(Unicode)


ပရိသတ်ရဲ့အချစ်တော်မောင်မောင်အေးကတော့ သူ့ရဲ့တနေ့တာအကြောင်းအရာတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာလည်း တိုက်ကြီးမြို့ကို ရောက်နေတုန်း ရွှေပလ္လင်မိသားစုရဲ့ ကြက်သီးထစရာ အလှူတစ်ခုကို မျှဝေခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာတော့


အခြေခံအဆောက်အဦးတွေဖြစ်တဲ့ အိမ်သာ လိုမျိုးအဆောက်အဦးတွေမှာ သန့်ရှင်းမှုအားနည်းတာကို ပရိသတ်တွေလည်း သိကြမှာပါ။ နိုင်ငံခြားသားဧည့်သည်တွေ အလာများတဲ့ အထင်ကရနေရာတွေမှာတောင် အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့ အိမ်သာကို သေချာမစီမံထားတာ


တွေ့မြင်ကြမှာပါ။ အခြေခံပညာကျောင်းအိမ်သာတွေမှာလည်း ထိုနည်းလည်းကောင်း မှောင်ကုပ်ကုပ်နဲ့ညစ်ပတ်တဲ့ကျောင်းအိမ်သာတွေကို မသွားချင်လောက်အောင် ဖြစ်ခဲ့ရတဲ့ ခံစားချက်တချို့ကိုတော့ပရိသတ်ကြီးလည်း ခံစားဖူးခဲ့ကြမှာပါနော်။ ဒီနေ့မှာတော့


ရွှေပလ္လင်မိသားစုရဲ့ တိုက်ကြီးမြို့နယ်၊ မြို့မအထက်တန်းကျောင်းမှာ ကျပ်သိန်း(၇၀၀) ကျော်အကုန်ကျခံ တည်ဆောက်ပေးထားတဲ့ ကျောင်းအိမ်သာအလှူကတော့ ပရိသတ်ကြီးကို ကြက်သီးထစေမှာပါ။ လူမြင်တဲ့နေရာတွေကို ဦးစားပေးမလှူဘဲ ကလေးတွေသန့်ရှင်း


ကျန်းမာပြီး အဆင့်အတန်းမှီမှီ အသုံးပြုနိုင်ဖို့ ကျောင်းအိမ်သာကို စနစ်တကျတည်ဆောက်ပေးထားတာပဲ ဖြစ်ပါတယ်။ မောင်မောင်အေးကတော့ သူကိုယ်တိုင်လည်း အခြေခံပညာကျောင်းတက်စဉ်က တစ်ခါမှ မမျှော်မှန်းဖူးခဲ့တဲ့ ဒီလိုအိမ်သာမျိုးကို လှူဒါန်းပေးခဲ့တဲ့ ရွှေပလ္လင်မိသားစုရဲ့ အလှူလေးကို ဝမ်းသာအားရမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။


(Zawgyi)


ပရိသတ္ရဲ႕အခ်စ္ေတာ္ေမာင္ေမာင္ေအးကေတာ့ သူ႔ရဲ႕တေန႔တာအေၾကာင္းအရာေတြကို လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝေလ့ရွိသူပါ။ ဒီတစ္ေခါက္မွာလည္း တိုက္ႀကီးၿမိဳ႕ကို ေရာက္ေနတုန္း ေ႐ႊပလႅင္မိသားစုရဲ႕ ၾကက္သီးထစရာ အလႉတစ္ခုကို မွ်ေဝခဲ့ပါတယ္။ျမန္မာႏိုင္ငံရဲ႕ေနရာေတာ္ေတာ္မ်ားမ်ားမွာေတာ့


အေျခခံအေဆာက္အဦးေတြျဖစ္တဲ့ အိမ္သာ လိုမ်ိဳးအေဆာက္အဦးေတြမွာ သန္႔ရွင္းမႈအားနည္းတာကို ပရိသတ္ေတြလည္း သိၾကမွာပါ။ ႏိုင္ငံျခားသားဧည့္သည္ေတြ အလာမ်ားတဲ့ အထင္ကရေနရာေတြမွာေတာင္ အဓိကလိုအပ္ခ်က္တစ္ခုျဖစ္တဲ့ အိမ္သာကို ေသခ်ာမစီမံထားတာ



ေတြ႕ျမင္ၾကမွာပါ။ အေျခခံပညာေက်ာင္းအိမ္သာေတြမွာလည္း ထိုနည္းလည္းေကာင္း ေမွာင္ကုပ္ကုပ္နဲ႔ညစ္ပတ္တဲ့ေက်ာင္းအိမ္သာေတြကို မသြားခ်င္ေလာက္ေအာင္ ျဖစ္ခဲ့ရတဲ့ ခံစားခ်က္တခ်ိဳ႕ကိုေတာ့ပရိသတ္ႀကီးလည္း ခံစားဖူးခဲ့ၾကမွာပါေနာ္။ ဒီေန႔မွာေတာ့


ေ႐ႊပလႅင္မိသားစုရဲ႕ တိုက္ႀကီးၿမိဳ႕နယ္၊ ၿမိဳ႕မအထက္တန္းေက်ာင္းမွာ က်ပ္သိန္း(၇၀၀) ေက်ာ္အကုန္က်ခံ တည္ေဆာက္ေပးထားတဲ့ ေက်ာင္းအိမ္သာအလႉကေတာ့ ပရိသတ္ႀကီးကို ၾကက္သီးထေစမွာပါ။ လူျမင္တဲ့ေနရာေတြကို ဦးစားေပးမလႉဘဲ ကေလးေတြသန္႔ရွင္း


က်န္းမာၿပီး အဆင့္အတန္းမွီမွီ အသုံးျပဳႏိုင္ဖို႔ ေက်ာင္းအိမ္သာကို စနစ္တက်တည္ေဆာက္ေပးထားတာပဲ ျဖစ္ပါတယ္။ ေမာင္ေမာင္ေအးကေတာ့ သူကိုယ္တိုင္လည္း အေျခခံပညာေက်ာင္းတက္စဥ္က တစ္ခါမွ မေမွ်ာ္မွန္းဖူးခဲ့တဲ့ ဒီလိုအိမ္သာမ်ိဳးကို လႉဒါန္းေပးခဲ့တဲ့ ေ႐ႊပလႅင္မိသားစုရဲ႕ အလႉေလးကို ဝမ္းသာအားရမွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။

Post a Comment

Previous Post Next Post