွင့်အရေးယူ လိုက်တယ် ” ဟု ရွှေတောင်ရပ်ကွက်နေ ဦးသန်းအောင်က ပြောသည်။

ရွှေတောင် ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းချသည်ဟု ကျော်ဇောသူများ၏ နေအိမ်များအား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများနှင့် ရပ်ကွက်နေ ပြည်သူများမှ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသူ ၂ ဦးကို အမှုဖွင့်အရေးယူကာ ကျန် ၃ ဦးမှာ မူးယစ် ဆေးဝါးတွေ့ရှိခြင်း မရှိသည့်အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

ထို့အတူ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကလည်း “ ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်မှု ရှိနေတယ်ဆိုလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စီမံချက်နဲ့ လုပ်လိုက်တာပါ ” ဟု ပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ “ အရေးယူထားတာ ဟုတ်ပါတယ် ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပိုမိုများလာသဖြင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Source – ကမ္ဘောဇတိုင်း

(Zawgyi)


ရွမ္းျပည္နယ္ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕၊ ေ႐ႊေတာင္ရပ္ကြက္တြင္ ဇူလိုင္လ ၇ ရက္၊ ညပိုင္းက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး တာဝန္ရွိသူမ်ား၊ ျပည္သူမ်ား စုေပါင္း၍ မူးယစ္ေဆးဝါး ဖမ္းဆီးျခင္းလုပ္ငန္း ေဆာင္႐ြက္ရာ ရဲတပ္ဖြဲ႕ဝင္ ၅ ဦးကို ေတြ႕ရွိခဲ့ၿပီး ၎တို႔အနက္ ၂ ဦးတြင္ မူးယစ္ေဆးဝါးမ်ား ေတြ႕ရွိသျဖင့္ ေတာင္ႀကီးၿမိဳ႕မရဲစခန္းသို႔ လႊဲအပ္ခဲ့ေၾကာင္း သိရသည္။

“ ရပ္ကြက္ထဲမွာ မူးယစ္ေဆးဝါး ေရာင္းတဲ့သူေတြ မ်ားလာေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔ ရပ္ကြက္ထဲက ျပည္သူေတြ ပူးေပါင္းၿပီး သြားဖမ္းတာ ရဲ ၂ ေယာက္ကို ေဆးျပား ၉ ျပားနဲ႔ အတူ ဖမ္းမိတယ္။ သူတို႔က ျပည္နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးကလို႔ ေျပာတယ္။

အဲဒါနဲ႔ စခန္းမႉးကို အေၾကာင္းၾကားလိုက္ေတာ့ လာေခၚသြားၿပီး တစ္ခါတည္း အမႈဖြင့္အေရးယူ လိုက္တယ္ ” ဟု ေ႐ႊေတာင္ရပ္ကြက္ေန ဦးသန္းေအာင္က ေျပာသည္။

ေ႐ႊေတာင္ ရပ္ကြက္အတြင္းရွိ မူးယစ္ေဆးဝါး ေရာင္းခ်သည္ဟု ေက်ာ္ေဇာသူမ်ား၏ ေနအိမ္မ်ားအား ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး တာဝန္ရွိသူမ်ားႏွင့္ ရပ္ကြက္ေန ျပည္သူမ်ားမွ စစ္ေဆးဖမ္းဆီးမႈမ်ား ျပဳလုပ္ရာတြင္ ရဲတပ္ဖြဲ႕ဝင္ ၅ ဦးကို ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ၎တို႔အနက္ မူးယစ္ေဆးဝါးႏွင့္အတူ ဖမ္းမိသူ ၂ ဦးကို အမႈဖြင့္အေရးယူကာ က်န္ ၃ ဦးမွာ မူးယစ္ ေဆးဝါးေတြ႕ရွိျခင္း မရွိသည့္အတြက္ ျပန္လႊတ္ေပးခဲ့ေၾကာင္း ၎၏ ေျပာၾကားခ်က္ အရ သိရသည္။

ထို႔အတူ ေ႐ႊေတာင္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းေ႐ႊကလည္း “ ရပ္ကြက္ထဲမွာ မူးယစ္ေဆးဝါး ေရာင္းတဲ့သူေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ပတ္သက္မႈ ရွိေနတယ္ဆိုလို႔ ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြနဲ႔ ပူးေပါင္းၿပီး စီမံခ်က္နဲ႔ လုပ္လိုက္တာပါ ” ဟု ေျပာဆိုခဲ့သည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးေအးႏိုင္အား ကေမာၻဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာ “ အေရးယူထားတာ ဟုတ္ပါတယ္ ” ဟု ျပန္လည္ ေျဖၾကားခဲ့သည္။

ယင္းကဲ့သို႔ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္ ၂ ဦးကို ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

ထို႔အျပင္ ေတာင္ႀကီးၿမိဳ႕ ေ႐ႊေတာင္ရပ္ကြက္အတြင္း မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ ပိုမိုမ်ားလာသျဖင့္ ေတာင္ႀကီးခ႐ိုင္ ရဲတပ္ဖြဲ႕မႉး၏ ခြင့္ျပဳခ်က္ျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ တာဝန္ရွိသူမ်ား၊ ရပ္ကြက္ေနျပည္သူမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္းကာ မူးယစ္ေဆးဝါး ဖမ္းဆီးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Source – ကေမာၻဇတိုင္း

Post a Comment

Previous Post Next Post