(Unicode)
ကိုဗစ် ကာလ အတွင်း အဆင့်ဆင့် ဖြေလျော့မှုတွေ အောင်မြင်လာပြီး ခရီးသွား လုပ်ငန်းတွေ ပုံမှန် လည်ပတ် နိုင်တော့ မည့် အခြေအနေတွေ ကိုရောက် လုလုဆဲ မှာဘဲ အစိုးရ အတွက် ကံကြမ္မာဆိုး စဝင်တော့ တာ ပါ ဘဲ ဇူလိုင်လ ၈ ရက်နေ့က လရောင်းမြို့ ၊ အူတဖောင်း နိုင်ငံတကာလေဆိပ်အသစ်ကနေ ထိုင်းနိုင်ငံကို အလည်အပတ်လာကြတဲ့ အီဂျစ်စစ်သံအဖွဲ့ အရာရှိစစ်သည် ၃၁ ဦးကို ပြည်ဝင်ခွင့်ပြုပြီး VIP အဖြစ် Q မဝင်စေဘဲ စင်ထရယ် တစ်ခု ရဲ့ ဟိုတယ်မှာတည်းခွင့်ပြု လိုက် ပါ တယ်အဲ့ဒီအထဲမှာ Covid -19 ရောဂါပိုးကူးစက်လာသူ ပါလာ တဲ့ အတွက် လရောင်းမြို့ဟာ အားလုံးသိကြတဲ့ အတိုင်း အခြေအနေတွေဟာ ရုတ်ချည်းပြောင်း လဲကုန်ပြီး ပြည်သူတွေ စတင်ပေါက်ကွဲကြတော့ တာဘဲ
ဟိုတယ်လုပ်ငန်းရှင် တစ်ချို့ပြည်တွင်း ခရီးသွားများ ဟိုတယ်ဘွတ်ကင်တွေ ဖျက်သိမ်းလိုက် ရပါတယ် ။ ကျောင်းပေါင်း ၁၂၇ ခုကိုချက်ချင်း ပိတ်လိုက် ပလာဇာဈေးတွေလည်း ယာယီပိတ်လိုက်ရပါတယ် ၊ ပြီးခဲ့တဲ့၂ ရက်က ဝန်ကြီးချုပ် ကိုယ်တိုင်သွားရောက်စစ်ဆေးစဉ် ဝန်ကြီးချုပ်ကို ဆန္ဒပြတဲ့ကျောင်းသားနှစ်ဦး ရဲကဖမ်းဆီးထိန်းသိမ်းခဲ့တယ် လို့သိရပါတယ် ။ဒီနေ့မှာတော့ ထိုင်းနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂ ဥက္ကဌ Miss JuthaTip ဦးဆောင်ကာ သောင်းချီတဲ့ လူအုပ်ကြီးဟာ ဘန်ကောက်မြို့ အစိုးရဝန်ကြီးများ ရုံးစိုက်ရာနှင့် အနီးတဝိုက် ရတ်ချဒမ်းနုမ်း လမ်းမပြီးက ဒီမိုကရေစီကျောက်တိုင်တွင် တာဝန်ယူမှု တာဝန်ခံမှုဝန်ကြီးချုပ် အား ထွက်သွားရန်ဆန္ဒပြုကြပြီး အချက် ၃ ချက်ကိုတောင်းဆို လိုက်ပါတယ်…
၁ ။ အခြေခံဥပဒေမှုကြမ်းအသစ်ရေးဆွဲရေး၂ ။ ပြည်သူအားနှောင့်ယှက်တားဆီးခြင်းမှ ရပ်တန့်ခြင်း ၃ ။ ပါလီမန်ဖျက်သိမ်းပေးရေးစသည့် အချက်အလက်များ ကိုတောင်းဆိုလိုက်ကြသလို ဝန်ကြီးပရွတ် ကျန်အိုချာ အား ” ထွက်သွား ” ထွက်သွားဆို သည့်ကြွေးကြော်သံများ စဉ်ဆက်ပြတ်ပြိုင်တူအော် ဟစ်ခဲ့ကြ ပါသည် ။စီးပွားရေးထိခိုက်မှု နဲ့လူထုစားဝတ်နေရေးအတွက်ဘယ်လိုဖြေရှင်းမလဲဆို တဲ့မေးခွန်းတွေ ကိုလည်း တိုက်ရိုက်ထု တ်လွှင့်မှုမှာမေးမြန်းခဲ့ကြ ပါတယ် ။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အစိုးရတစ်ဖွဲ့လုံးလိုအပ်ရင် ဆင်းပေးဘို့ကိုလည်း ဆန္ဒပြခေါင်းဆောင်တစ်ချို့ဟာ ဟောပြောခဲ့ကြပါတယ် ။
ဆန္ဒပြတဲ့ အဖွဲ့ဟာ ညလုံးပေါက် ငြိမ်းချမ်းစွာဆန္ဒပြကြမယ်လို့ သိရှိရပါတယ် ၊ လုံခြုံရေး ရဲတပ်ဖွဲ့များခွင့်ပြု သတ်မှတ်ထားတဲ့ဘောင်ထဲကနေဆန္ဒပြကြမယ် လို့သိရပါတယ် ယခင်ကဖမ်းဆီးထိန်းသိမ်းခံထားရသူ တစ်ချို့ရဲ့ဓါတ်ပုံဗီနိုင်းတွေကိုလည်းကိုင်ဆောင်ထားကြ ပါတယ် ။လရောင်းမြို့ဖြစ်စဉ်နှင့်ပါတ်သက်ပြီး ” အစိုးရ ” ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း အတွက် တိုင်းပြည်အား တာဝန်အရှိဆုံး ဝန်ကြီးချုပ်ရဲ့နှုတ်ဖျားက တရားဝင်မတောင်းပန်တာဟာ ဘာသဘောလဲ ? ဆိုတဲ့မေးခွန်းတွေလည်းမေးခဲ့ကြ ပါတယ်…စီမံခန့်ခွဲ့မှု မတတ်ရင် ခေါင်းဆောင်လုပ်နေလည်းအလကားဘဲ ” ထွက်သွား ” လိုက်တော့လို့ အော်ဟစ်နေခဲ့ကြ ပါတယ်ငိုချင်လျှက် နဲ့ လက်တို့..ထိုင်းနိုင်ငံရေး ဟာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ရပါအုံးမည်..
Credit SiThu Maung
(Zawgyi)
Credit SiThu Maung
Post a Comment
Previous Post Next Post