(Unicode)

ကိုဗစ် နိုင်တင်း ပညာပေး စံပြကျောင်းဆု ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ကျောက်မှော်ရွာ အထက်တန်းကျောင်းသည် တစ်နိုင်ငံလုံး အဆင့် ပထမဆု ရကြောင်း ပညာရေး ဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန် ကြေငြာပါသည်။

၎င်း ပြိုင်ပွဲကို ပညာရေး ဝန်ကြီးဌာနနှင့် စိုးလျှပ်စစ် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ “ ကျန်းမာ ပျော်ရွှင် ပညာသင်၊ ကြိုတင် ကာဆီး ကိုဗစ်နိုင်တင်း ” အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။



“ တစ်ရွာလုံး သန့်ရှင်းရေး လုပ်ကြတယ်။ ကျောင်းခုံတွေ ဆေးသုတ် တာတွေကို ညလုံးပေါက် ပြင်ဆင်ကြတယ်။ အချိန်တို အတွင်းမှာ လုပ်ရတာ ဆိုတော့ ရွာကလူတွေ အင်တိုက် အားတိုက် လုပ်ကြလို့ ဒီဆုကို ရခဲ့တာပါ ” ပြင်ဆင် လှုပ်ရှားခဲ့ရသည့် New Generation Kyauk Mhaw၏ ခေါင်းဆောင် ကိုဝင်းထွန်းက ပြောသည်။

စံပြကျောင်း ပြိုင်ပွဲ အစီအစဉ်ကို ဇူလိုင်လ (၂၁) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ထားသည့် အစိုးရ အခြေခံပညာ အထက်တန်းကျောင်းများ၊ ပုဂ္ဂလိက အထက်တန်းကျောင်းများနှင့် နိုင်ငံတော်က တရားဝင် ခွင့်ပြုထားပြီးဖြစ်သည့် အထက်တန်းအဆင့် ဘုန်းတော်ကြီးသင် ကျောင်းများ ပါဝင်ပါသည်။

“ ရေပိုက်လိုင်းက အစ စာသင်ဆောင် တွေကို ပြင်ဆင်ကြတယ်။ ကိုယ့်ရဲ့ မဲဆန္ဒနယ်က ကျောင်းက နိုင်ငံတော် အဆင့်မှာ ဆုရတယ် ဆိုတော့ အတိုင်းမသိ ဂုဏ်ယူပါတယ် ”ဟု ယင်းမာပင် မဲဆန္ဒနယ်မှ တိုင်းလွှတ်တော် အမတ် ဒေါ်ခင်နှင်းရီက ပြောသည်။



ပြိုင်ပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်း များနှင့်အညီ ကျောင်းများ၌ ပြင်ဆင်ထား ရှိမှုများကို ဗီဒီယိုရိုက်ကူး၍ ပြိုင်ပွဲဝင်ခဲ့ကြပြီး ပညာရေးဇုန် အပိုင်းအခြား အလိုက် အကောင်းဆုံး အစိုးရ အထက်တန်းကျောင်း တစ်ကျောင်းစီ၊ ပုဂ္ဂလိက အထက်တန်းကျောင်း တစ်ကျောင်းစီနှင့် ဘုန်းတော်ကြီးသင်ကျောင်း (၃) ကျောင်းတို့က ပါဝင်ယှဉ် ပြိုင်ခဲ့ကြပါသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွားမည် ဟု စိုးလျှပ်စစ် ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ Source ; Monywa Gazette


(Zawgyi)

ကိုဗစ္ ႏိုင္တင္း ပညာေပး စံျပေက်ာင္းဆု ၿပိဳင္ပြဲတြင္ စစ္ကိုင္းတိုင္း ယင္းမာပင္ ၿမိဳ႕နယ္ ေက်ာက္ေမွာ္႐ြာ အထက္တန္းေက်ာင္းသည္ တစ္ႏိုင္ငံလုံး အဆင့္ ပထမဆု ရေၾကာင္း ပညာေရး ဝန္ႀကီးဌာနမွ ယေန႔ ထုတ္ျပန္ ေၾကျငာပါသည္။

