(Unicode)

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်အား အဂတိလိုက်စားသည်ဟု စွဲချက် ၇-ချက် စွဲတင်။ စွဲချက်တစ်ခုချင်းစီတွင် ဒဏ်ငွေနှင့် ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိကျခံရနိုင်။ ဆော်ဒီတော်ဝင်မိသားစု၏ ပုဂ္ဂိုလ်ရေး လှူဒါန်းငွေလား- အစိုးရ ရန်ပုံငွေလား၊ မလေးရှားညွန့်ပေါင်းအစိုးရအတွက် အားစမ်းမှု…

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်သည် 1MDB ဘဏ်မှ ဒေါ်လာဘီလျှံနှင့်ချီသော အစိုးရရန်ပုံငွေများကို အလွဲသုံးစားကြောင်း ၎င်းအပေါ် ပထမဆုံး စွဲဆိုချက်တွင် အပြစ်ရှိသည်ဟု အဂတိလိုက်စားမှု စွဲချက် ၇-ချက်ဖြင့် အင်္ဂါနေ့၌ စွဲတင်ခံရကြောင်း bdnews24 က ယနေ့ရေးသားသည်။



ဝန်ကြီးချုပ်ဟောင်းအား အဂတိလိုက်စားကြောင်း စွဲဆိုခြင်းဖြင့် အကျင့်ပျက်ခြစားမှုကို ဖယ်ရှားရန် သမိုင်းဝင်အားထုတ်မှုများအတွက် မလေးရှားနိုင်ငံ၏ ကြီးမားသည့် နိုင်ငံရေးဂယက်ရိုက်ခတ်မှုရှိနိုင်ကြောင်း တွေ့မြင်လိုက်ရသည်ဆို၏။

စွဲဆိုချက်နှင့် ပတ်သက်သော အထောက်အထားများကို ရုံးတော်က ကြားနာပြီးနောက် ဆီလျော်သော စွဲချက်များ စွဲတင်ရန် သံသယမရှိကြောင်း ကွာလာလမ်ပူ တရားရုံးတရားသူကြီး၏ ဆုံးဖြတ်ချက်၌ ဖော်ပြသည်။



ဝန်ကြီးချုပ်ဟောင်းသည် ရာဇဝတ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ ငွေကြေးခဝါချမှု၊ 1MDB ဘဏ်၏ SRC အင်တာနေရှင်နယ် အစီအစဉ်မှ ဒေါ်လာ ၁၀-သန်းနီးပါးကို တရားမဝင်ရယူရာတွင် အာဏာအလွဲသုံးစားမှု စသည်ဖြင့် စွဲချက် ၇-ချက်ဖြင့် စွဲတင်လိုက်ရာ စွဲချက်တစ်ခုချင်းစီတွင် ဒဏ်ငွေနှင့် ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိကျခံရနိုင်သည်။ နာဂျစ်ကမူ ၎င်းတွင် အပြစ်မရှိကြောင်း ငြင်းဆန်ပြီး စွဲချက်တင်ခြင်းအတွက် ဖက်ဒရယ်တရားရုံးတော်တွင် အယူခံဝင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

မလေးရှားနိုင်ငံ၏ ၆-ဦးမြောက် ဝန်ကြီးချုပ်ဟောင်းသည် ၂၀၁၈ ခုနှစ် သမိုင်းဝင်ရွေးကောက်ပွဲတွင် ဆန္ဒမဲဖြင့် ဖယ်ရှားခံရပြီးနောက် 1MDB ဘဏ်မှ ဒေါ်လာ၄.၅ ဘီလီယံ ခိုးယူကြောင်း စွပ်စွဲချက်ဖြင့် ပြစ်မှုဆိုင်ရာဥပဒေကြောင်း စွဲချက်များစွာတို့ကို ရင်ဆိုင်နေရဆဲဖြစ်သည်။ နာဂျစ်သည် 1MDB မှ ဒေါ်လာ ၁ ဘီလျှံကိုလည်း အလားတူနည်းလမ်းဖြင့် ၎င်း၏ ကိုယ်ပိုင်အကောင့်ထဲသို့ လွှဲပြောင်းခဲ့ကြောင်း အစိုးရရှေ့နေများက စွပ်စွဲထားသည်။

