(Unicode)

မ န္တ လေးတိုင်းဒေ သကြီး မိ တ္ထီလာ မြို့တွင် ရဲစခန်းဝင်းအတွင်းရှိ ဓမ္မာရုံ၌ အိပ်ပျော်နေသည့် ရဲတပ်ဖွဲ့ဝင်ထံမှ ခြောက်လုံးပြူးသေနတ်ခိုးယူခဲ့သည့်အပြင် လက်ကိုင်ဖုန်း ၅ လုံး ခိုးယူမှုတွင် ပါဝင်ခဲ့သူအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ဇူလိုင် ၁၅ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။



ဇူ လိုင် ၁၄ ရက် တွင် မိတ္ထီလာမြို့မ ရဲ စခန်း နယ်ထိန်းအဖွဲ့မှ ရဲတပ်ကြပ်ကြီး အောင်သန်းဆွေသည် နယ်မြေ (၁၆) ရန်မျိုးအောင်ရပ်ကွက် မင်္ဂလာဇေယျုံ ၂လမ်းနေ ဘုန်းမြင့်နိုင်(ခ)ကိုဘုန်းထံ၌ ခြောက်လုံးပြူးသေနတ်တစ်လက်နှင့် ကျည် ၂ တောင့်လက်ဝယ်ရှိနေကြောင်း သတင်းရရှိခဲ့သည်။



ထို့ ကြောင့် မိတ္ထီလာ ခရိုင်နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ကျော်မိုးနှင့်အဖွဲ့က ဘုန်းမြင့်နိုင်(ခ) ကိုဘုန်း၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။



အ ဆိုပါ နေအိမ်တွင် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်စန်းဝင်း (၅၅ နှစ်)ကို တွေ့ရှိခဲ့ပြီး မေးမြန်းစုံစမ်းရာ သားဖြစ်သူ ဘုန်းမြင့်နိုင်(ခ) ကိုဘုန်းက ပေးအပ်ထားသည့် သေနတ်တစ်လက်ရှိကြောင်း၊ ပုဆိုးဖြင့် ထုပ်ကာ နေအိမ်ကြောင်အိမ်အောက်ထပ် ဇလုံအတွင်းထားရှိခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်များလာရောက်ရှာဖွေမည်ကို စိုးရိမ်သဖြင့် တစ်အိမ်ကျော်နေ သမီးဖြစ်သူနေအိမ်တွင် ဝှက်ထားကြောင်း ဒေါ်ခင်စန်းဝင်းက ပြောပြကာ သေနတ်ကို ပြန်လည်ယူဆောင်ပေးခဲ့သည်။



ရဲ တပ်ဖွဲ့က ၎ င်းပေး အပ်သည့် ခြောက်လုံးပြူးသေနတ်ကို စစ်ဆေးခဲ့ရာ ဇွန်လ ၉ ရက်နေ့တွင် မိတ္ထီလာမြို့မရဲစခန်း ရဲဓမ္မာရုံဝင်းအတွင်း အိပ်ပျော်နေသည့် ရဲတပ်ဖွဲ့ဝင်ထံမှ ခိုးယူခံရသည့် A-26022 နံပါတ်ပါ ဝစ်ဗလီ အမျိုးအစား ၃၈ ဗို့ ခြောက်လုံးပြူးသေနတ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။



ဇူလိုင် ၁၄ ရက် ည ၁၀ နာရီ မိနစ် ၄၀ တွင် ဘုန်းမြင့်နိုင်(ခ)ကိုဘုန်း ၂၂နှစ်ကို ရန်မျိုးအောင်ရပ်ကွက် ၅ လမ်း၌ သိန်းပြည့်စုံ (ခ)ငသိန်း အသက် ၁၉နှစ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဒေါ် ခင်စန်းဝင်းကို စစ်ဆေးချက်အရ သားဖြစ်သူ ဘုန်းမြင့်နိုင်(ခ)ကိုဘုန်းနှင့် ထောင်ထဲတွင် ရင်းနှီးခဲ့သည့် ကောက်ကွေး(စိစစ်ဆဲ)မှာ နေအိမ်သို့လွန်ခဲ့သော ၁ လခန့်က ရောက်ရှိခဲ့ပြီး သားဖြစ်သူနှင့် အတူသွားလာခဲ့ကြောင်း ပြောပြ သိရှိခဲ့သည်။



ရဲ တပ်ဖွဲ့က ဖမ်းဆီးထားသည့် ဘုန်းမြင့်နိုင်(ခ)ကိုဘုန်း၊ဒေါ်ခင်စန်းဝင်းနှင့် သိန်းပြည့်စုံ(ခ) ကိုသိန်းတို့ကို အမှုဖြင့် ဆက်လက်စစ်ဆေးလျက်ရှိပြီး တိမ်းရှောင်နေသူ ကောက်ကွေး (စုံစမ်းဆဲ)ကို ဖမ်းဆီးစစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့
Video embed from Eleven Media


(Zawgyi)


မ ႏၲ ေလးတိုင္းေဒ သႀကီး မိ တၳီလာ ၿမိဳ႕တြင္ ရဲစခန္းဝင္းအတြင္းရွိ ဓမၼာ႐ုံ၌ အိပ္ေပ်ာ္ေနသည့္ ရဲတပ္ဖြဲ႕ဝင္ထံမွ ေျခာက္လုံးျပဴးေသနတ္ခိုးယူခဲ့သည့္အျပင္ လက္ကိုင္ဖုန္း ၅ လုံး ခိုးယူမႈတြင္ ပါဝင္ခဲ့သူအခ်ိဳ႕ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ေၾကာင္း ယေန႔ဇူလိုင္ ၁၅ ရက္တြင္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။


