(Unicode)


ထိုင်းနိုင်ငံက (၃)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မျက်လုံးအတွင်းကို သံဝက်အူရစ်တစ်ခု မတော်တဆ စိုက်ဝင်ခဲ့တာကြောင့် ဆေးရုံကို အမြန်ပို့ပေးခဲ့ရကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Khon Kaen မှာ ဖြစ်ပျက်ခဲ့တာပါ။အဆိုပါ ကောင်လေးဟာ ဖခင် အလုပ်လုပ်နေတာကို စိတ်ဝင်တစား ကြည့်နေတာပါ။ ဖခင်ဟာ ဓာတ်ဆီလောင်စာသုံး မြက်ရိတ်စက်နဲ့ မြက်ရိတ်နေတာ ဖြစ်ပါတယ်။ ဖခင်အလုပ်တာကို ကြည့်နေချိန်မှာ မြက်ရိတ်စက်ရဲ့စက်သွားမှာ တပ်ဆင်ထားတဲ့ ဝက်အူရစ်တစ်လုံးက ပြုတ်ထွက် လွင့်စင်သွားပါတယ်။



အဲဒီဝက်အူရစ်က ကလေးငယ်ရဲ့ ဘယ်ဘက်မျက်လုံးအတွင်းကို ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်ခဲ့တာပါ။ ကလေးကို အခင်းဖြစ်တဲ့ ဇူလိုင်(၂၀)ရက် တနင်္လာနေ့မှာပဲ ဆေးရုံအမြန်ပို့ပေးခဲ့ပါတယ်။ မိဘတွေကတော့ ကလေးအဖို့ မျက်လုံးတစ်လုံး ကွယ်ရှာပြီလို့ တွေးထင်ခဲ့ပါတယ်။ဒါပေမယ့် ကျွမ်းကျင်သူဒေါက်တာတွေက စစ်ဆေးတဲ့အခါမှာတော့ ဝက်အူရစ်ဟာ မျက်လုံးအတွင်းက မျက်ကြည်လွှာနဲ့ မျက်စိအာရုံခံလွှာကို ထိခိုက်မှုမရှိဘူးဆိုတာ စစ်ဆေးတွေ့ရှိခဲ့ရတဲ့အတွက် အချိန်မီခွဲစိတ်ရင် အကောင်းပကတိအတိုင်း ပြန်ဖြစ်နိုင်တယ်ဆိုတာ မိဘတွေကို ပြောပြခဲ့ပါတယ်။



ကလေးကို တာဝန်ယူခွဲစိတ်ပေးခဲ့တဲ့ဒေါက်တာတွေကတော့ Eye Care By Tuss ဆေးခန်းမှ မျက်လုံးအထူးကု ပါရဂူ Tat Sanguansak ဖြစ်ပြီး၊ ဇူလိုင်(၂၁)ရက် အင်္ဂါနေ့မနက် (၁၁)နာရီလောက်မှာ ခွဲစိတ်မှုပြီးဆုံးခဲ့ပါတယ်။ မျက်လုံးအတွင်းမှာ အလွန်သေးငယ်တဲ့ သွေးကြောလေးတွေရှိတာကြောင့် အချိန်(၃)နာရီခွဲလောက် ဂရုတစိုက် ခွဲစိတ်ခဲ့ရတာပါ။မျက်လုံးအတွင်းမှာ သွေးထွက်လွန်၊ မျက်လုံးအတွင်း ကြွက်သားတွေ ထိခိုက်ပျက်စီးမှု ရှိထားတာကြောင့် တစ်ပတ်လောက်တော့ မျက်လုံးအတွင်းမှာ သွေးချည်ဥနေဦးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမြင်အာရုံထိခိုက်တာမျိုးတော့ မဖြစ်တော့ဘူးလို ပါရဂူကြီး Tat က ပြောခဲ့ပါတယ်။

Credit Celecrazynews


(Zawgyi)