၎ ၿပိဳင္ပြဲကို ပညာေရး ဝန္ႀကီးဌာနႏွင့္ စိုးလွ်ပ္စစ္ ေဖာင္ေဒးရွင္းတို႔ ပူးေပါင္း၍ “ က်န္းမာ ေပ်ာ္႐ႊင္ ပညာသင္၊ ႀကိဳတင္ ကာဆီး ကိုဗစ္ႏိုင္တင္း ” အစီအစဥ္ျဖင့္ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။



“ တစ္႐ြာလုံး သန႔္ရွင္းေရး လုပ္ၾကတယ္။ ေက်ာင္းခုံေတြ ေဆးသုတ္ တာေတြကို ညလုံးေပါက္ ျပင္ဆင္ၾကတယ္။ အခ်ိန္တို အတြင္းမွာ လုပ္ရတာ ဆိုေတာ့ ႐ြာကလူေတြ အင္တိုက္ အားတိုက္ လုပ္ၾကလို႔ ဒီဆုကို ရခဲ့တာပါ ” ျပင္ဆင္ လႈပ္ရွားခဲ့ရသည့္ New Generation Kyauk Mhaw၏ ေခါင္းေဆာင္ ကိုဝင္းထြန္းက ေျပာသည္။

စံျပေက်ာင္း ၿပိဳင္ပြဲ အစီအစဥ္ကို ဇူလိုင္လ (၂၁) ရက္ေန႔တြင္ ျပန္လည္ ဖြင့္လွစ္ရန္ စီစဥ္ထားသည့္ အစိုးရ အေျခခံပညာ အထက္တန္းေက်ာင္းမ်ား၊ ပုဂၢလိက အထက္တန္းေက်ာင္းမ်ားႏွင့္ ႏိုင္ငံေတာ္က တရားဝင္ ခြင့္ျပဳထားၿပီးျဖစ္သည့္ အထက္တန္းအဆင့္ ဘုန္းေတာ္ႀကီးသင္ ေက်ာင္းမ်ား ပါဝင္ပါသည္။

“ ေရပိုက္လိုင္းက အစ စာသင္ေဆာင္ ေတြကို ျပင္ဆင္ၾကတယ္။ ကိုယ့္ရဲ႕ မဲဆႏၵနယ္က ေက်ာင္းက ႏိုင္ငံေတာ္ အဆင့္မွာ ဆုရတယ္ ဆိုေတာ့ အတိုင္းမသိ ဂုဏ္ယူပါတယ္ ”ဟု ယင္းမာပင္ မဲဆႏၵနယ္မွ တိုင္းလႊတ္ေတာ္ အမတ္ ေဒၚခင္ႏွင္းရီက ေျပာသည္။



ၿပိဳင္ပြဲတြင္ က်န္းမာေရး ဝန္ႀကီးဌာန၏ ကိုဗစ္ႏိုင္တင္း ကာကြယ္ထိန္းခ်ဳပ္ေရး စည္းမ်ဥ္း စည္းကမ္း မ်ားႏွင့္အညီ ေက်ာင္းမ်ား၌ ျပင္ဆင္ထား ရွိမႈမ်ားကို ဗီဒီယို႐ိုက္ကူး၍ ၿပိဳင္ပြဲဝင္ခဲ့ၾကၿပီး ပညာေရးဇုန္ အပိုင္းအျခား အလိုက္ အေကာင္းဆုံး အစိုးရ အထက္တန္းေက်ာင္း တစ္ေက်ာင္းစီ၊ ပုဂၢလိက အထက္တန္းေက်ာင္း တစ္ေက်ာင္းစီႏွင့္ ဘုန္းေတာ္ႀကီးသင္ေက်ာင္း (၃) ေက်ာင္းတို႔က ပါဝင္ယွဥ္ ၿပိဳင္ခဲ့ၾကပါသည္။

ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားကို ဇူလိုင္ ၁၆ ရက္တြင္ ေနျပည္ေတာ္၌ ျပဳလုပ္သြားမည္ ဟု စိုးလွ်ပ္စစ္ ေဖာင္ေဒးရွင္း၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ Source ; Monywa Gazette

Post a Comment

Previous Post Next Post