(Unicode)


မန္တလေး တိုင်းဒေသကြီး ညောင်ဦး ခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဒေသ အတွင်းရှိ သမိုင်းဝင် တန်းခိုကြီး ဘုရား (၁၇)ဆူ အတွင်း သို့ ဘုရား ဖူးများ ဝင်ရောက် ဖူးမြော်ခွင့် ကို ယနေ့ (ဇူလိုင် ၂၉ ရက်)မှ စတင် ၍ ပြန်လည် ပိတ်ထား လိုက် ပြီ ဖြစ်ကြောင်း ဘုရား ဂေါပကများ ထံက သိရ သည်။

ဇူလိုင် (၂၈)ရက် ညနေ (၆)နာရီ အချိန် က ညောင်ဦးခ ရိုင် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ရုံးတွင် ကျင်း ပပြုလုပ် သော အစည်း အဝေး ဆုံးဖြတ် ချက် အရ ထို့ သို့ သမိုင်း ဝင် တန်းခိုကြီး ဘုရားများ အတွင်းသို့ ဘုရားဖူး များ ဝင်ရောက် ဖူးမြော်ခွင့် ကို ယာယီ ပိတ်ထား ရန် ဆုံးဖြတ် ခဲ့ကြခြင်း ဖြစ်ကြောင်း ဗူးဘုရား ဂေါပက အတွင်ရေး မှူး ဦးခင်ရှိန် က ပြောကြား သည်။

”ညွှန်ကြား ချက်တော့ မလာ သေးဘူးဗျ ၊ အခု ယာယီ ဒီလကုန်ထိ ပဲ ပိတ်ထား ရတာ၊ စာတော့ ထွက်မ လာသေး ဘူးလေ၊ မနေ့ က အစည်းအဝေး မှာတော့ အဲလိုဒီ အတိုင်း ချပြလိုက် တာ၊ လကုန် ထိ ယာယီ ခေတ္တ ပိတ်ထား ပါလို့ဆိုပြီး ညွှန်ကြားထားပါတယ်၊ ဘုရားဖူးတွေလာရင် ဘေးက နေပဲ ဘုရားဖူး ရမယ်၊ ဒီမှာ ရှိတဲ့ ဘုရား ၁၇ ဆူလုံး ပိတ် ခိုင်းထား တာဆိုတော့ အကုန်လုံး ပိတ် သွားပြီ ၊ ပုဂံမှာ က ဘုရားဖူးနဲ့ လုပ်ထားတဲ့အတွက် ဘုရားဖူးရှိမှ ပြည် သူလူထုက စားဝတ်နေရေး ပြေလည် မှာကိုး ”ဟု ၎င်းက  ပြောကြား သည်။

COVID 19 ကူးစက်မြန် ရောဂါ ထိန်းချုပ် ကာကွယ်ရေး အတွက် ပုဂံရှေး ဟောင်း ယဉ်ကျေးမှု နယ်မြေဒေသအ တွင်း ရှိ သမိုင်းဝင် စေတီ၊ ပုထိုးများ အတွင်း ဘုရား ဖူး ဧည့်သည် များ ဝင်ရောက်ဖူးမြော်ခွင့် ကို ပြီးခဲ့ သည့် ဧပြီလ အတွင်းမှ စတ ၍ ယာယီပိတ် ထားခဲ့ရာမှ ဇွန်လ တတိယ အပတ်မှ စတင် ၍ ပုဂံဒေသ ရှိ ဟိုတယ်၊ တည်ခိုရိပ် သာများ၊ စား သောက် ဆိုင်များ၊ ခရီးသည် ယာဉ်လိုင်းများ ဖွင့်လှစ်သည့် အတွက် ပြည်တွင်း ခရီးသွားများ လာရောက် လည်ပတ် မှုများ ရှိသော ကြောင့် ပုဂံဒေသ စည်းကား လာပြီး ယာယီ ပိတ်ထားသည့် သမိုင်းဝ င် တန်းခိုကြီး ဘုရား အချို့ မှာ လည်း ကျန်းမာရေး ညွှန်ကြားချက် များအတိုင်း လုပ်ဆောင် ၍ အတွင်း သို့ ဝင်ရောက် ဖူးမြော်ခြင်း များ ခွင့်ပြု ခဲ့ကြောင်း သိရ သည်။

