(Unicode)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဇူလိုင်လ ၁ဝ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှု တစ်ခုကို ဝင်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးရဲ့လုပ်ရက် အတွက် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက အထိုးခံရသူ ကိုပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။



ရဲတပ်ကြပ်ကြီး လက်သီးဖြင့်အထိုးခံခဲ့ရသူအား မြို့နယ်ရဲတပ်ဖွဲ့မှူ း ရဲမှူ း တင်လှိုင်၊ ရေကြောင်းရဲတပ် ဖွဲ့စု(ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူ း ဒုရဲမှူ း အောင်မိုးနိုင်ဦးဆောင်သည့် ရဲတပ်ဖွဲ့မှ အရာရှိများမှ ပုသိမ်နယ်မြေရဲ စခန်းတွင် ယနေ့မနက်ပိုင်းက ကာယကံရှင်နှင့်တွေ့ ဆုံကာ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရက်အတွက် မှားကြောင်းဝန်ခံကာ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။



“အခန့်မသင့်ဖြစ်သွားရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျနော် တပ်ဖွဲ့ဝင်တွေ မှားသွားတဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေကိုယ်စား ကျနော်တို့ တောင်းပန်ပါတယ်။

ဖြေလျော့ပြီးတော့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ ခြင်းပါတယ်”ဟု ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူ းရဲမှူ း တင်လှိုင်က ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားရာတွင်ပါဝင်သူ ရေကင်းရဲတပ်ကြပ်ကြီးမျိုးအောင် အပါအဝင်ရဲတပ်ကြပ်တစ်ဦး ဒုတပ်ကြပ်တစ်ဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူနိင်ရေးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ပုသိမ်မြို့ရေကင်းရဲတပ်ဖွဲ့ထံမှ သိရသည်။



“ပြည်သူလူထုနဲ့ဆက်ဆံရာမှာ ခုလိုရိုင်းပြစွာပြုမှုဆက် ဆံလိုမရသလို ကျင့်ဝတ်တွေရှိပြီးသား ဖြစ်သလိုခုလို့ ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခွင့်လွှတ်ပေးဖို့အတွက် တာဝန်ရှိသူတစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်” ဟု ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူ း ဒုရဲမှူ း အောင်မိုးနိုင်မှ တောင်းပန်ခဲ့သည်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိမိအနေဖြင့် ရဲတပ်ဖွဲ့ဝင်များကို မထိခိုက်လိုကြောင်း မိမိအနေဖြင့်လည်း ရဲတပ်ဖွဲ့ ဝင်များအပေါ်နားလည်ကြောင်းနှင့် အမှုဖွင့်တာတွေ လုပ်ပြုလုပ်တော့မည် မဟုတ်ကြောင်း ကျူ းလွန်ခံရသူ ကိုဝင်းနိုင်ထွန်းမှ ပြောသည်။



လက်ရှိအချိန်တွင် ဇူလိုင်လ ၁၀ ရက်နေ့ညပိုင်းက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေကင်းရဲတပ်ကြပ်ကြီးမျိုးအောင် အပါအဝင်ရဲတပ်ကြပ်တစ်ဦး ဒုတပ်ကြပ်တစ်ဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူနိင်ရေးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်


(Zawgyi)


ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕ ကမ္းနားလမ္းမွာ ဇူလိုင္​လ ၁ဝ ရက္​​ေန႔ညပိုင္​းက ယာဥ္တုိက္မႈ တစ္ခုကို ၀င္ေရာက္ကူညီေပးေနတဲ့ ပုသိမ္ၿမိဳ႕ခံတစ္ဦးကို လက္သီးနဲ႔ထိုးခဲ့တဲ့ ရဲတပ္ၾကပ္ႀကီးတစ္ဦးရဲ႕လုပ္​ရက္​ အတြက္​ ရဲတပ္​ဖြဲ႔က တာဝန္​႐ွိသူ​ေတြက အထုိးခံရသူ ကိုျပန္​လည္​​ေတာင္​းပန္​ခဲ့​ေၾကာင္​း သိရသည္။



ရဲတပ္​ၾကပ္​ႀကီး လက္​သီးျဖင္​့အထုိးခံခဲ့ရသူအား ၿမိဳ႕နယ္​ရဲတပ္​ဖြဲ႔မွဴ း ရဲမွဴ း တင္​လိႈင္​၊ ​ေရ​ေၾကာင္​းရဲတပ္​ ဖြဲ႔စု(ပုသိမ္​)မွ ဒုတပ္​ဖြဲ႔စုမွဴ း ဒုရဲမွဴ း ​ေအာင္​မုိးႏိုင္​ဦး​ေဆာင္​သည္​့ ရဲတပ္​ဖြဲ႔မွ အရာ႐ွိမ်ားမွ ပုသိမ္​နယ္​​ေျမရဲ စခန္​းတြင္​ ယ​ေန႔မနက္​ပိုင္​းက ကာယကံ႐ွင္​ႏွင္​့​ေတြ႔ ဆံုကာ ​ရဲတပ္​ဖြဲ႔ဝင္​မ်ား၏ လုပ္​ရက္​အတြက္​ မွား​ေၾကာင္​းဝန္​ခံကာ ​ေမတၱာရပ္​ခံခဲ့ျခင္​းျဖစ္​သည္​။



