(Unicode)


က ချင်ပြည်နယ်၊ ဖားကန့်မြေပြိုမှု ဖြစ်စဉ်မှ ဒဏ်ရာရသူ တစ်ဦးလျှင် (၂) သိန်း၊ သေဆုံးသူတစ်ဦးလျှင် (၅) သိန်းစီထောက်ပံ့ပေးအပ် ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှယ့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန(လူကယ်ပြန်ဝန်ကြီးဌာန)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ယနေ့(ဇူလိုင် ၅) မွန်းလွဲပိုင်းတွင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်မှ ရေးသားဖော်ပြခဲ့သည်။


“ဒဏ်ရာရသူတစ်ဦးကိုငွေကျပ် ၂ သိန်း၊ သေဆုံးသူတစ်ဦးအတွက် ငွေကျပ် ၅ သိန်း၊ စုစုပေါင်း စာရင်း အရ သေဆုံးသူ ၁၇၄ ဦး၊ ဒဏ်ရာရ ၅၄ဦး တို့အတွက် ထောက်ပံ့ငွေကျပ် ၉၇၈ သိန်း ဖြစ်ပါတယ်။ ကိုယ်တိုင်တွေ့ဆုံခွင့်ရပြီး ဒဏ်ရာရ ၃၄ ဦး၊ သေဆုံးသူများရဲ့ ကျန်မိသားစုဝင် ၁၆ ဦး တို့အား အားပေးထောက်ပံ့ခဲ့ပါတယ်။ ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သောလူမှုအဖွဲ့များကိုလည်း ကျပ်သိန်း ၁၁၀ ထောက်ပံ့ခဲ့ပါတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ရေးသားဖော်ပြခဲ့သည်။



ယင်းထောက်ပံ့ငွေများမှာ အမျိုးသား သဘာဝဘေးအ န္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လူကယ်ပြန် ဝန်ကြီးဌာနတို့က ထောက်ပံ့‌ပေးအပ်သည့် ငွေများဖြစ်ကြောင်း ၎င်း၏ ရေးသားဖော်ပြချက်အရ သိရသည်။

ဒဏ်ရာရသူများတွင် အရိုးကျိုးကြေခြင်း၊ ရေမွန်းခြင်း၊ ကိုယ်ခန္ဓာ စုတ်ပြဲပွန်းပဲ့ ထိခိုက်ခြင်းအများဆုံးဖြစ်သည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။



၎င်းကဆက်လက်၍” ကျွန်တော်တို့ ထောက်ပံ့ခဲ့တဲ့နိုင်ငံတော်ငွေဟာ ပြည်သူ့ငွေဖြစ်လို့ဒုက္ခခံစား နေရသောပြည်သူများအတွက် ပြည်သူမှပြည်သူသို့ ကူညီခြင်းဖြင့်ကုသိုလ်ရယူခဲ့ခြင်းဖြစ်ပါတယ်။ ဖြစ်စဉ်ကိုလေ့လာခွင့်ရပြီး ဖြစ်ပွားရာနေရာကိုလည်း ရောက်ရှိခဲ့လို့လွန်စွာစိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းနဲ့ စာနာခြင်းများခံစားရပါတယ်။ နောင်မဖြစ်ပွားစေဖို့ အားလုံး ကိုယ်ချင်းစာစိတ် မေတ္တာစိတ်တွေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရပါမယ်”ဟု ရေးသားဖော်ပြခဲ့သည်။

လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ်၊ ၈၄/၂၀၂၀၊ ဇူလိုင် ၃ ရက်စွဲဖြင့် ဖွဲ့စည်းထားခဲ့သည်။



ဖားကန့်တွင် မြေပြိုမှုများမှာ မကြာခဏဖြစ်ပွားလေ့ ရှိပြီး ယခုတစ်ကြိမ်မြေပြိုမှုတွင် လူသေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

မင်းထင်

(Zawgyi)


ကခ်င္ျပည္နယ္၊ ဖားကန႔္ေျမၿပိဳမႈ ျဖစ္စဥ္မွ ဒဏ္ရာရသူ တစ္ဦးလွ်င္ (၂) သိန္း၊ ေသဆုံးသူတစ္ဦးလွ်င္ (၅) သိန္းစီေထာက္ပံ့ေပးအပ္ ခဲ့ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွယ့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာန(လူကယ္ျပန္ဝန္ႀကီးဌာန)၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး က ယေန႔(ဇူလိုင္ ၅) မြန္းလြဲပိုင္းတြင္ ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွ ေရးသားေဖာ္ျပခဲ့သည္။


