(Unicode)


တရုတ်ကဝင်ရောက်လာတဲ့”ဒီဘီယာတွေသောက်သုံးရင် ကျန်းမာရေးထိခိုက်မှုရှိ၊ မရှိထက် မှောင်ခိုပစ္စည်းဖြစ်တဲ့အတွက် မသောက်သင့် ဘူးပေါ့။ ဒါကို ကျွန်တော်တို့ တရားမဝင် ကုန်သွယ်ရေးတားဆီးမှုကော်မတီပူးပေါင်းအဖွဲ့တွေနဲ့ စိစစ်နေကြတယ်”ဟု စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆွေ တင့်ကြူးက ပြောဆိုလိုက်သည်။တရားမဝင် ဘီယာများကို ယမကာအရောင်းဆိုင်များ၊ ဈေးဆိုင်များနှင့် အိမ်ဆိုင်များတွင် ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ယစ်မျိုးဥပဒေအရ အရေးယူနိုင်ကြောင်း သိရသည်။

လက်ရှိ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဆင်နှင့်နဂါးတံဆိပ် ဘီယာများ သာမက အခြားအမည်မျိုးစုံနှင့် တရုတ်ဘီယာအမျိုးအ စား ၂ဝ ခန့် ဝင်ရောက် နေသည်မှာ တနှစ်ကျော်ခန့် ရှိပြီ ဖြစ်ကြောင်း ဒေသခံပြည်သူ များထံမှ သိရသည်။ ရှမ်းပြည်နယ်နှင့် ကယားပြည် နယ်တို့တွင် တရုတ်ပြည်နယ်စပ်ဂိတ်များမှတဆင့် မှောင်ခိုသယ်ဆောင်၍ ရောင်းချနေသည့် တိရစ္ဆာန်ရုပ်ပုံမျိုးစုံပုံပါ ဘီယာများကို နယ်စပ် ဂိတ်များနှင့် ရပ်ကွက်အိမ်ဆိုင်များပါမကျန် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း စိစစ်အရေးယူ သွားမည်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။



ယင်းဘီယာများသည် တရုတ်နိုင်ငံဘက်မှ မှောင်ခိုဝင်ရောက်ပြီး ဘူးများပေါ် တွင် ဆင်၊ ခြင်္သေ့၊ နဂါး တိရစ္ဆာန်ရုပ်ပုံ တံဆိပ် အမျိုးမျိုးပါရှိ၍ ဘီယာတဘူး ငွေကျပ် ၅ဝဝ ဖြင့် ရောင်းချလျက်ရှိကာ တောင်ကြီးမြို့နှင့် အနီးတဝိုက် မြို့နယ်များဖြစ်သည့် ကလော၊ အောင်ပန်း၊ ညောင် ရပ်စောက်၊ ဟိုပုံး၊ ဖယ်ခုံ၊ လွိုင်ကော် မြို့နယ်များအထိ ပျံ့နှံ့နေကြောင်း ယင်းဒေသတွင်း နေထိုင်သူများထံမှ သိရသည်။လောလောဆယ်က ကိုဗစ်ကာလဖြစ်နေတဲ့အတွက် အချိန်ကာလတခုသတ်မှတ်ပြီး ပြည်နယ်နဲ့ တိုင်းအလိုက် ချိတ်ဆက်ပြီး တရားမဝင်ကုန်သွယ်မှု တားဆီး ရေးကော်မတီက စိစစ်ဖို့လုပ်နေတယ်။

နယ်စပ်ဂိတ် ၆ ခုလုံးမှာ ပူးပေါင်းအဖွဲ့တွေချထားပြီး စစ်ဆေးနေတယ်။ အခြားအိမ်ဆိုင်လေးတွေမှာလည်း တင်ရောင်းနေ ကြတာရှိတာ ပေါ့။ ဒီကာလမှာ စီးပွားရေးကျပ်တည်းနေကြတာဆိုတော့ ကျွန်တော်တို့ဘက်က ပြန် ကြည့်ပေးတဲ့သဘောပါ။ သို့ သော် စစ်ဆေးလို့ တွေ့ ရင်တော့ ဥပဒေအတိုင်းအရေးယူ မှာပါ”ဟု လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောသည်။ တရုတ် ပြည်မှလာသည့် တရားမဝင် ဘီယာများသည် မည်သို့ချက်လုပ်ပြီး မည်သည့် ကုန်ကြမ်း ပစ္စည်းများကို အသုံး ပြုထားကြောင်း မသိနိုင်ခြင်း ကြောင့် ရေရှည်တွင် ကျန်းမာရေး ဆိုးကျိုးများဖြစ်ပေါ်လာနိုင်မည်ကို သတိပြုရန်လိုကြောင်း ပြောသည်။

REF: NEWS WATCH


(Zawgyi)