“အခန္​႔မသင္​့ျဖစ္​သြားရတဲ့ ဒီျဖစ္​စဥ္​နဲ႔ပတ္​သက္​ၿပီးက်​ေနာ္​ တပ္​ဖြဲ႔ဝင္​​ေတြ မွားသြားတဲ့အ​ေပၚမွာ တပ္​ဖြဲ႔ဝင္​​ေတြကိုယ္​စား က်​ေနာ္​တုိ႔ ​ေတာင္​းပန္​ပါတယ္​။

​ေျဖ​ေလ်ာ့ၿပီး​ေတာ့ ​ေဆာင္​ရြက္​​ေပးဖုိ႔ ​ေမတၱာရပ္​ခံ ျခင္​းပါတယ္​”ဟု ပုသိမ္​ျမဳိ႕နယ္​ရဲတပ္​ဖြဲ႔မွဴ းရဲမွဴ း တင္​လိႈင္​က ​ေျပာသည္​။

ျဖစ္စဥ္ျဖစ္ပြားရာတြင္​ပါဝင္သူ ေရကင္းရဲတပ္ၾကပ္ႀကီးမ်ိဳး​ေအာင္​ အပါအ၀င္​ရဲတပ္​ၾကပ္​တစ္​ဦး ဒုတပ္​ၾကပ္​တစ္​ဦးကို ပုသိမ္နယ္ေျမရဲစခန္းတြင္ ထိန္းသိမ္းထားရွိၿပီး ရဲစည္းကမ္းႏွင့္အညီ အေရးယူနိင္ေရးစစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္း ပုသိမ္ၿမိဳ့ေရကင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။



“ျပည္​သူလူထုနဲ႔ဆက္​ဆံရာမွာ ခုလို႐ိုင္​းျပစြာျပဳမႈဆက္​ ဆံလိုမရသလုိ က်င္​့ဝတ္​​ေတြ႐ွိၿပီးသား ျဖစ္​သလုိခုလုိ႔ ႐ိုင္​းျပစြာ​ေျပာဆုိဆက္​ဆံခဲ့တဲ့ ရဲတပ္​ဖြဲ႔၀င္​​ေတြကို ခြင္​့လႊတ္​​ေပးဖုိ႔အတြက္​ တာဝန္​႐ွိသူတစ္​​ေယာက္​အ​ေနနဲ႔ ​​ေတာင္​းပန္​ပါတယ္” ဟု ​ေရ​ေၾကာင္​းရဲတပ္​ဖြဲ႔စု (ပုသိမ္​)မွ ဒုတပ္​ဖြဲ႔စုမွဴ း ဒုရဲမွဴ း ​ေအာင္​မုိးႏိုင္​မွ ​ေတာင္​းပန္​ခဲ့သည္​။

ျဖစ္​စဥ္​နဲ႔ပတ္​သက္​ၿပီး မိမိအ​ေနျဖင္​့ ရဲတပ္​ဖြဲ႔ဝင္​မ်ားကို မထိခိုက္​လို​ေၾကာင္​း မိမိအ​ေနျဖင္​့လည္​း ရဲတပ္​ဖြဲ႔ ဝင္​မ်ားအ​ေပၚနားလည္​​ေၾကာင္​းႏွင္​့ အမႈဖြင္​့တာ​ေတြ လုပ္​ျပဳလုပ္​​ေတာ့မည္​ မဟုတ္​​ေၾကာင္​း က်ဴ းလြန္​ခံရသူ ကိုဝင္​းႏိုင္​ထြန္​းမွ ​ေျပာသည္​။

လက္​႐ွိအခ်ိန္​တြင္​ ဇူလိုင္​လ ၁၀ ရက္​​ေန႔ညပိုင္​းက ျဖစ္​စဥ္​ႏွင္​့ပတ္​သက္​ၿပီး ေရကင္းရဲတပ္ၾကပ္ႀကီးမ်ိဳး​ေအာင္​ အပါအ၀င္​ရဲတပ္​ၾကပ္​တစ္​ဦး ဒုတပ္​ၾကပ္​တစ္​ဦးကို ပုသိမ္နယ္ေျမရဲစခန္းတြင္ ထိန္းသိမ္းထားရွိၿပီး ရဲစည္းကမ္းႏွင့္အညီ အေရးယူနိင္ေရးစစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္းသိရသည္​။

ဓာတ္​ပံု – ဧရာဝတီတိုင္​းမ္

Post a Comment

Previous Post Next Post