”ကျွန်တော် တို့က အရင် ကတည်းက ဖွင့်ခွင့်ပေးခဲ့ တာမှ မဟုတ် တာဗျာ၊ ခုလည်း ဖွင့်ခွင့်ပေး ထားတာ မဟုတ်ဘူး၊ ဘုရားတွေ က ဂေါပက ရှိတဲ့ ဘုရား တွေ ရှိတယ်၊ အမြဲတမ်း ပွင့်နေ တဲ့ ဘုရားတွေ ရှိ တယ်၊ ဒါကို ခရီး သွားတွေ လာ တာလေ၊ ဘုရားဖူး တွေကြီး မဟုတ်ဘူး၊ ဘာသာပေါင်းစုံ က ခရီးသွားတွေ က ဒီလို ဟို တယ်တွေ ဖွင့်လိုက် တယ်၊ ကား လိုင်းတွေ ဖွင့်လိုက် တော့ သူ့ဟာ နဲ့သူ လာကြတာပဲ လေ၊ ခရီးသွား လာတဲ့နေရာ ဖြစ်နေတာကိုး၊ တစ်နေရာထဲ မှာ စုပြုံတိုးဝှေ့ သွားလာတာတော့ မရှိဘူးပေါ့ဗျာ၊ အရင်ကတည်းက ဖွင့်ခွင့် မပေးသေးပါဘူး၊

ကျန်း မားရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ဖို့ဆိုတဲ့ ညွှန်ကြားချက် တွေ အတိုင်းပဲလေ၊ အထက်ဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့တာပဲ ရှိပါတယ်၊ ဖွင့်ပါ မဖွင့်ပါနဲ့ ဆိုတာ ပြောလိုမှ မရတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ COVID-19 ကိစ္စကို ကြိုတင်ကာကွယ် ဆောင်ရွက်တဲ့ လုပ် ငန်းတွေ လုပ်နေတဲ့အချိန်မှာ ဘုရားတွေ ဖွင့်ပါလို့ ဘယ်သူကမှ ပြောမှာမဟုတ်ဘူးပေါ့ဗျာ”ဟု ညောင်ဦးခရိုင် အထွေေ ထွ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချူပ်ရေးမှူး ဦးထွန်းသိန်းက ပြောကြာသည်။

COVID 19 ကူးစက်မြန် ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် ပု ဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသအတွင်းရှိ သမိုင်း ဝင်စေတီ၊ ပုထိုးများအတွင်း ဘုရားဖူး ဧည့်သည်များ ဝင်ရောက် ဖူးမြော်ခွင့်ကို ပြီးခဲ့သည့် ဧပြီလအတွင်းမှ စတင် ၍ ဇွန် ၁၆ ရက်အချိန်ထိ ယာယီ ပိတ်ထားရာမှ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ပါမှသာ ဝင်ရောက် ဖူးမျှော်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။

“အရင်တုန်း က စည်းကမ် းရှိပြီး သား လက်ဆေး ၊ Mask တပ် ရမယ် ၊ ၇၂နာရီ ကျန်းမာရေး ထောက်ခံစာ ပါရင်တော့ ရပါ မယ် ၊ အခု ယာယီ ပိတ်ထားမယ် ၊ ဒါပေမဲ့ အပြင်ဘက်ကနေ ဖူးလို့တော့ ရပါတယ်၊ တန်ခိုးကြီးဘုရား ၁၇ ဆူက ယာယီပိတ် ထားရမှာပါ၊ ပုဂံမှာက ဒီအပြင်သွားလို့ရတဲ့ ဘုရားအများကြီး ရှိပါတယ် ” အာနန္ဒာဘုရား ဂေါပကအဖွဲ့ ဦးဇော် ဝင်းချိူ က ပြော ကြားခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမူဦးစီးဌာန ပုဂံညောင်ဦးရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိူးမင်းအောင် က ဟို တယ်နင့် တည်းခိုရိပ်သာများ က မပိတ်ပါဘူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဖွင့်ခွင့် ပေးထားပါတယ်၊ တရား ဝင် ဖွင့်ခွင့်ရထားတာ ၇၇ လုံး ရှိပါတယ်၊ ကျောက်ပန်းတောင်း က ၁၃ လုံး ၊ ပုဂံ ညောင်ဦး က ၆၄ လုံး ရှိပါတယ်လို့ ပြောကြား သည်။

