(Unicode)

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အသက် 59 နှစ်အရွယ် ဦးနှောက်ချို့ယွင်းနေတဲ့ အမျိုးသမီးဟာ သူမအိမ်ရဲ့အနီးဝန်းကျင်မှာနေထိုင်တဲ့ သမီးဖြစ်သူကိုအလည်သွားဖို့ အိမ်ကနေထွက်လာရင်းနဲ့ 8လအကြာမှာတော့ တရုတ်နိုင်ငံအထိရောက်ရှိသွားခဲ့ပါတယ် ။ Kaeomanee Arjaw အမည် ရှိတဲ့အမျိုးသမီးဟာ ထိုင်းနိုင်ငံ ၊ Chiang Rai မြို့မှာ နေထိုင်တဲ့သူဖြစ်ပြီး ၊ သူမကိုပြီးခဲ့တဲ့ January လက တရုတ်နိုင်ငံ Kunming မြို့မှာ တွေ့ရှိခဲ့တာပါ ။



သူမကိုတွေ့ရှိခဲ့ချိန်မှာတော့ သူမရဲ့ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ်ပြားကို ကိုင်ဆောင်လျက်သားဖြင့် တွေ့ရှိခဲ့တာပါ ။ Kaeomanee မှန်းအတည်ပြုနိုင်ဖို့ သူမရဲ့သမီးဖြစ်သူ အသက် 35 နှစ်အရွယ် Suchada နှင့် ထိုင်းတာဝန်ရှိသူများက ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပါတယ် ။ သားအမိနှစ်ယောက် ပြန်ဆုံတွေ့တဲ့အချိန်မှာတော့ အတော်လေးကိုဝမ်းသာသွားခဲ့ကြပြီး ပွေ့ဖက်ကာငိုယိုခဲ့ကြပါတယ် ။



အင်တာဗျူ းတစ်ခုမှာတော့ Kaeomanee ဟာ သူမရဲ့သမီးဖြစ်သူ ကိုတွေ့ချင်လို့ လွန်ခဲ့တဲ့ 8လက နေအိမ်ကနေထွက်ခွာလာခဲ့တာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။ ” ကျွန်မ သမီးကိုတွေ့ဖို့ထွက်လာတာပါ ၊ သူ့ကိုတွေ့ပြီးတော့ ကျွန်မလမ်းဆက်ပြီးလျှောက်နေခဲ့တယ် ၊ အဲ့တုန်းက ဘေးပတ်ဝန်းကျင်မှာ ကားတွေလဲ မရှိဘူး ၊ ခြေလျင်လျှောက်ရင်းနဲ့ 600km အကွာအဝေးရှိတဲ့ တရုတ်နိုင်ငံအထိရောက်ရှိလာခဲ့တာပါ ၊ ဖွင့်ထားတဲ့ ဆိုင်ငယ်လေးတွေဆီကနေ အစားအစာလိုက်တောင်းစားရင်း လမ်းတစ်လျှောက် တစ်ယောက် တည်းလမ်းလျှောက်နေခဲ့တာပါ ” ဆိုပြီး ဖြေကြားခဲ့ပါတယ် ။Kaeomanee ဟာ သူမရဲ့ခရီးလမ်းတစ်လျှောက် 20kg အထိ ဝိတ်ကျသွား ခဲ့ကြောင်း သိရပါတယ် ။ ယခုအချိန်မှာတော့ အသက် 59 နှစ်အရွယ် Kaeomanee ဟာ မိသားစုဝင်တွေ ၊ ဆွေမျိုးတွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့ပြီဖြစ်ပါတယ် ။

Credit MCK Zone Daily



(Zawgyi)


