(Unicode)


ဒါဒါကတော့ သူမရဲ့ Pancake DaDa Page ကနေတဆင့် လူငယ်တွေအတွက် ခွန်အားပေးတဲ့ စာတွေရေးသားနေတဲ့ ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ပါ ။ ဒီတစ်ခါမှာတော့ ညက ၁၂ နာရီလောက် အချိန် မှာ အရမ်းခံစားနေရပါတယ် ဆိုတဲ့ စာတစ်စောင်သူမဆီ ဝင်လာခဲ့ပါတယ် ။ အစကတော့ လူငယ်သဘာ၀ လာပြောကြတဲ့ အသည်းကွဲတယ်။အိမ်နဲ့အဆင်မပြေဘူး ပဲဖြစ်မှာပါ ဆိုတဲ့ အထင်နဲ့ အစက သိပ်ဂရုမစိုက်မိပေမယ့် ကိုယ့်ကိုယ်သတ်သေဖို့ကြိုးစားနေတာ (၂) ခါရှိပြီဆိုတာ သိလိုက်ရတဲ့အခါမှာတော့ သူမကိုယ်တိုင် မျက်လုံးပြူးခဲ့ရတယ်လို့ဆိုပါတယ် ။


ကောင်လေးက နှစ်နှစ်လောက်တွဲပြီး အဆက်အသွယ်မလုပ်တော့လို့ ဆိုပြီး ပြောပြလာတဲ့အခါမှာတော့ လူ့အသက်ကယ်ကောင်းတယ် မကောင်းဘူးဆိုတာတွေ ခနထား ပြီး အဲ့ဒီ အချိန်မှာ ဒါဒါသိတာက အဲ့ဒီ ညီမလေး ကို တစ်ခုခု နားထဲဝင်အောင် ပြောရမယ် ဆိုတဲ့ အသိဝင်လာပြီး သူမအတွက် ဒါဒါဖတ်ဖူးတဲ့ စာပုဒ်လေးတစ်ပုဒ် ကိုမျှဝေပေးခဲ့ပါတယ် ။ လူတစ်ယောက် ကို အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံးချစ်ပေးတာဟာမမှားဘူး။ ဒါဟာ အမှားမဟုတ်ဘူး။ အ လို့လည်းမဟုတ်ဘူး။ တုံးလို့လည်းမဟုတ်ဘူး။ ဒါပေမယ့် အဲ့လူတစ်ယောက်ကြောင့် ကိုယ့်အသက်ကိုတောင် တန်ဖိုးမထားပဲ အနာတရ လုပ်တာတွေကတော့ မှားတယ်။ လူတစ်ယောက်ကိုယ့်အပေါ်မကောင်းတာလုပ်ထားတာကို ကလဲ့စားချေချင်လား။ပျော်ရွှင်စွာ နဲ့ ဘဝကို အဓိပ္ပါယ် ရှိရှိ နေထိုင်တာဟာ ကလဲ့စား ချေ တာထက် အများကြီး ထိရောက်ပါတယ်တဲ့။


မှန်မမှန်တော့မသိဘူး။လိပ်ပြာသန့်ပြီး စိတ်ချမ်းသာတယ်။ ဘဝလည်းတိုးတက်တယ်။ ငါ့အပေါ်လုပ်ရက်လေခြင်း ငါ့မေတ္တာတွေမမြင်ရလေခြင်း ငါ့အချစ်တွေ မမြင်ရလေခြင်း ငါအနွံတာခံပေး၊ သည်းခံပေး၊ အချိန်ပေးခဲ့တာ မသိတတ်လေခြင်း များစွာနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာဟာလည်း ကိုယ့်နှလုံးသား အတွက် မတရားတော့ဘူးလေ။ ဘယ်နာကျင်မှုမဆို တဖြည်းဖြည်းချင်း လွှတ်ချကြည့်ပါ။


လွှတ်လိုက်လို့ တစ်ခုကျသွားရင် ဝဋ်ကြွေး တစ်ခု ဆပ်လိုက်တယ် ပေါ့။ ကိုယ့်အသက်ကိုယ်တော့ တန်ဖိုးထား။ ကိုယ်သေသွားရင် အဲ့လူတွေက မချစ်လို့ လုပ်ရက်သွားပါတယ်ဆိုကိုယ့်အသုဘက သူတို့အတွက် ဟာသ တစ်ပုဒ်လို ပဲ ဖြစ်သွားမှာ ယုံ ဆိုတဲ့ စာသားလေးကို ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားတဲ့ မိန်းကလေးအတွက် ခွန်အားပေးစကားလေးအဖြစ် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။


(Zawgyi)