“ဒဏ္ရာရသူတစ္ဦးကိုေငြက်ပ္ ၂ သိန္း၊ ေသဆုံးသူတစ္ဦးအတြက္ ေငြက်ပ္ ၅ သိန္း၊ စုစုေပါင္း စာရင္း အရ ေသဆုံးသူ ၁၇၄ ဦး၊ ဒဏ္ရာရ ၅၄ဦး တို႔အတြက္ ေထာက္ပံ့ေငြက်ပ္ ၉၇၈ သိန္း ျဖစ္ပါတယ္။ ကိုယ္တိုင္ေတြ႕ဆုံခြင့္ရၿပီး ဒဏ္ရာရ ၃၄ ဦး၊ ေသဆုံးသူမ်ားရဲ႕ က်န္မိသားစုဝင္ ၁၆ ဦး တို႔အား အားေပးေထာက္ပံ့ခဲ့ပါတယ္။ ကယ္ဆယ္ေရး ေဆာင္႐ြက္ေပးခဲ့ေသာလူမႈအဖြဲ႕မ်ားကိုလည္း က်ပ္သိန္း ၁၁၀ ေထာက္ပံ့ခဲ့ပါတယ္”ဟု ေဒါက္တာဝင္းျမတ္ေအးက ေရးသားေဖာ္ျပခဲ့သည္။


ယင္းေထာက္ပံ့ေငြမ်ားမွာ အမ်ိဳးသား သဘာဝေဘးအ ႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈေကာ္မတီႏွင့္ လူကယ္ျပန္ ဝန္ႀကီးဌာနတို႔က ေထာက္ပံ့‌ေပးအပ္သည့္ ေငြမ်ားျဖစ္ေၾကာင္း ၎၏ ေရးသားေဖာ္ျပခ်က္အရ သိရသည္။

ဒဏ္ရာရသူမ်ားတြင္ အ႐ိုးက်ိဳးေၾကျခင္း၊ ေရမြန္းျခင္း၊ ကိုယ္ခႏၶာ စုတ္ၿပဲပြန္းပဲ့ ထိခိုက္ျခင္းအမ်ားဆုံးျဖစ္သည္ကို ေတြ႕ရသည္ဟုလည္း ဆိုသည္။



၎ကဆက္လက္၍” ကြၽန္ေတာ္တို႔ ေထာက္ပံ့ခဲ့တဲ့ႏိုင္ငံေတာ္ေငြဟာ ျပည္သူ႔ေငြျဖစ္လို႔ဒုကၡခံစား ေနရေသာျပည္သူမ်ားအတြက္ ျပည္သူမွျပည္သူသို႔ ကူညီျခင္းျဖင့္ကုသိုလ္ရယူခဲ့ျခင္းျဖစ္ပါတယ္။ ျဖစ္စဥ္ကိုေလ့လာခြင့္ရၿပီး ျဖစ္ပြားရာေနရာကိုလည္း ေရာက္ရွိခဲ့လို႔လြန္စြာစိတ္မေကာင္းျခင္း၊ ဝမ္းနည္းျခင္းနဲ႔ စာနာျခင္းမ်ားခံစားရပါတယ္။ ေနာင္မျဖစ္ပြားေစဖို႔ အားလုံး ကိုယ္ခ်င္းစာစိတ္ ေမတၱာစိတ္ေတြနဲ႔ တရားဥပေဒစိုးမိုးေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ၾကရပါမယ္”ဟု ေရးသားေဖာ္ျပခဲ့သည္။

လုံးခင္း၊ ဖားကန႔္ရတနာနယ္ေျမအတြင္း ေျမၿပိဳက်မႈ ျဖစ္စဥ္ႏွင့္ စပ္လ်ဥ္း၍ စုံစမ္းစစ္ေဆးေရး အဖြဲ႕ကို သမၼတ႐ုံးက အမိန႔္ေၾကာ္ျငာစာအမွတ္၊ ၈၄/၂၀၂၀၊ ဇူလိုင္ ၃ ရက္စြဲျဖင့္ ဖြဲ႕စည္းထားခဲ့သည္။

ဖားကန႔္တြင္ ေျမၿပိဳမႈမ်ားမွာ မၾကာခဏျဖစ္ပြားေလ့ ရွိၿပီး ယခုတစ္ႀကိမ္ေျမၿပိဳမႈတြင္ လူေသဆုံးမႈ ႏွင့္ ထိခိုက္ဒဏ္ရာရရွိမႈ အမ်ားဆုံးျဖစ္ခဲ့ေၾကာင္း သိရသည္။

မင္းထင္

Post a Comment

Previous Post Next Post