ထိုင္းနိုင္ငံက (၃)ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ဟာ မ်က္လုံးအတြင္းကို သံဝက္အူရစ္တစ္ခု မေတာ္တဆ စိုက္ဝင္ခဲ့တာေၾကာင့္ ေဆး႐ုံကို အျမန္ပို႔ေပးခဲ့ရေၾကာင္း သိရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ထိုင္းနိုင္ငံ အေရွ႕ေျမာက္ပိုင္း Khon Kaen မွာ ျဖစ္ပ်က္ခဲ့တာပါ။အဆိုပါ ေကာင္ေလးဟာ ဖခင္ အလုပ္လုပ္ေနတာကို စိတ္ဝင္တစား ၾကည့္ေနတာပါ။ ဖခင္ဟာ ဓာတ္ဆီေလာင္စာသုံး ျမက္ရိတ္စက္နဲ႔ ျမက္ရိတ္ေနတာ ျဖစ္ပါတယ္။ ဖခင္အလုပ္တာကို ၾကည့္ေနခ်ိန္မွာ ျမက္ရိတ္စက္ရဲ့စက္သြားမွာ တပ္ဆင္ထားတဲ့ ဝက္အူရစ္တစ္လုံးက ျပဳတ္ထြက္ လြင့္စင္သြားပါတယ္။



အဲဒီဝက္အူရစ္က ကေလးငယ္ရဲ့ ဘယ္ဘက္မ်က္လုံးအတြင္းကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ဝင္ေရာက္ခဲ့တာပါ။ ကေလးကို အခင္းျဖစ္တဲ့ ဇူလိုင္(၂၀)ရက္ တနလၤာေန႔မွာပဲ ေဆး႐ုံအျမန္ပို႔ေပးခဲ့ပါတယ္။ မိဘေတြကေတာ့ ကေလးအဖို႔ မ်က္လုံးတစ္လုံး ကြယ္ရွာၿပီလို႔ ေတြးထင္ခဲ့ပါတယ္။ဒါေပမယ့္ ကၽြမ္းက်င္သူေဒါက္တာေတြက စစ္ေဆးတဲ့အခါမွာေတာ့ ဝက္အူရစ္ဟာ မ်က္လုံးအတြင္းက မ်က္ၾကည္လႊာနဲ႔ မ်က္စိအာ႐ုံခံလႊာကို ထိခိုက္မွုမရွိဘူးဆိုတာ စစ္ေဆးေတြ႕ရွိခဲ့ရတဲ့အတြက္ အခ်ိန္မီခြဲစိတ္ရင္ အေကာင္းပကတိအတိုင္း ျပန္ျဖစ္နိုင္တယ္ဆိုတာ မိဘေတြကို ေျပာျပခဲ့ပါတယ္။


ကေလးကို တာဝန္ယူခြဲစိတ္ေပးခဲ့တဲ့ေဒါက္တာေတြကေတာ့ Eye Care By Tuss ေဆးခန္းမွ မ်က္လုံးအထူးကု ပါရဂူ Tat Sanguansak ျဖစ္ၿပီး၊ ဇူလိုင္(၂၁)ရက္ အဂၤါေန႔မနက္ (၁၁)နာရီေလာက္မွာ ခြဲစိတ္မွုၿပီးဆုံးခဲ့ပါတယ္။ မ်က္လုံးအတြင္းမွာ အလြန္ေသးငယ္တဲ့ ေသြးေၾကာေလးေတြရွိတာေၾကာင့္ အခ်ိန္(၃)နာရီခြဲေလာက္ ဂ႐ုတစိုက္ ခြဲစိတ္ခဲ့ရတာပါ။မ်က္လုံးအတြင္းမွာ ေသြးထြက္လြန္၊ မ်က္လုံးအတြင္း ႂကြက္သားေတြ ထိခိုက္ပ်က္စီးမွု ရွိထားတာေၾကာင့္ တစ္ပတ္ေလာက္ေတာ့ မ်က္လုံးအတြင္းမွာ ေသြးခ်ည္ဥေနဦးမယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အျမင္အာ႐ုံထိခိုက္တာမ်ိဳးေတာ့ မျဖစ္ေတာ့ဘူးလို ပါရဂူႀကီး Tat က ေျပာခဲ့ပါတယ္။

Credit Celecrazynews

Post a Comment

Previous Post Next Post