ဇူ လိုင္ ၁၄ ရက္ တြင္ မိတၳီလာၿမိဳ႕မ ရဲ စခန္း နယ္ထိန္းအဖြဲ႕မွ ရဲတပ္ၾကပ္ႀကီး ေအာင္သန္းေဆြသည္ နယ္ေျမ (၁၆) ရန္မ်ိဳးေအာင္ရပ္ကြက္ မဂၤလာေဇယ်ဳံ ၂လမ္းေန ဘုန္းျမင့္ႏိုင္(ခ)ကိုဘုန္းထံ၌ ေျခာက္လုံးျပဴးေသနတ္တစ္လက္ႏွင့္ က်ည္ ၂ ေတာင့္လက္ဝယ္ရွိေနေၾကာင္း သတင္းရရွိခဲ့သည္။



ထို႔ ေၾကာင့္ မိတၳီလာ ခ႐ိုင္နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအာင္ေက်ာ္မိုးႏွင့္အဖြဲ႕က ဘုန္းျမင့္ႏိုင္(ခ) ကိုဘုန္း၏ ေနအိမ္ကို သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့သည္။



အ ဆိုပါ ေနအိမ္တြင္ ၎၏ မိခင္ျဖစ္သူ ေဒၚခင္စန္းဝင္း (၅၅ ႏွစ္)ကို ေတြ႕ရွိခဲ့ၿပီး ေမးျမန္းစုံစမ္းရာ သားျဖစ္သူ ဘုန္းျမင့္ႏိုင္(ခ) ကိုဘုန္းက ေပးအပ္ထားသည့္ ေသနတ္တစ္လက္ရွိေၾကာင္း၊ ပုဆိုးျဖင့္ ထုပ္ကာ ေနအိမ္ေၾကာင္အိမ္ေအာက္ထပ္ ဇလုံအတြင္းထားရွိခဲ့ရာမွ ရဲတပ္ဖြဲ႕ဝင္မ်ားလာေရာက္ရွာေဖြမည္ကို စိုးရိမ္သျဖင့္ တစ္အိမ္ေက်ာ္ေန သမီးျဖစ္သူေနအိမ္တြင္ ဝွက္ထားေၾကာင္း ေဒၚခင္စန္းဝင္းက ေျပာျပကာ ေသနတ္ကို ျပန္လည္ယူေဆာင္ေပးခဲ့သည္။



ရဲ တပ္ဖြဲ႕က ၎ င္းေပး အပ္သည့္ ေျခာက္လုံးျပဴးေသနတ္ကို စစ္ေဆးခဲ့ရာ ဇြန္လ ၉ ရက္ေန႔တြင္ မိတၳီလာၿမိဳ႕မရဲစခန္း ရဲဓမၼာ႐ုံဝင္းအတြင္း အိပ္ေပ်ာ္ေနသည့္ ရဲတပ္ဖြဲ႕ဝင္ထံမွ ခိုးယူခံရသည့္ A-26022 နံပါတ္ပါ ဝစ္ဗလီ အမ်ိဳးအစား ၃၈ ဗို႔ ေျခာက္လုံးျပဴးေသနတ္ျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။



ဇူလိုင္ ၁၄ ရက္ ည ၁၀ နာရီ မိနစ္ ၄၀ တြင္ ဘုန္းျမင့္ႏိုင္(ခ)ကိုဘုန္း ၂၂ႏွစ္ကို ရန္မ်ိဳးေအာင္ရပ္ကြက္ ၅ လမ္း၌ သိန္းျပည့္စုံ (ခ)ငသိန္း အသက္ ၁၉ႏွစ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ေဒၚ ခင္စန္းဝင္းကို စစ္ေဆးခ်က္အရ သားျဖစ္သူ ဘုန္းျမင့္ႏိုင္(ခ)ကိုဘုန္းႏွင့္ ေထာင္ထဲတြင္ ရင္းႏွီးခဲ့သည့္ ေကာက္ေကြး(စိစစ္ဆဲ)မွာ ေနအိမ္သို႔လြန္ခဲ့ေသာ ၁ လခန္႔က ေရာက္ရွိခဲ့ၿပီး သားျဖစ္သူႏွင့္ အတူသြားလာခဲ့ေၾကာင္း ေျပာျပ သိရွိခဲ့သည္။



ရဲ တပ္ဖြဲ႕က ဖမ္းဆီးထားသည့္ ဘုန္းျမင့္ႏိုင္(ခ)ကိုဘုန္း၊ေဒၚခင္စန္းဝင္းႏွင့္ သိန္းျပည့္စုံ(ခ) ကိုသိန္းတို႔ကို အမႈျဖင့္ ဆက္လက္စစ္ေဆးလ်က္ရွိၿပီး တိမ္းေရွာင္ေနသူ ေကာက္ေကြး (စုံစမ္းဆဲ)ကို ဖမ္းဆီးစစ္ေဆးႏိုင္ရန္ ဆက္လက္စုံစမ္းလ်က္ရွိသည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕
Video embed from Eleven Media



Post a Comment

Previous Post Next Post