ထိုင္းႏိုင္ငံမွာေနထိုင္တဲ့ အသက္ 59 ႏွစ္အ႐ြယ္ ဦးေႏွာက္ခ်ိဳ႕ယြင္းေနတဲ့ အမ်ိဳးသမီးဟာ သူမအိမ္ရဲ႕အနီးဝန္းက်င္မွာေနထိုင္တဲ့ သမီးျဖစ္သူကိုအလည္သြားဖို႔ အိမ္ကေနထြက္လာရင္းနဲ႔ 8လအၾကာမွာေတာ့ တ႐ုတ္ႏိုင္ငံအထိေရာက္ရွိသြားခဲ့ပါတယ္ ။ Kaeomanee Arjaw အမည္ ရွိတဲ့အမ်ိဳးသမီးဟာ ထိုင္းႏိုင္ငံ ၊ Chiang Rai ၿမိဳ႕မွာ ေနထိုင္တဲ့သူျဖစ္ၿပီး ၊ သူမကိုၿပီးခဲ့တဲ့ January လက တ႐ုတ္ႏိုင္ငံ Kunming ၿမိဳ႕မွာ ေတြ႕ရွိခဲ့တာပါ ။


သူမကိုေတြ႕ရွိခဲ့ခ်ိန္မွာေတာ့ သူမရဲ႕ထိုင္းႏိုင္ငံသားမွတ္ပုံတင္ကတ္ျပားကို ကိုင္ေဆာင္လ်က္သားျဖင့္ ေတြ႕ရွိခဲ့တာပါ ။ Kaeomanee မွန္းအတည္ျပဳႏိုင္ဖို႔ သူမရဲ႕သမီးျဖစ္သူ အသက္ 35 ႏွစ္အ႐ြယ္ Suchada ႏွင့္ ထိုင္းတာဝန္ရွိသူမ်ားက ကိုယ္တိုင္သြားေရာက္စစ္ေဆးခဲ့ပါတယ္ ။ သားအမိႏွစ္ေယာက္ ျပန္ဆုံေတြ႕တဲ့အခ်ိန္မွာေတာ့ အေတာ္ေလးကိုဝမ္းသာသြားခဲ့ၾကၿပီး ေပြ႕ဖက္ကာငိုယိုခဲ့ၾကပါတယ္ ။



အင္တာဗ်ဴ းတစ္ခုမွာေတာ့ Kaeomanee ဟာ သူမရဲ႕သမီးျဖစ္သူ ကိုေတြ႕ခ်င္လို႔ လြန္ခဲ့တဲ့ 8လက ေနအိမ္ကေနထြက္ခြာလာခဲ့တာျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္ ။ ” ကြၽန္မ သမီးကိုေတြ႕ဖို႔ထြက္လာတာပါ ၊ သူ႔ကိုေတြ႕ၿပီးေတာ့ ကြၽန္မလမ္းဆက္ၿပီးေလွ်ာက္ေနခဲ့တယ္ ၊ အဲ့တုန္းက ေဘးပတ္ဝန္းက်င္မွာ ကားေတြလဲ မရွိဘူး ၊ ေျခလ်င္ေလွ်ာက္ရင္းနဲ႔ 600km အကြာအေဝးရွိတဲ့ တ႐ုတ္ႏိုင္ငံအထိေရာက္ရွိလာခဲ့တာပါ ၊ ဖြင့္ထားတဲ့ ဆိုင္ငယ္ေလးေတြဆီကေန အစားအစာလိုက္ေတာင္းစားရင္း လမ္းတစ္ေလွ်ာက္ တစ္ေယာက္ တည္းလမ္းေလွ်ာက္ေနခဲ့တာပါ ” ဆိုၿပီး ေျဖၾကားခဲ့ပါတယ္ ။Kaeomanee ဟာ သူမရဲ႕ခရီးလမ္းတစ္ေလွ်ာက္ 20kg အထိ ဝိတ္က်သြား ခဲ့ေၾကာင္း သိရပါတယ္ ။ ယခုအခ်ိန္မွာေတာ့ အသက္ 59 ႏွစ္အ႐ြယ္ Kaeomanee ဟာ မိသားစုဝင္ေတြ ၊ ေဆြမ်ိဳးေတြနဲ႔ ျပန္ဆုံေတြ႕ႏိုင္ခဲ့ၿပီျဖစ္ပါတယ္ ။

Credit MCK Zone Daily

Post a Comment

Previous Post Next Post