ယ ခုလို ပြန် လည် ယာယီပိတ်လိုက်သည့်အတွက် ဟိုတယ်လုပ်ငန်းရှင်များ ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ခရီး သွား လုပ်ငန်းရှင် များ၊ ပို့ဆောင်ရေး လုပ်ငန်းရှင် များ ၊ တုပ်တုပ် လုပ်ငန်းရှင်များ၊ ebike လုပ်ငန်းရှင်များ၊ ဘုရားဈေးသည်များ အား လုံး အခက်အခဲ တချိူ့ ဖြစ် နိူင်ကြောင်း သိရ ပါသည်။

crd:Eleven media


(Zawgyi)









“အရင်​တုန်း က စည်းကမ်းရှိပြီး သား လက်​​ဆေး ၊ Mask တပ် ရမယ်​ ၊ ၇၂နာရီ ကျန်းမာ​ရေး ​ထောက်​ခံစာ ပါရင်တော့ ရပါ မယ်​​ ၊ အခု ယာယီ ပိတ်​ထားမယ်​ ၊ ဒါ​​ပေမဲ့ အပြင်​ဘက်​ကနေ ဖူးလို့​တော့ ရပါတယ်​၊ တန်ခိုးကြီးဘုရား ၁၇ ဆူက ယာယီပိတ် ထားရမှာပါ၊ ပုဂံမှာက ဒီအပြင်​သွားလို့ရတဲ့ ဘုရားအများကြီး ရှိပါတယ်​ ” အာနန္ဒာဘုရား​ ဂေါပကအဖွဲ့ ဦး​ဇော်​ ဝင်းချို က ​ပြော ကြားခဲ့သည်​။

ဟိုတယ်​နှင့်​ ခရီးသွားလာရေးညွှန်​ကြားမူဦးစီးဌာန ပုဂံ​ညောင်​ဦးရုံးခွဲမှ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးမျိုးမင်းအောင်​ က ဟို တယ်​နင့်​ တည်းခိုရိပ်​သာများ က မပိတ်​ပါဘူး၊ တိုင်း​ဒေသကြီး အစိုးရအဖွဲ့ က ဖွင့်​ခွင့် ပေးထားပါတယ်​၊ တရား ဝင်​ ဖွင့်​ခွင့်​ရထားတာ ၇၇ လုံး ရှိပါတယ်​၊ ​ကျောက်​ပန်း​တောင်း က ၁၃ လုံး ၊ ပုဂံ ​ညောင်ဦး က ၆၄ လုံး ရှိပါတယ်​လို့ ​ပြောကြား သည်​။

ယ ခုလို ပြန်​ လည်​ ယာယီပိတ်​လိုက်​သည့်​အတွက်​ ဟိုတယ်လုပ်ငန်းရှင်များ ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ခရီး သွား လုပ်ငန်းရှင် များ၊ ပို့ဆောင်ရေး လုပ်ငန်းရှင် များ ၊ တုပ်တုပ် လုပ်ငန်းရှင်များ၊ ebike လုပ်ငန်းရှင်များ၊ ဘုရားဈေးသည်များ အား လုံး အခက်​အခဲ တချို့ ဖြစ် ​နိုင်​​ကြောင်း သိရ ပါသည်​။

crd:Eleven media

Post a Comment

Previous Post Next Post