ပါတီထိပ်တန်းခေါင်းဆောင်များ ခြံရံကာ မျက်နှာဖုံးဝတ်ဆင်လျှက် ရောက်ရှိလာသော ဝန်ကြီးချုပ်ဟောင်းအား တရားရုံးပြင်ပရှိ ရာပေါင်းများစွာသော ထောက်ခံသူတို့က “ နာဂျစ် သက်တော်ရှည်ပါစေ “ ဟု ကြွေးကြော်ကြသည်။



ဆော်ဒီတော်ဝင်မိသားစုက လှူဒါန်းသည့်အနေဖြင့် ဝန်ကြီးချုပ်ဟောင်း၏ ကိုယ်ပိုင် ငွေစာရင်းသို့ ထည့်ဝင်ပေးငွေများကို ရန်ပုံငွေများဖြစ်သည်ဟု Jho Low မလေးရှားဘဏ္ဍာရေး အဖွဲ့နှင့် အခြား 1MDB အရာရှိများက မှားယွင်း စွပ်စွဲခြင်းသာဖြစ်ကြောင်း၊ အမှုမှာ ရှုတ်ထွေးလွန်းလှသဖြင့် ဆိုင်းငံ့ပြစ်ဒါဏ်သာ ချမှတ်နိုင်ကြောင်း နာဂျစ်၏ရှေ့နေများက ပြောဆိုသည်။

1MDB နှင့် ပတ်သက်လျှက် အဂတိလိုက်စားကြောင်း စွပ်စွဲချက်များဖြင့် နာဂျစ်အား ၅-နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ရသည်။ သို့သော် ရာဇဝတ်ပုဒ်မဖြင့် အမှုဖွင့်ခံရခြင်းမှာမူ ၂၀၁၈ ရွေးကောက်ပွဲတွင် နာဂျစ်အား အောင်နိုင်သူ မဟာသီယာမိုဟာမက်က စုံစမ်းစစ်ဆေးရန် ပြန်လည်စတင်ခြင်းဖြစ်သည်။



လူအများ စိတ်ဝင်စားခြင်းခံခဲ့သော ဤအမှုသည် လက်ရှိဝန်ကြီးချုပ် မူယက်ဒင်ယာဆင် ဦးဆောင်သည့် အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုကို အမြစ်ပါမကျန်ချေမှုန်းရေးတွင် ဖေဖော်ဝါရီလ၌ ပြန်လည်နေရာရလာသည့် နာဂျစ်၏ UMNO ပါတီက မဟာမိတ်ဖြစ်လာပြီးနောက် စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ကြသည်။

နာဂျစ်၌ အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခြင်းက မူယက်ဒင်အစိုးရအပေါ် လူထုအပေါ်ယုံကြည်အားထားမှု တိုးမြှင့်စေနိုင်သော်လည်း နာဂျစ်၏ယူနိုက်တက်မလေးရှားအမျိုးသားအဖွဲ့ချုပ် (UMNO) နှင့် အဓိကအစိတ်အပိုင်းသဖွယ် ညွန့်ပေါင်းအစိုးရဖွဲ့တည်ခြင်းကို အင်အား ချိနဲ့သွားစေမည်ဖြစ်သည်။

Htay Oung (Oung Marine)


(Zawgyi)


မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္အား အဂတိလိုက္စားသည္ဟု စြဲခ်က္ ၇-ခ်က္ စြဲတင္။ စြဲခ်က္တစ္ခုခ်င္းစီတြင္ ဒဏ္ေငြႏွင့္ ေထာင္ဒဏ္ ၁၅ ႏွစ္မွ အႏွစ္ ၂၀ အထိက်ခံရႏိုင္။ ေဆာ္ဒီေတာ္ဝင္မိသားစု၏ ပုဂၢိဳလ္ေရး လႉဒါန္းေငြလား- အစိုးရ ရန္ပုံေငြလား၊ မေလးရွားၫြန႔္ေပါင္းအစိုးရအတြက္ အားစမ္းမႈ…

မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇတ္သည္ 1MDB ဘဏ္မွ ေဒၚလာဘီလွ်ံႏွင့္ခ်ီေသာ အစိုးရရန္ပုံေငြမ်ားကို အလြဲသုံးစားေၾကာင္း ၎အေပၚ ပထမဆုံး စြဲဆိုခ်က္တြင္ အျပစ္ရွိသည္ဟု အဂတိလိုက္စားမႈ စြဲခ်က္ ၇-ခ်က္ျဖင့္ အဂၤါေန႔၌ စြဲတင္ခံရေၾကာင္း bdnews24 က ယေန႔ေရးသားသည္။



ဝန္ႀကီးခ်ဳပ္ေဟာင္းအား အဂတိလိုက္စားေၾကာင္း စြဲဆိုျခင္းျဖင့္ အက်င့္ပ်က္ျခစားမႈကို ဖယ္ရွားရန္ သမိုင္းဝင္အားထုတ္မႈမ်ားအတြက္ မေလးရွားႏိုင္ငံ၏ ႀကီးမားသည့္ ႏိုင္ငံေရးဂယက္႐ိုက္ခတ္မႈရွိႏိုင္ေၾကာင္း ေတြ႕ျမင္လိုက္ရသည္ဆို၏။

စြဲဆိုခ်က္ႏွင့္ ပတ္သက္ေသာ အေထာက္အထားမ်ားကို ႐ုံးေတာ္က ၾကားနာၿပီးေနာက္ ဆီေလ်ာ္ေသာ စြဲခ်က္မ်ား စြဲတင္ရန္ သံသယမရွိေၾကာင္း ကြာလာလမ္ပူ တရား႐ုံးတရားသူႀကီး၏ ဆုံးျဖတ္ခ်က္၌ ေဖာ္ျပသည္။



ဝန္ႀကီးခ်ဳပ္ေဟာင္းသည္ ရာဇဝတ္မႈမကင္းေသာ ယုံၾကည္အပ္ႏွံေရးေဖာက္ဖ်က္မႈ၊ ေငြေၾကးခဝါခ်မႈ၊ 1MDB ဘဏ္၏ SRC အင္တာေနရွင္နယ္ အစီအစဥ္မွ ေဒၚလာ ၁၀-သန္းနီးပါးကို တရားမဝင္ရယူရာတြင္ အာဏာအလြဲသုံးစားမႈ စသည္ျဖင့္ စြဲခ်က္ ၇-ခ်က္ျဖင့္ စြဲတင္လိုက္ရာ စြဲခ်က္တစ္ခုခ်င္းစီတြင္ ဒဏ္ေငြႏွင့္ ေထာင္ဒဏ္ ၁၅ ႏွစ္မွ အႏွစ္ ၂၀ အထိက်ခံရႏိုင္သည္။ နာဂ်စ္ကမူ ၎တြင္ အျပစ္မရွိေၾကာင္း ျငင္းဆန္ၿပီး စြဲခ်က္တင္ျခင္းအတြက္ ဖက္ဒရယ္တရား႐ုံးေတာ္တြင္ အယူခံဝင္မည္ျဖစ္ေၾကာင္း ေျပာဆိုသည္။

မေလးရွားႏိုင္ငံ၏ ၆-ဦးေျမာက္ ဝန္ႀကီးခ်ဳပ္ေဟာင္းသည္ ၂၀၁၈ ခုႏွစ္ သမိုင္းဝင္ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲျဖင့္ ဖယ္ရွားခံရၿပီးေနာက္ 1MDB ဘဏ္မွ ေဒၚလာ၄.၅ ဘီလီယံ ခိုးယူေၾကာင္း စြပ္စြဲခ်က္ျဖင့္ ျပစ္မႈဆိုင္ရာဥပေဒေၾကာင္း စြဲခ်က္မ်ားစြာတို႔ကို ရင္ဆိုင္ေနရဆဲျဖစ္သည္။ နာဂ်စ္သည္ 1MDB မွ ေဒၚလာ ၁ ဘီလွ်ံကိုလည္း အလားတူနည္းလမ္းျဖင့္ ၎၏ ကိုယ္ပိုင္အေကာင့္ထဲသို႔ လႊဲေျပာင္းခဲ့ေၾကာင္း အစိုးရေရွ႕ေနမ်ားက စြပ္စြဲထားသည္။

