(Unicode)

ဒီနေ့ ဇူလိုင်လ (၂၆ ) ရက်နေ့ကတော့ ပရိသတ်တွေ အသည်းစွဲ ချစ်ခဲ့ကြတဲ့ အငိုမင်းသမီးလို့ နာမည်တွင်လောက်အောင် ဒရမ်မာ ကားတွေမှာ ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ မိုးပြည့်ပြည့်မောင်ရဲ့ မွေးနေ့ရက်မြတ်မင်္ဂလာလေးပဲဖြစ်ပါတယ် ။ မွေးနေ့အမှတ်တရလေးအဖြစ် မိုးပြည့်တစ်ယောက် ရွှေတောင်မြို့မှာ အလှူအတန်းတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။



ရွှေတောင်မြို့ရဟန္တာ(၈၀)ကျောင်းတိုက်တွင်းရှိ ဘုရားရဟန္တာနံ့ မှဲ့ရှင်ဆရာတော်ဘုရား ၊ သံဃာ၊ သီလရှင်ယောဂီတို့အား မုန့်သက်ရှည် ဆွမ်းကပ်လှုခြင်းတွေကိုပြုလုပ်ခဲ့ပါတယ် ။ သီလရှင်ဝတ်ပေးပြီး ကုသိုလ်ပြုပေးတဲ့မေမေ စိတ်ချမ်းသာခွင့်ပေးခဲ့တဲ့ပါရမီဖြည့်ဖက်ကြီးနဲ့ မောင်လေးညီမလေး ၊ တူမလေးကိုစိတ်ချမ်းသာစေချင်တဲ့ ဦးလေးအဒေါ်များ သူငယ်ချင်းလေးစုလှိုင် တို့ကို ကျေးဇူးတင်တဲ့အကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။



မွေးနေ့ဆုတောင်းပေးကြတဲ့ မိတ်ဆွေအပေါင်းအသင် းသူငယ်ချင်းများနဲ့ အနုပညာညီအကိုမောင်နှမများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ရေးသားထားပါသေးတယ် ။ မိုးပြည့်ကို ချစ်တဲ့ ပရိသတ်ကြီးလည်း မိုးပြည့်အလှူလေးကို သာဓုခေါ်ဆိုရင်း မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းပေးကြပါဦးနော် ။


Source : Moe Pyae Pyae Maung , Cele Gabar


(Zawgyi)


ဒီေန႔ ဇူလိုင္လ (၂၆ ) ရက္ေန႔ကေတာ့ ပရိသတ္ေတြ အသည္းစြဲ ခ်စ္ခဲ့ၾကတဲ့ အငိုမင္းသမီးလို႔ နာမည္တြင္ေလာက္ေအာင္ ဒရမ္မာ ကားေတြမွာ ပိုင္ႏိုင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မိုးျပည့္ျပည့္ေမာင္ရဲ႕ ေမြးေန႔ရက္ျမတ္မဂၤလာေလးပဲျဖစ္ပါတယ္ ။ ေမြးေန႔အမွတ္တရေလးအျဖစ္ မိုးျပည့္တစ္ေယာက္ ေ႐ႊေတာင္ၿမိဳ႕မွာ အလႉအတန္းေတြျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္ ။



ေ႐ႊေတာင္ၿမိဳ႕ရဟႏၲာ(၈၀)ေက်ာင္းတိုက္တြင္းရွိ ဘုရားရဟႏၲာနံ႔ မွဲ႔ရွင္ဆရာေတာ္ဘုရား ၊ သံဃာ၊ သီလရွင္ေယာဂီတို႔အား မုန႔္သက္ရွည္ ဆြမ္းကပ္လႈျခင္းေတြကိုျပဳလုပ္ခဲ့ပါတယ္ ။ သီလရွင္ဝတ္ေပးၿပီး ကုသိုလ္ျပဳေပးတဲ့ေမေမ စိတ္ခ်မ္းသာခြင့္ေပးခဲ့တဲ့ပါရမီျဖည့္ဖက္ႀကီးနဲ႔ ေမာင္ေလးညီမေလး ၊ တူမေလးကိုစိတ္ခ်မ္းသာေစခ်င္တဲ့ ဦးေလးအေဒၚမ်ား သူငယ္ခ်င္းေလးစုလႈိင္ တို႔ကို ေက်းဇူးတင္တဲ့အေၾကာင္း သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္ ။



ေမြးေန႔ဆုေတာင္းေပးၾကတဲ့ မိတ္ေဆြအေပါင္းအသင္ းသူငယ္ခ်င္းမ်ားနဲ႔ အႏုပညာညီအကိုေမာင္ႏွမမ်ားအားလုံးကိုလည္း ေက်းဇူးတင္ရွိေၾကာင္း ေရးသားထားပါေသးတယ္ ။ မိုးျပည့္ကို ခ်စ္တဲ့ ပရိသတ္ႀကီးလည္း မိုးျပည့္အလႉေလးကို သာဓုေခၚဆိုရင္း ေမြးေန႔ဆုမြန္ေကာင္းေလးေတြေတာင္းေပးၾကပါဦးေနာ္ ။


Source : Moe Pyae Pyae Maung , Cele Gabar

Post a Comment

Previous Post Next Post