တ႐ုတ္ကဝင္ေရာက္လာတဲ့”ဒီဘီယာေတြေသာက္သုံးရင္ က်န္းမာေရးထိခိုက္မႈရွိ၊ မရွိထက္ ေမွာင္ခိုပစၥည္းျဖစ္တဲ့အတြက္ မေသာက္သင့္ ဘူးေပါ့။ ဒါကို ကြၽန္ေတာ္တို႔ တရားမဝင္ ကုန္သြယ္ေရးတားဆီးမႈေကာ္မတီပူးေပါင္းအဖြဲ႕ေတြနဲ႔ စိစစ္ေနၾကတယ္”ဟု စားသုံးသူေရးရာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးဦးေဆြ တင့္ၾကဴးက ေျပာဆိုလိုက္သည္။တရားမဝင္ ဘီယာမ်ားကို ယမကာအေရာင္းဆိုင္မ်ား၊ ေစ်းဆိုင္မ်ားႏွင့္ အိမ္ဆိုင္မ်ားတြင္ ေရာင္းခ်ေနသည္ကို စစ္ေဆးေတြ႕ရွိပါက ယစ္မ်ိဳးဥပေဒအရ အေရးယူႏိုင္ေၾကာင္း သိရသည္။

လက္ရွိ ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ဆင္ႏွင့္နဂါးတံဆိပ္ ဘီယာမ်ား သာမက အျခားအမည္မ်ိဳးစုံႏွင့္ တ႐ုတ္ဘီယာအမ်ိဳးအ စား ၂ဝ ခန႔္ ဝင္ေရာက္ ေနသည္မွာ တႏွစ္ေက်ာ္ခန႔္ ရွိၿပီ ျဖစ္ေၾကာင္း ေဒသခံျပည္သူ မ်ားထံမွ သိရသည္။ ရွမ္းျပည္နယ္ႏွင့္ ကယားျပည္ နယ္တို႔တြင္ တ႐ုတ္ျပည္နယ္စပ္ဂိတ္မ်ားမွတဆင့္ ေမွာင္ခိုသယ္ေဆာင္၍ ေရာင္းခ်ေနသည့္ တိရစာၦန္႐ုပ္ပုံမ်ိဳးစုံပုံပါ ဘီယာမ်ားကို နယ္စပ္ ဂိတ္မ်ားႏွင့္ ရပ္ကြက္အိမ္ဆိုင္မ်ားပါမက်န္ သက္ဆိုင္ရာဌာနဆိုင္ရာ တာဝန္ရွိသူမ်ားပူးေပါင္း စိစစ္အေရးယူ သြားမည္ျဖစ္ေၾကာင္း စီးပြား ေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ကုန္သြယ္ေရးဦးစီးဌာနမွ သိရသည္။

ယင္းဘီယာမ်ားသည္ တ႐ုတ္ႏိုင္ငံဘက္မွ ေမွာင္ခိုဝင္ေရာက္ၿပီး ဘူးမ်ားေပၚ တြင္ ဆင္၊ ျခေသၤ့၊ နဂါး တိရစာၦန္႐ုပ္ပုံ တံဆိပ္ အမ်ိဳးမ်ိဳးပါရွိ၍ ဘီယာတဘူး ေငြက်ပ္ ၅ဝဝ ျဖင့္ ေရာင္းခ်လ်က္ရွိကာ ေတာင္ႀကီးၿမိဳ႕ႏွင့္ အနီးတဝိုက္ ၿမိဳ႕နယ္မ်ားျဖစ္သည့္ ကေလာ၊ ေအာင္ပန္း၊ ေညာင္ ရပ္ေစာက္၊ ဟိုပုံး၊ ဖယ္ခုံ၊ လြိဳင္ေကာ္ ၿမိဳ႕နယ္မ်ားအထိ ပ်ံ႕ႏွံ႔ေနေၾကာင္း ယင္းေဒသတြင္း ေနထိုင္သူမ်ားထံမွ သိရသည္။ေလာေလာဆယ္က ကိုဗစ္ကာလျဖစ္ေနတဲ့အတြက္ အခ်ိန္ကာလတခုသတ္မွတ္ၿပီး ျပည္နယ္နဲ႔ တိုင္းအလိုက္ ခ်ိတ္ဆက္ၿပီး တရားမဝင္ကုန္သြယ္မႈ တားဆီး ေရးေကာ္မတီက စိစစ္ဖို႔လုပ္ေနတယ္။

နယ္စပ္ဂိတ္ ၆ ခုလုံးမွာ ပူးေပါင္းအဖြဲ႕ေတြခ်ထားၿပီး စစ္ေဆးေနတယ္။ အျခားအိမ္ဆိုင္ေလးေတြမွာလည္း တင္ေရာင္းေန ၾကတာရွိတာ ေပါ့။ ဒီကာလမွာ စီးပြားေရးက်ပ္တည္းေနၾကတာဆိုေတာ့ ကြၽန္ေတာ္တို႔ဘက္က ျပန္ ၾကည့္ေပးတဲ့သေဘာပါ။ သို႔ ေသာ္ စစ္ေဆးလို႔ ေတြ႕ ရင္ေတာ့ ဥပေဒအတိုင္းအေရးယူ မွာပါ”ဟု လြိဳင္ေကာ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန တာဝန္ရွိသူတဦးက ေျပာသည္။ တ႐ုတ္ ျပည္မွလာသည့္ တရားမဝင္ ဘီယာမ်ားသည္ မည္သို႔ခ်က္လုပ္ၿပီး မည္သည့္ ကုန္ၾကမ္း ပစၥည္းမ်ားကို အသုံး ျပဳထားေၾကာင္း မသိႏိုင္ျခင္း ေၾကာင့္ ေရရွည္တြင္ က်န္းမာေရး ဆိုးက်ိဳးမ်ားျဖစ္ေပၚလာႏိုင္မည္ကို သတိျပဳရန္လိုေၾကာင္း ေျပာသည္။

REF: NEWS WATCH

Post a Comment

Previous Post Next Post