ပါတီထိပ္တန္းေခါင္းေဆာင္မ်ား ၿခံရံကာ မ်က္ႏွာဖုံးဝတ္ဆင္လွ်က္ ေရာက္ရွိလာေသာ ဝန္ႀကီးခ်ဳပ္ေဟာင္းအား တရား႐ုံးျပင္ပရွိ ရာေပါင္းမ်ားစြာေသာ ေထာက္ခံသူတို႔က “ နာဂ်စ္ သက္ေတာ္ရွည္ပါေစ “ ဟု ေႂကြးေၾကာ္ၾကသည္။



ေဆာ္ဒီေတာ္ဝင္မိသားစုက လႉဒါန္းသည့္အေနျဖင့္ ဝန္ႀကီးခ်ဳပ္ေဟာင္း၏ ကိုယ္ပိုင္ ေငြစာရင္းသို႔ ထည့္ဝင္ေပးေငြမ်ားကို ရန္ပုံေငြမ်ားျဖစ္သည္ဟု Jho Low မေလးရွားဘ႑ာေရး အဖြဲ႕ႏွင့္ အျခား 1MDB အရာရွိမ်ားက မွားယြင္း စြပ္စြဲျခင္းသာျဖစ္ေၾကာင္း၊ အမႈမွာ ရႈတ္ေထြးလြန္းလွသျဖင့္ ဆိုင္းငံ့ျပစ္ဒါဏ္သာ ခ်မွတ္ႏိုင္ေၾကာင္း နာဂ်စ္၏ေရွ႕ေနမ်ားက ေျပာဆိုသည္။

1MDB ႏွင့္ ပတ္သက္လွ်က္ အဂတိလိုက္စားေၾကာင္း စြပ္စြဲခ်က္မ်ားျဖင့္ နာဂ်စ္အား ၅-ႏွစ္ေက်ာ္ၾကာ ရင္ဆိုင္ခဲ့ရသည္။ သို႔ေသာ္ ရာဇဝတ္ပုဒ္မျဖင့္ အမႈဖြင့္ခံရျခင္းမွာမူ ၂၀၁၈ ေ႐ြးေကာက္ပြဲတြင္ နာဂ်စ္အား ေအာင္ႏိုင္သူ မဟာသီယာမိုဟာမက္က စုံစမ္းစစ္ေဆးရန္ ျပန္လည္စတင္ျခင္းျဖစ္သည္။



လူအမ်ား စိတ္ဝင္စားျခင္းခံခဲ့ေသာ ဤအမႈသည္ လက္ရွိဝန္ႀကီးခ်ဳပ္ မူယက္ဒင္ယာဆင္ ဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ အဂတိလိုက္စားမႈကို အျမစ္ပါမက်န္ေခ်မႈန္းေရးတြင္ ေဖေဖာ္ဝါရီလ၌ ျပန္လည္ေနရာရလာသည့္ နာဂ်စ္၏ UMNO ပါတီက မဟာမိတ္ျဖစ္လာၿပီးေနာက္ စမ္းသပ္မႈတစ္ခုအျဖစ္ ရႈျမင္ၾကသည္။

နာဂ်စ္၌ အျပစ္ရွိေၾကာင္း စီရင္ခ်က္ခ်မွတ္ျခင္းက မူယက္ဒင္အစိုးရအေပၚ လူထုအေပၚယုံၾကည္အားထားမႈ တိုးျမႇင့္ေစႏိုင္ေသာ္လည္း နာဂ်စ္၏ယူႏိုက္တက္မေလးရွားအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (UMNO) ႏွင့္ အဓိကအစိတ္အပိုင္းသဖြယ္ ၫြန႔္ေပါင္းအစိုးရဖြဲ႕တည္ျခင္းကို အင္အား ခ်ိနဲ႔သြားေစမည္ျဖစ္သည္။

Htay Oung (Oung Marine)

Post a Comment

Previous Post Next Post