ဒါဒါကေတာ့ သူမရဲ႕ Pancake DaDa Page ကေနတဆင့္ လူငယ္ေတြအတြက္ ခြန္အားေပးတဲ့ စာေတြေရးသားေနတဲ့ ေဖ့ဘုတ္စ္ ဆယ္လီတစ္ေယာက္ပါ ။ ဒီတစ္ခါမွာေတာ့ ညက ၁၂ နာရီေလာက္ အခ်ိန္ မွာ အရမ္းခံစားေနရပါတယ္ ဆိုတဲ့ စာတစ္ေစာင္သူမဆီ ဝင္လာခဲ့ပါတယ္ ။ အစကေတာ့ လူငယ္သဘာ၀ လာေျပာၾကတဲ့ အသည္းကြဲတယ္။အိမ္နဲ႔အဆင္မေျပဘူး ပဲျဖစ္မွာပါ ဆိုတဲ့ အထင္နဲ႔ အစက သိပ္ဂ႐ုမစိုက္မိေပမယ့္ ကိုယ့္ကိုယ္သတ္ေသဖို႔ႀကိဳးစားေနတာ (၂) ခါရွိၿပီဆိုတာ သိလိုက္ရတဲ့အခါမွာေတာ့ သူမကိုယ္တိုင္ မ်က္လုံးျပဴးခဲ့ရတယ္လို႔ဆိုပါတယ္ ။


ေကာင္ေလးက ႏွစ္ႏွစ္ေလာက္တြဲၿပီး အဆက္အသြယ္မလုပ္ေတာ့လို႔ ဆိုၿပီး ေျပာျပလာတဲ့အခါမွာေတာ့ လူ႔အသက္ကယ္ေကာင္းတယ္ မေကာင္းဘူးဆိုတာေတြ ခနထား ၿပီး အဲ့ဒီ အခ်ိန္မွာ ဒါဒါသိတာက အဲ့ဒီ ညီမေလး ကို တစ္ခုခု နားထဲဝင္ေအာင္ ေျပာရမယ္ ဆိုတဲ့ အသိဝင္လာၿပီး သူမအတြက္ ဒါဒါဖတ္ဖူးတဲ့ စာပုဒ္ေလးတစ္ပုဒ္ ကိုမွ်ေဝေပးခဲ့ပါတယ္ ။ လူတစ္ေယာက္ ကို အသန္႔ရွင္းဆုံးနဲ႔ အေကာင္းဆုံးခ်စ္ေပးတာဟာမမွားဘူး။ ဒါဟာ အမွားမဟုတ္ဘူး။ အ လို႔လည္းမဟုတ္ဘူး။ တုံးလို႔လည္းမဟုတ္ဘူး။ ဒါေပမယ့္ အဲ့လူတစ္ေယာက္ေၾကာင့္ ကိုယ့္အသက္ကိုေတာင္ တန္ဖိုးမထားပဲ အနာတရ လုပ္တာေတြကေတာ့ မွားတယ္။ လူတစ္ေယာက္ကိုယ့္အေပၚမေကာင္းတာလုပ္ထားတာကို ကလဲ့စားေခ်ခ်င္လား။ေပ်ာ္႐ႊင္စြာ နဲ႔ ဘဝကို အဓိပၸါယ္ ရွိရွိ ေနထိုင္တာဟာ ကလဲ့စား ေခ် တာထက္ အမ်ားႀကီး ထိေရာက္ပါတယ္တဲ့။


မွန္မမွန္ေတာ့မသိဘူး။လိပ္ျပာသန္႔ၿပီး စိတ္ခ်မ္းသာတယ္။ ဘဝလည္းတိုးတက္တယ္။ ငါ့အေပၚလုပ္ရက္ေလျခင္း ငါ့ေမတၱာေတြမျမင္ရေလျခင္း ငါ့အခ်စ္ေတြ မျမင္ရေလျခင္း ငါအႏြံတာခံေပး၊ သည္းခံေပး၊ အခ်ိန္ေပးခဲ့တာ မသိတတ္ေလျခင္း မ်ားစြာနဲ႔ ကိုယ့္ကိုယ္ကို ႏွိပ္စက္ေနတာဟာလည္း ကိုယ့္ႏွလုံးသား အတြက္ မတရားေတာ့ဘူးေလ။ ဘယ္နာက်င္မႈမဆို တျဖည္းျဖည္းခ်င္း လႊတ္ခ်ၾကည့္ပါ။


လႊတ္လိုက္လို႔ တစ္ခုက်သြားရင္ ဝဋ္ေႂကြး တစ္ခု ဆပ္လိုက္တယ္ ေပါ့။ ကိုယ့္အသက္ကိုယ္ေတာ့ တန္ဖိုးထား။ ကိုယ္ေသသြားရင္ အဲ့လူေတြက မခ်စ္လို႔ လုပ္ရက္သြားပါတယ္ဆိုကိုယ့္အသုဘက သူတို႔အတြက္ ဟာသ တစ္ပုဒ္လို ပဲ ျဖစ္သြားမွာ ယုံ ဆိုတဲ့ စာသားေလးကို ကိုယ့္ကိုယ္ကို သတ္ေသဖို႔ႀကိဳးစားတဲ့ မိန္းကေလးအတြက္ ခြန္အားေပးစကားေလးအျဖစ္ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္ ။

Post a Comment

Previous Post Next Post