(Unicode)


အမြန်လမ်းပေါ်မှာ လူ ၂၆ ယောက်တင်ဆောင်လာတဲ့ ယာဉ်ငယ်တစီး ဒီနေ့ နေ့လယ်က တိမ်းမှောက်ခဲ့တာကြောင့် ၁ ယောက်သေပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။



ပျော်ဘွယ်မြို့နယ်၊ ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၇၁/၅ နဲ့ ၂၇၁/၆ ကြားမှာ မွန်းတည့် ၁၂ နာရီအချိန်က ဖြူးမြို့နယ်နေ စန်မဂျေး မောင်းနှင်လာတဲ့ CHANA PICKUP ကားဟာ ညာ နောက်ဘက်ဘီးပေါက်လို့ အရှိန်လွန် တိမ်းမှောက်ခဲ့တာလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ဆိုပါတယ်။



ကားပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၂ ယောက် လိုက်ပါလာပြီး အမျိုးသမီးတယောက်ကတော့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။အမျိုးသား ၂ ယောက်ကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာတွေရခဲ့ပြီး နောက်ထပ် အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။

သူတို့ကို ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းက တပ်ဖွဲ့ဝင်တွေ၊ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အထောက်အကူပြု အဖွဲ့တွေက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဗွီဘီ


(Zawgyi)


အျမန္လမ္းေပၚမွာ လူ ၂၆ ေယာက္တင္ေဆာင္လာတဲ့ ယာဥ္ငယ္တစီး ဒီေန႔ ေန႔လယ္က တိမ္းေမွာက္ခဲ့တာေၾကာင့္ ၁ ေယာက္ေသၿပီး ၂၃ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။



ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ေပပင္ေလး အျမန္လမ္းမႀကီးရဲစခန္းအပိုင္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၂၇၁/၅ နဲ႔ ၂၇၁/၆ ၾကားမွာ မြန္းတည့္ ၁၂ နာရီအခ်ိန္က ျဖဴးၿမိဳ႕နယ္ေန စန္မေဂ်း ေမာင္းႏွင္လာတဲ့ CHANA PICKUP ကားဟာ ညာ ေနာက္ဘက္ဘီးေပါက္လို႔ အရွိန္လြန္ တိမ္းေမွာက္ခဲ့တာလို႔ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးက ဆိုပါတယ္။



ကားေပၚမွာ ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသား ၁၄ ေယာက္၊ အမ်ိဳးသမီး ၁၂ ေယာက္ လိုက္ပါလာၿပီး အမ်ိဳးသမီးတေယာက္ကေတာ့ ေနရာမွာပဲ ေသဆုံးခဲ့ပါတယ္။အမ်ိဳးသား ၂ ေယာက္ကေတာ့ စိုးရိမ္ရတဲ့ ဒဏ္ရာေတြရခဲ့ၿပီး ေနာက္ထပ္ အမ်ိဳးသား ၁၀ ေယာက္နဲ႔ အမ်ိဳးသမီး ၁၁ ေယာက္ကေတာ့ မစိုးရိမ္ရတဲ့ ဒဏ္ရာေတြ ရခဲ့ပါတယ္။

သူတို႔ကို ေပပင္ေလး အျမန္လမ္းမႀကီးရဲစခန္းက တပ္ဖြဲ႕ဝင္ေတြ၊ အျမန္လမ္းမႀကီးမီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႔ အေထာက္အကူျပဳ အဖြဲ႕ေတြက ကူညီေဆာင္႐ြက္ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post